စစ်ကိုင်းတိုင်းဒေ သကြီး မုံရွာမြို့ နန္ဒဝန်ရပ်ကွက် တွင် အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းဆောက်ရန်အတွက် လယ်ယာမြေများ လှူဒါန်းထား သော တောင်သူများသည် ပြန်ပေး မည့်အစားထိုးမြေနေရာများ လက် ဝယ်မရသေး၍ အခက်တွေ့နေ ကြောင်း သိရသည်။
မုံရွာမြို့တွင်အားကစားသိပ္ပံ ကျောင်းကို ၂၀၁၃ ခုနှစ်က တည် ဆောက်ခဲ့ပြီး ထိုစဉ်ကတောင်သူ ၂၃ ဦး၏ မြေဧက ၅၀ ကျော်ကို တစ်ဝက်လှူ၊ တစ်ဝက်ပြန်ပေးစနစ် ဖြင့် မုံရွာခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနနှင့် တောင်သူများ ညှိနှိုင်းသဘောတူညီခဲ့ပြီးမြေလှူ သော တောင်သူများအတွက် အားကစားသိပ္ပံကျောင်းအနီးတွင် လျှပ်စစ်မီးသွယ်တန်းခြင်း၊ လမ်းခင်း ပေးခြင်းများနှင့်အတူ မြေဧကတစ် ဧကလှူပါက ပေ၆၀_ ၈၀ အကျယ် အဝန်းမြေသုံးကွက်ပြန်ရိုက်ပေးမည် ဟု သဘောတူထားကြောင်း တောင် သူများထံမှ သိရသည်။
""အားကစားသိပ္ပံက ဖွင့်ပြီး တာတောင် နှစ်နှစ်ကြာပြီ၊ ပြန်ပေး မယ်ပြောတဲ့ မြေတွေကဘယ်နေရာ မှာရမယ်ဆိုတာ အတိအကျမသိ ဘူး။ တချို့တစ်ဝက်ပဲ မြေဂရန်ရ သေးတာ၊ အကုန်မရသေးဘူး။ ဘယ်နေရာက ဘယ်သူ့မြေကွက် ဆိုတာကို တိတိကျကျပြောပေး သင့်တယ်။ အဲဒီတုန်းကမလှူရင် လည်း သိမ်းမှာဆိုတော့လှူလိုက် ရတာ။ ကိုယ့်ဝင်းမြေလည်း ဈေး တက်မှာဆိုတော့ သဘောတူလိုက် တယ်""ဟု မြေခုနစ်ဧကလှူဒါန်းခဲ့ သော တောင်သူကပြောသည်။
မြေလှူထားသူ တောင်သူ ၂၃ ဦးအနက်တွင် ငါးဦးသာဂရန်အ ထောက်အထားနှင့်တကွ ရရှိနေပြီး တောင်သူအချင်းချင်းမြေနေရာ အ ငြင်းပွားမှုများ ရှိနေကြောင်း၊ ပြန် လည်ပေးအပ်မည့် မြေများကိုဧက အလိုက် အကွက်များရိုက်နေပြီး လုပ်ငန်းပြီးပါက တောင်သူများထံ စာရွက်စာတမ်းနှင့်တကွ လက် ရောက်ပေးသွားရန် မြေနေရာချထား ရေးကော်မတီနှင့်အတူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြေစာရင်းရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
အဆိုပါအစားထိုးမြေနေရာ ပြန်ပေးမည့် ကိစ္စနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရနှင့် မြို့မိ၊ မြို့ဖတို့မှ တာဝန်ယူတည် ဆောက်ပေးရန် တောင်သူ ၂၃ ဦး နှင့်မြို့နယ် စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့ နယ်စည်ပင်သာယာရေးဌာန၊ မြို့မိ မြို့ဖများနှင့် လက်မှတ်ရေးထိုးသ ဘောတူထားခဲ့ခြင်းဖြစ်ကြောင်း သိ ရသည်။
Credit: Democracytoday