ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
#Zawgyi#
အိမ္ၿခံေျမ ေရာင္းေတာ့မယ္ဆိုရင္ ေရာင္းသူမ်ားဘက္မွ ႀကိဳတင္ျပင္ဆင္ထားရမဲ့ အခ်က္ေတြရွိပါတယ္။ ေရာင္းမယ့္ေျမက မိမိအမည္ေပါက္ျဖစ္ရင္ ဂရန္မူရင္းနဲ႔မိတၱဴေတြကို အဆင္သင့္ ေဆာင္ထားသင့္ပါတယ္။
ပါမစ္ေျမကြက္ျဖစ္ရင္ ေျမခ်ပါမစ္မူရင္းနဲ႔ ပါမစ္မိတၱဴနဲ႔ စာခ်ဳပ္အဆက္အစပ္မိတၱဴေတြကို အဆင္သင့္ေဆာင္ထားပါ။ ဘိုးဘြားပိုင္ေျမျဖစ္ရင္ မွတ္ပံုတင္ၿပီးျဖစ္တဲ့ ေျမကြက္အေရာင္းအဝယ္စာခ်ဳပ္ မူရငး္နဲ႔မိတၱဴေတြ အဆင္သင့္ေဆာင္ထားသင့္ပါတယ္။
ထို႔အတူ အရပ္ကတိအေရာင္းအဝယ္ စာခ်ဳပ္ေတြျဖစ္ရင္လည္း မူရင္းနဲ႔မိတၱဴေတြကို စုေဆာင္းရွာေဖြထားသင့္ပါတယ္။ အဲဒီလို အဆင္သင့္ေဆာင္ထားျခင္းျဖင့္ ပြဲစားက ဝယ္သူကိုမေမွ်ာ္လင့္ဘဲ ေခၚလာတဲ့အခါမွာ ကိုယ့္ဘက္က အဆင့္သင့္ ျဖစ္ေနတာေပါ့။
+++ ႀကိဳတင္ျပင္ဆင္မႈမရွိရင္ ပင္ပန္းရတာလူဓမၼတာ +++
ေျပာသာေျပာရတာပါ။ ႀကိဳတင္ျပင္ဆင္ထားသူက လူ ( ၁၀ )ေယာက္ေလာက္မွာ ( ၄ ) ေယာက္ေလာက္ကသာ အဆင္သင့္ေဆာင္ထားၾကေလ့ရွိပါတယ္။ (၆) ဦးေလာက္ကေတာ့ ဝယ္သူလာမွသာ ဟိုေသတၱာရွာ ဒီဘီဒိုဖြင့္လုပ္တက္ၾကတယ္။ တစ္ခါတစ္ရံ ေသာ့ရွာမရလို႔ အိမ္ရွိလူအားလံုးေသာ့ရွာေပးရင္ အကုန္ပင္ပန္းကုန္ၾကတာလည္း ေတြ႔ရဘူးတယ္။
+++ အေမြဆိုင္ေျမနွင့္အိမ္ဝယ္တဲ့အခါ ေတြ႕ႀကံဳရတာဒီလိုပါ +++
အဲဒီလိုျဖစ္ၾကတာမ်ိဳးက မ်ားေသာအားျဖင့္ အေမြဆိုင္ေျမ ၊ အေမြဆိုင္အိမ္ေတြမွာ ျဖစ္တတ္တယ္။ အေမြဆိုင္ေျမနဲ႔အိမ္ဆိုတာ မိဘနွစ္ပါးမရွိေတာ့တဲ့အခါ ေမာင္နွစ္မအမ်ားထဲမွာ ပစၥည္းဥစၥာျပည့္စံုသူ အစ္ကို/အဖ တစ္ဦးဦးက ေျမနွင့္အိမ္ပိုင္ဆိုင္မႈစာရြက္စာတမ္းေတြကို ထိန္းသိမ္းေပးထားတတ္ပါတယ္။ အဲဒါေၾကာင့္ အမွန္တကယ္ဝယ္သူလည္းေရာက္လာေရာ အဆင္သင့္မျဖစ္တတ္ၾကျခင္းပါ။
