ကျူးကျော်စလစ်အား လက်ရှိအချိန်ကာလတွင် တစ်ဆင့်ပြန်လည်ရောင်းချမှုများရှိနေပြီး ထိုကဲ့သို့တစ်ဆင့်ပြန်လည်ရောင်းချမှုများသည် သတ်မှတ်စည်းကမ်းကိုကျော်လွန်နေကြောင်းနှင့် အရေးယူခံရနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှပြောသည်။
" ကျူးစမတ်ကတ်တစ်ကတ်ကို ဆယ်သိန်း ဆယ်ငါးသိန်းအထိပေါက်ဈေးရှိတယ်လို့ ကျွန်တော်တို့ကြားရပါတယ်။ပေါင်တယ်ဆိုရင်နှစ်သိန်းရတယ်။သုံးသိန်းရတယ်ဆိုတဲ့ အသံတွေကြားနေရပါတယ်။ အဲလောက်ဒီဖြစ်နေကြပြီး။ ဒီစမတ်ကဒ်တွေက ရောင်းလို့လဲမရဘူး။ပေါင်လို့လည်းမရဘူး။ဝယ်ရင်လည်း ၀ယ်သူအရှုံးလို့ပြောထားတဲ့ကြားက ယနေ့အချိန်အထိ ရောင်းတယ်၊ပေါင်းတယ်၊၀ယ်သူလည်းရှိတယ်။ ဒါတွေကိုပြောထားတဲ့ကြားထဲက ဒါတွေလုပ်တယ်။ ဒုက္ခလည်းရောက်ရော ကိုယ်စားလှယ်တွေဆီလာပြီး ကယ်ပါအုန်းဆိုတော့ ကျွန်တော်တို့ လုပ်ကိုင်ရတဲ့ အဆင်မပြေတာတွေရှိတယ်"ဟု တောင်ဒဂုံလွှတ်တော်ကိုယ်စားလှယ် ဦးညီညီမှ ပြောဆိုသည်။
ကျူးကျော်သို့မဟုတ် အိမ်ယာမဲ့ ပြည်သူများအတွက် စမတ်ကတ်များ ထုတ်ပေး၍ ရန်ကန်တိုင်းဒေသကြီးအစိုး၇အနေဖြင့် ယင်းတို့အား ပြန်လည်နေရာချထားရေးဆောင်ရွက်နေကြောင်း အဆိုပါထုတ်ပေးထားသည့် စမတ်ကတ်များအား ရောင်းစားပေါင်စား၍ မရကြောင်းသတိပေးပြောဆိုထားကြောင်း ဦးညီညီက အသိပေးပြောဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ၃၇ မြို့နယ်တွင် ကျူးကျော်နေထိုင်သူများစာရင်းကို ၂၀၁၆ ခုနှစ် စက်တင် ဘာလမှ ၂၀၁၇ ခုနှစ် ဇူလိုင်လအထိ ဆယ်လအချိန်ယူကာ ရန်ကုန်တိုင်းဒေသကြီး အစိုးမှကောက်ယူ ခဲ့ပြီး ယင်း ၃၇ မြို့နယ်တွင် ကျူးကျော်အိမ်ထောင်စု တစ်သိန်းခြောက်သောင်း ကျော် တွင် ကျူးကျော် နေထိုင်သူစုစုပေါင်းလူဦးရေ လေးသိန်းခွဲအားကျူးကျော်ဖြစ်ကြောင်း သက်သေခံ စမတ်ကတ်များ ထုတ်ပေးခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှသိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com