ရိုးမအုပ်စုက အိမ်ခြံမြေစီးပွားရေးလုပ်ငန်းကို YOMA Land အဖြစ် ဖွဲ့စည်း

ရိုးမအုပ်စုက အိမ်ခြံမြေစီးပွားရေးလုပ်ငန်းကို YOMA Land အဖြစ် ဖွဲ့စည်း - Property News in Myanmar from iMyanmarHouse.com
28 Jun 2018 12:11 pm တွင် တင်ခဲ့သည်
2724 ကြိမ် ကြည့်ရှု့ပြီး
ရိုးမ မဟာဗျူဟာ ဦးပိုင်လီမိတက်နှင့် ဖတ်စ်မြန်မာ အင်ဗက်စ်မန့်တို့လက်အောက်ရှိ အိမ်ခြံမြေလုပ်ငန်းများကို အထူးပြုလုပ်ဆောင်မည့် လုပ်ငန်းအဖြစ် YOMA Land ကို ဖွဲ့စည်းလိုက်ကြောင်း အဆိုပါကုမ္ပဏီအုပ်စုက ထုတ်ပြန်သည်။

"ကျွန်တော်တို့ရဲ့ အိမ်ခြံမြေ စီးပွားရေးလုပ်ငန်းတွေကို YOMA Land လို့ အမည်ရတဲ့ အမှတ်တံဆိပ်အောက်မှာ တစ်စုတစ်စည်းတည်းထားရှိသွားမှာဖြစ်ပါတယ်။ ဖောက်သည်တွေအနေနဲ့ ဒီအမှတ်တံဆိပ်ကို အိမ်ခြံမြေစီးပွားရေးတွေကို ဦးစိုက်လုပ်ဆောင်သူအဖြစ် သိရှိလာပြီး စီမံကိန်းများ အကြောင်းကို ပိုမိုရှင်းလင်းစွာ သိနိုင်မှာဖြစ်ပါတယ်"ဟု YOMA Land ၏ မန်နေးဂျင်းဒါရိုက်တာ မစ္စတာ ဆိုင်းရပ်စ်ပွန်က ဆိုသည်။

YOMA Land ၏လက်အောက်တွင် အိမ်ခြံမြေစီမံကိန်းများဖြစ်သည့် ပန်းလှိုင်အိမ်ရာ၊ စတားစီးတီးအိမ်ရာနှင့် ရိုးမစင်ထရယ်တို့ ပါဝင်သွားမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် ယခုကဲ့သို့ တန်ဖိုးမြင့် အိမ်ရာများအပြင် တန်ဖိုးသင့်နှင့်တန်ဖိုးနည်း အိမ်ရာများကိုလည်း ဆောက်လုပ်သွားနိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း မစ္စတာပွန်ကပြောသည်။

ယခုနှစ်ကုန်ပိုင်းတွင် တန်ဖိုးသင့် အိမ်ရာစီမံကိန်းတစ်ခုကို စတင်မိတ်ဆက် သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

အမှန်တကယ် အိမ်ရာလိုအပ်သူများ ဝယ်ယူနိုင်စေရန်အတွက် ၎င်းတို့ အနေဖြင့် ငွေပေးချေမှုအပိုင်းနှင့် အိမ်ရာ တန်ဖိုးသတ်မှတ်သည့်အပိုင်းတို့တွင် စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ပြီး ပေးဆောင်ရသည့်တန်ဖိုးနှင့် ကိုက်ညီသည့် အရည်အသွေးရှိသော ပစ္စည်းများကို အသုံးပြု တည်ဆောက် သွားမည်ဖြစ်ကြောင်းလည်း သူကပြောသည်။

ဆူးလေဘုရားလမ်းနှင့် ဗိုလ်ချုပ် အောင်ဆန်းလမ်းထောင့်ရှိ ရိုးမစင်ထရယ် စီမံကိန်းအတွင်းက ၁၀ ဧကကျယ်သည့် အဆင့်မြင့်ဇိမ်ခံအိမ်ခန်း ၉၆ ခုပါရှိသော ပင်နီဆူလာရန်ကုန်စီမံကိန်းကို မတ်လအတွင်းက စတင်ရောင်းချနေပြီ ဖြစ်သည်။

ယင်းအပြင် YOMA Land ၏လက်အောက်တွင် ပါဝင်သော စတားစီးတီးအိမ်ရာတွင် လူနေအိမ်ပေါင်း ၂çဝ၀ဝ ကျော်ကို ရောင်းချထားပြီးဖြစ်ကာ ဂလက်ဇီတာဝါတွင် တာဝါခြောက်ခုရှိပြီး ရောင်းချရန် လူနေအိမ် ခန်းပေါင်း ၁çဝ၃၈ ခန်း ပါဝင်မည်ဖြစ်ကြောင်းလည်း သိရသည် ။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service