ဟောင်ကောင်အနေနဲ့ ကမ္ဘာပေါ်က ဈေးအကြီးဆုံး ရုံးဈေးကွက်အဖြစ်
နောက်ထပ်တစ်နှစ်အဖြစ် ဆက်လက်ရပ်တည်နေလျက်ရှိပါတယ်။
ယင်းမြို့က စရိတ်စက ခေါင်ခိုက်လွန်းတယ်လို့ နာမည်ကြီးတဲ့Central district မှာ ဆိုရင် ငှားရမ်းခ၊ အခွန်အကောက်နဲ့ service charges တွေအပါအ၀င် နေထိုင်မှု စရိတ်စကဟာလန်ဒန်ရဲ့ West End နဲ့ ယှဉ်ရင် ၃၀ ရာခိုင်နှုန်း ပိုမိုမြင့်မားနေလျက်ရှိကြောင်း CBRE Group Inc က ကောက်ယူတဲ့ စစ်တမ်း
တစ်ရပ်မှာ ဖော်ပြထားပါတယ်။
ယင်းစစ်တမ်းအရ လန်ဒန်ရဲ့ West End ကတော့ ကမ္ဘာ့ ဒုတိယဈေးအမြင့်ဆုံး ရုံးခန်းဈေးကွက်အဖြစ် ရပ်တည်နေပါတယ်။
ခုလိုမျိုး ဟောင်ကောင်ရဲ့ Central district ဟာ ပြိုင်ဘက်တွေကိုကျော်လွန်ပြီး ကမ္ဘာ့ စရိတ်စကအမြင့်ဆုံး ရုံးဈေးကွက်အဖြစ် ရပ်တည်နိုင်ခဲ့တာဟာ ဒါနဲ့ ဆိုရင် သုံးနှစ်ဆက်တိုက် ရှိနေပြီ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာလည်းပဲ တစ်ချိန်က နာမည်ဂုဏ်သတင်းကြီးခဲ့တဲ့ Midtown Manhattan ဆိုရင် ယခုနှစ် စာရင်းမှာ ထိပ်ဆုံး ငါးနေရာထဲမှာ မပါနိုင်ဘူးလို့လည်း သိရပါတယ်။
ကမ္ဘာတစ်ဝှမ်းမှာတော့ ယခုနှစ်ပထမသုံးလပတ်အတွင်းရုံးခန်းနေရာငှားရမ်းခ ကုန်ကျမှုဟာ ယခင်နှစ်ကထက် ၂ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့လည်း သိရပါတယ်။
Credit: Bangkokpost