မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအသက်ဝင်ပြီးနောက်ကုမ္ပဏီဆိုင်ရာ မှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့် ငွေပေးချေမှုအားလုံးကို Online ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်းရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ပြောကြားကြောင်းသိရသည်။
ကုမ္ပဏီများ ဥပဒေသည် ၂ဝ၁၈ ခုနှစ်သြဂုတ်ဘ ၁ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ပြီးယင်းဥပဒေအသက်ဝင်ရန်အတွက် လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများကို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်းသိရသည်။
၂ဝ၁၈ ခုနှစ် သြဂုတ် ၁ ရက်တွင် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေစတင်အာဏာတည်ပြီး အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင် စနစ်သစ် Myanmar Companies Online (MyCo)အားစတင်ကျင့်သုံးမည်ဖြစ်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ကုမ္ပဏီရေးရာဌာနခွဲအနေဖြင့် ၂ဝ၁၈ခုနှစ် ဇူလိုင် ၂၃ ရက်မှစတင်ကာ ဇူလိုင် ၃၁ရက် အထိလုပ်ငန်းများ ခေတ္တရပ်နားထားမည်ဖြစ်ပြီးကုမ္ပဏီဆိုင်ရာမှတ်ပုံတင်လုပ်ငန်းများကို ၂ဝ၁၈ ခုနှစ် သြဂုတ် ၁ရက်တွင် MyCo နှင့် အတူပြန်လည်ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ကုမ္ပဏီဥပဒေတင်အသက်ဝင်တာ မဟုတ်ပါဘူး ကုမ္ပဏီဥပဒေနှင့် ဆက်စပ်ပြီး လုပ်ကိုင်မည့် မှတ်ပုံတင်စနစ် MyCo ပေါ့။သြဂုတ် ၁ရက်နေ့မှ စပြီး MyCo ကလည်းအသက်ဝင်လာမည်ဖြစ်သည်။
သြဂုတ် ၁ရက်မှ စပြီး ကုမ္ပဏီမှတ်ပုံတင်လိုသော လုပ်ငန်းရှင်များအနေနှင့် ရုံးကို လာစရာမလိုတော့ပေ။မိမိ မိုဘိုင်းဖုန်းမှ ကုမ္ပဏီမှတ်ပုံတင်၍ ရသွားမည်ဖြစ်သည်။
ကုမ္ပဏီမှတ်ပုံတင်ခြင်းတစ်ခုတည်းကိုသာ အွန်လိုင်းဖြင့် ခွင့်ပြုခြင်းမဟုတ်ပဲ ကုမ္ပဏီမှတ်ပုံတင်ကြေးပေးသွင်းခြင်း၊ကုမ္ပဏီ နှင့်ပတ်သက်သည့် ဝန်ဆောင်ခ ပေးသွင်းခြင်း စသည်တို့ကို မည်သည့်ကတ်မဆိုအသုံးပြုကာ online မှ ဆောင်ရွက်နိုင်ကြောင်းသိရသည်။
နောက်တစ်ဆင့် ထပ်ညှိနေသည်က Mobile Payment နှင့် ယူ၍ ရအောင်စီစဉ်နေသည်။
၈လပိုင်း ၁ရက်နေ့စသုံးသည့်အချိန်မှာတော့ Mobile Payment မရသေးပေ။မည်သည့်ကတ်မဆို MPU,VISA,Credit Card,Debit Card စသဖြင့် အကုန်သုံး၍ ရသည်။
Payment အားလုံးသည် အွန်လိုင်းဖြစ်သည်။မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ စတင်အာဏာတည်သည့် ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၁ရက်နေ့မှ စ၍ ကုမ္ပဏီဆိုင်ရာ မှတ်ပုံတင်လုပ်ငန်းများကိုအီလက်ထရောနစ် မှတ်ပုံတင်စနစ် Myanmar Companies Online (MyCo)ဖြင့်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ ၁၉၁၄ သို့မဟုတ် ၁၉၅ဝ ပြည့်နှစ် အထူးကုမ္ပဏီ အက်ဥပဒေတို့နှင့်မှတ်ပုံတင်ထားသော တည်ဆဲကုမ္ပဏီများ၊အသင်းအဖွဲ့များ၊အဖွဲ့အစည်းများအားလုံးသည် ၂ဝ၁၈ ခုနှစ် သြဂုတ်၁ရက်နေ့မှ စ၍ ၂ဝ၁၉ ခုနှစ်ဇန်နဝါရီ ၃၁ ရက်အထိ ခြောက်လကာလအတွင်း ကုမ္ပဏီမှတ်ပုံတင်စနစ် သစ် MYCO တွင်သတ်မှတ်ပုံစံနည်းလမ်းများအတိုင်းပြန်လည် မှတ်ပုံတင်ကြပါရန် ထုတ်ပြန်ထားသည်။
Credit : Daily Eleven