+++ ေရာင္းမယ္/မေရာင္းဘူး ေပးတဲ့ေဈးကနည္းလြန္းတယ္ ေျပာၾကတယ္ +++
အေမြဆိုင္ေျမဝယ္တဲ့အခါ ဝယ္သူေတြအေနနဲ႔ အထူးသတိထားဝယ္သင့္ပါတယ္။ ေမာင္နွစ္မမ်ားတဲ့အတြက္ တစ္ေယာက္တစ္ေပါက္ေျပာတတ္ၾကပါတယ္။ ေရာင္းမယ္/မေရာင္းဘူးေပးတဲ့ ေဈးကနည္းလြန္းတယ္၊ စသည္ျဖင့္ အျငင္းအခံုလုပ္တတ္ၾကပါတယ္။ တကယ္ေတာ့ မေရာင္းခ်င္တာမဟုတ္ဘူး ၊ ေရာင္းခ်င္ေနၾကတာမွ ခုန္ဆြခုန္ဆြေတာင္ျဖစ္ေနၾကတယ္။ ေရာင္းလို႔ရမွ အေမြခြဲလို႔ရမွာေလ။ ဒါေပမဲ့ လူဆိုတာေလာဘသားမဟုတ္လား။ မ်ားမ်ားရေလေကာင္းေလဘဲ။
+++ အားလံုးေမွ်ာ္လင့္ေနတဲ့ ပိုင္ဆိုင္မႈစာရြက္စာတမ္းေတြက အစံုအလင္မပါတဲ့အခါ +++
တကယ္ေတာ့ ေရာင္းမယ္ ..ေရာင္းမယ္လို႔သာ ဝုိင္းအံုေနၾကတာ၊ ဝယ္သူကေျမနဲ႔အိမ္ပိုင္ဆိုင္မႈကို ျပပါဦးလို႔ေမးလိုက္တဲ့အခါက်ေတာ့ ပိုင္ဆိုင္မႈစာရြက္စာတမ္းေတြ သိမ္းထားတဲ့ အစ္ကိုႀကီးကိုေစာင့္ေနရတာမ်ိဳး ၊ မမႀကီးအလာကိုေစာင့္ရတာမ်ိဳးလည္း ရွိတတ္ျပန္တယ္။ ေဟာ….စာရြက္စာတမ္းေတြ သိမ္းဆည္းထားတဲ့ အစ္ကိုႀကီး/အစ္မႀကီးလာျပန္ရင္လည္းအေျပးအလႊားလာရလို႔ဆိုၿပီးစာရြက္စာတမ္းမစံုတာတို႔ မိဘနွစ္ပါးေသစာရင္းမျပႏိုင္တာတို႔ ေမာင္နွစ္မအားလံုးရဲ႕ မွတ္ပံုတင္မူရင္းေတြအားလံုးမျပႏိုင္တာတို႔ ျဖစ္တတ္ၾကျပန္ပါတယ္။ ပိုင္ဆိုင္မႈစာခ်ဳပ္စာတမ္းမူရင္းေတြျပႏိုင္ရင္ အေမြဆိုင္ေတြအားလံုးစံုၿပီဘဲ စရန္ေပးလို႔ရပါတယ္။ အၿပီးအပိုင္စာခ်ဳပ္တဲ့အခါက်ေတာ့ ၊ အေရာင္းေျမပံု/ေျမရာဇဝင္/ပိုင္ဆိုင္ေၾကာင္း ေျမပံု/ေျမရာဇဝင္ေတြနဲ႔ ဝယ္သူလိုခ်င္တဲ့ အထူးကိုယ္စာလွယ္လႊဲစာ လႊဲေပးဖို႔တာဝန္ယူပါတယ္။ အာမခံလို႔ဝယ္သူက စရန္ေငြေပးခဲ့ရတာေတြလည္းရွိပါတယ္။
+++ လြယ္မေယာင္နဲ႔ခက္ ၊ စည္ပင္မွာ ေျမပံုကူးရတဲ့ အခ်က္ +++
