သိန်းတစ်ထောင်ဝန်းကျင်မြေကွက်နှင့် အိမ်ပါ အဆာက်အဦးများ မြောက်ဒဂုံမြို့နယ်အတွင်းအရောင်းအ၀ယ်ဖြစ်လျက်ရှိကြောင်း မြန်မာနိုင်ငံ အိမ် ခြံ မြေ ၀န်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။
”” အရောင်းအ၀ယ်တွေ တက်လာတယ်။ လက်ရှိကတော့ ၀ယ်သူဈေးကွက်ပေါ့။တစ်ချို့တွေလည်း အောက်ဈေးတွေနဲ့ဝယ်ကြတယ်။မြောက်ဒဂုံဘက်မှဖြစ်တယ်။တကယ်လိုချင်တဲ့သူတွေကတော့ ဖြစ်တာပေါ့။သိန်း ရှစ်ရာ နဲ့ ထောင့်နှစ်ရာကြားဖြစ်တယ်။ HomeLone တွေနဲ့ စုံစမ်းကြတယ်လေ။ဒီနောက်ပိုင်း HomeLone တွေက တော်တော်လေးကို အလုပ်ဖြစ်လာတယ်။ ”””ဟု ၎င်းမှပြောပြသည်။
လက်ရှိတွင် ဈေးကွက်မှာ ၀ယ်သူစိတ်ကြိုက်ဈေးကွက်ဖြစ်နေပြီး လိုက်လံဝယ်ယူသူအချို့မှာ ၎င်းတို့စိတ်ကြိုက်ဈေးဖြင့် ၀ယ်ယူနိုင်သည့် နေရာများကိုသာ
ပစ်မှတ်ထားရွေးချယ်လာကြောင်းလည်း သိရသည်။
အိမ် ခြံ မြေ ဈေးကွက်အတွင်း ဈေးကွက်အေးစက်မှုကြာဖြင့်နေရာမှ ယခုကဲ့
သို့ အရောင်းအ၀ယ်ပြန်လည်ဖြစ်ထွန်းလာခြင်းသည် အပေါင်းလက္ခဏာဆောင်သော အခြေအနေတစ်ရပ်ပင်ဖြစ်ကြေင်းလည်း အိမ် ခြံ မြေအကျိုးဆောင်များက သုံးသပ်ပြောဆိုသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com