တန်ဖိုးနည်းတိုက်ခန်း မဲပေါက်သူများ၏လာမည့် ဇူလိုင်လတွင်အပြီးသတ်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အိမ်ရာများရောင်းချရေးကော်မတီမှ
သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အဆိုပါ တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းများကို ဇွန်လ ၂၅ရက်နေ့တွင်မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုး ရေးဦးစီးဌာနရုံးတွင် မဲနှိုက်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ခန်းဝယ်ယူခွင့်ဖောင်များကို လာရောက်လျှောက်ထားသူ ခြောက်ထောင်ကျော်ရှိခဲ့ပြီး တိုင်းအစိုးရ အဖွဲ့မှ တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းပေါင်း ၈၆၂ခန်းကိုရောင်းချပေးခဲ့ခြင်းဖြစ် သည်။တန်ဖိုးနည်း၊တန်ဖိုးသင့်တိုက်ခန်းများကို ဝယ်ယူခွင့်ရရှိသူများအနေဖြင့် ကနဦး၂၀ သွင်းရမည်ဖြစ်ပြီး ၁၅နှစ် အရစ်ကျပေးချေရမည်ဖြစ်ကြောင်းနှင့် တိုက်ခန်းဝယ်ယူခွင့် ရရှိသွားသူများအနေဖြင့် ကနဦး ငွေပေးသွင်းပြီးပါက နေထိုင်ခွင့်ရရှိမည်ဖြစ်သည်။
တိုက်ခန်းမဲပေါက်သူအမည်စာရင်းများအား ကြေညာရာတွင်လည်း ခရိုင်လေးခုခွဲ၍ကြေညာသွားမည်ဟုသိရသည်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးဦးစီးဌာနမှဆောက်လုပ်ထားသည့် မြောက်ဥက္ကလာပမြို့နယ်၊လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်နှင့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်များရှိ တန်ဖိုးနည်းနှင့်တန်ဖိုးသင့်အိမ်ရာများကို ရောင်းချပေးသွားမည်ဖြစ်သည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com