တကယ္ေတာ့အေမြဆိုင္ေတြ အာမခံသလို ပိုင္ဆိုင္ေၾကာင္းစာခ်ဳပ္ဖိုးနဲ႔ အေရာင္းအဝယ္စာခ်ဳပ္ဖို႔ ေျမပံု/ေျမရာဇဝင္ေတြက ၿမိဳ႕ေတာ္စည္ပင္က အလြယ္တကူထုတ္ေပးတာမရွိဘူး ၊ အေမြဆက္ခံသူေတြရဲ႕ က်မ္းကိ်န္နဲ႔ အေဖအေမ တို႕ရဲ႕ ေသစားရင္မူရင္းေတြ စစ္ေဆးၾကည့္ရႈၿပီးမွ ေျမပံုထုတ္ေပးဖို႔ စဥ္းစားေပးၾကတာပါ။ ဒါေတာင္ ေရာင္းမယ့္ ေျမကြက္ဟာ ကန္႔ကြက္ခ်က္မရွိဖို႔ လိုအပ္ေသးတယ္။ ဥပမာ-ဘဏ္မွာေငြေခ်းခဲ့ဘူးရင္ သက္ဆိုင္ရာဘဏ္က ေျမပံု/ေျမရာဇဝင္ (ပံုစံ-၁၀၅/၁၀၆ ) ထုတ္မေပးဖို႔ ကန္႔ကြက္ထားတတ္တယ္။
+++ အားမနာနဲ႕ အေမြဆိုင္ထံကေတာင္းၾကည့္ ရမယ့္အခ်က္အလက္မ်ား +++
အဲဒီေတာ့ အနွစ္ခ်ဳပ္ေျပာရရင္ အိမ္ၿခံေျမဝယ္လိုသူမ်ားအေနနဲ႔ အေမြဆိုင္ေျမနဲ႔အိမ္ကို ဝယ္ဖို႔ႀကံဳလာၿပီဆိုရင္ေတာ့ (၁ )မိဘတုိ႔ရဲ႕ အမည္ေပါက္ေျမဟုတ္မဟုတ္ ဦးစြာစစ္ေဆးရပါမယ္ (မွတ္ခ်က္)-အရပ္ကတိ အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ဆုိထားတဲ့ စာခ်ဳပ္မရွိဘူးဆိုရင္ တရားစြဲယူရတတ္လို႔ အခ်ိန္ေတြေငြေတြပိုကုန္တက္လို႔ မိဘအမည္ေပါက္ ေျမကိုဝယ္ဖို႔အၾကံေပးတာပါ (၂) ကြယ္လြန္သြားတဲ့ မိဘနွစ္ပါးရဲ႕ ေသစာရင္းမူရင္းကို ၾကည့္ရႈရပါမယ္ (၃ )အေမြဆိုင္ေမာင္နွစ္မေတြရဲ႕ မွတ္ပံုတင္မူရင္းနဲ႔ အိမ္ေထာင္စုစာရင္းကို ၾကည့္ရပါမယ္ (မွတ္ခ်က္-အခ်ိဳ႕အေမြဆိုင္ေတြက နိုင္ငံျခားမွာေရာက္ေနတဲ့ အေမြဆိုင္ေတြကို ေသသလို၊ ရွင္သလို လုပ္ၿပီး ခ်န္ထားတက္လို႔ပါ။ ဘာေၾကာင့္လဲဆိုေတာ့ အိမ္ေထာင္စုစာရင္းက သက္ေသခံအေထာက္အထားျဖစ္လို႔ပါ။)
+++ ပိုင္ဆိုင္ေၾကာင္းလုပ္ခိုင္းၿပီး အေရာင္းေျမပံုနဲ႔ ကိုယ္စာလွယ္လႊဲစာယူထားပါ +++
