မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ပိုင်ဆိုင်သော လှိုင်မြို့နယ်၊အမှတ်(၃) ရပ်ကွက်လှိုင်ဘူတာရုံလမ်းရှိ အကျယ်(သုံးဧကခွဲ)ခန့်ရှိ ဆိပ်ကမ်းမြေနှင့် ၎င်းမြေပေါ်တွင် တည်ဆောက်ထားသောအလျား ၁၆ဝပေ အနံ ၈၇ ပေရှိသော GEM အဆောက်အအုံဟောင်းတို့ကို မြေနှင့်တကွ ငါးနှစ် အငှားချထားလိုပါသဖြင့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါ တင်သွင်းရန်ဖိတ်ခေါ်ထားကြောင်းသိရသည်။
တင်ဒါ ပုံစံရောင်းချမည့် ရက်မှာ (၂.၇.၂ဝ၁၈)ဖြစ်ပြီး ရုံးချိန်အတွင်း ဝယ်ယူနိုင်သည်။
တင်ဒါနောက်ဆုံးတင်သွင်းရမည့် ရက်မှာ (၃၁.၇.၂ဝ၁၈)ဖြစ်ပြီး နေ့လည် ၁နာရီ တွင် ဖြစ်သည်။
တင်ဒါဖွင့်ဖောက်မည့် ရက်မှာ (၃၁.၇.၂ဝ၁၈) နေ့လည် ၂ နာရီ တွင်ဖြစ်သည်။
တင်ဒါရောင်းချမည့်နေရာ နှင့် တင်ဒါတင်သွင်းရမည့်နေရာမှာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ကုန်လုပ်ငန်းဌာန၊ဒုတိယအထွေထွေမန်နေဂျာ(ရုံး)မြန်မာ့အာမခံ(ရုံးချုပ်) နှင့်မျက်နှာချင်းဆိုင်(ဆူးလေဘုရားလမ်းနှင့် ကမ်းနားလမ်းထောင့်အနီး၊ကွန်ကရစ်လမ်းမကြီး)တွင် ဖြစ်သည်။
အသေးစိတ်အချက်အလက်များ သိရှိလိုပါ ဖုန်း ဝ၁-၃၇၂၁၅၇၊ဝ၉၄၄၁၈၇၆ဝ၄ဝ၊ ဝ၉၅ဝ၄၈၅၅၁ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Credit :Myanmar Alinn