ဒါေတြျပည့္စံုရင္ စရန္ေငြေပးလို႔ရပါတယ္။ အေမြဆက္ခံပိုင္ဆိုင္ေၾကာင္းစာခ်ဳပ္ခ်ဳပ္ေပးဖို႔နဲ႔ မွတ္ပံုတင္အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ေပးႏိုင္ဖို႔အတြက္ ပိုင္ဆိုင္/ေရာင္းေျမပံု/ေျမရာဇဝင္ကူးခိုင္းရပါမယ္။ အရႈပ္အရွင္းကင္းရင္ ေျမပံု (၂)မ်ိဳးစလံုးကို အလြယ္ကေလးနဲ႔ ရတတ္ပါတယ္။ ၿမိဳ႕ေျမစာရင္းမွာ ရႈပ္ေနတာရွိရင္လည္း အေမြဆိုင္ေတြဘဲ ရွင္းခုိင္းရပါတယ္။ (ပိုင္ဆိုင္+အေရာင္း ) ေျမပံုေတြရရင္ေတာ့ အေမြဆက္ခံပိုင္သူေတြက စာခ်ဳပ္စာတမ္းမွတ္ပံုတင္ရုံးမွာ အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း စာခ်ဳပ္ခ်ဳပ္ဆိုေပးပါလိမ့္မယ္။
အဲဒီစာခ်ဳပ္ေန႔မွာဘဲ…အေမြဆက္ခံသူေမာင္နွစ္မမ်ားထံက အထူးကိုယ္စာလွယ္လႊဲစာ ဒါမွမဟုတ္ အေထြေထြကိုယ္စာလွယ္လႊဲစာယူထားလိုက္ရင္ က်န္ေငြကို အၿပီးေပးေခ်လို႔ ရပါတယ္။ ဝယ္သူအမည္ေပါက္ရဖို႔အတြက္ကေတာ့ အေထြေထြကိုယ္စာလွယ္လႊဲစာ/အထူးကိုယ္စာလွယ္လႊဲစာရွိရင္ အေရာင္းအဝယ္စာခ်ဳပ္မွတ္ပံုတင္တာတို႔ အမည္ေျပာင္းတာတို႔ကို ဝယ္သူကိုယ္တိုင္ဆက္လက္ေဆာင္ရြက္လို႔ ရပါေၾကာင္း အႀကံေပးတင္ျပလိုက္ရပါတယ္ ။
သုခီ အတၱာနံ ပရိဟရႏၱဳ
လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။ Credit: iMyanmarHouse.com
#Unicode#
အိမ်ခြံမြေ ရောင်းတော့မယ်ဆိုရင် ရောင်းသူများဘက်မှ ကြိုတင်ပြင်ဆင်ထားရမဲ့ အချက်တွေရှိပါတယ်။ ရောင်းမယ့်မြေက မိမိအမည်ပေါက်ဖြစ်ရင် ဂရန်မူရင်းနဲ့မိတ္တူတွေကို အဆင်သင့် ဆောင်ထားသင့်ပါတယ်။
ပါမစ်မြေကွက်ဖြစ်ရင် မြေချပါမစ်မူရင်းနဲ့ ပါမစ်မိတ္တူနဲ့ စာချုပ်အဆက်အစပ်မိတ္တူတွေကို အဆင်သင့်ဆောင်ထားပါ။ ဘိုးဘွားပိုင်မြေဖြစ်ရင် မှတ်ပုံတင်ပြီးဖြစ်တဲ့ မြေကွက်အရောင်းအဝယ်စာချုပ် မူရင်းနဲ့မိတ္တူတွေ အဆင်သင့်ဆောင်ထားသင့်ပါတယ်။
ထို့အတူ အရပ်ကတိအရောင်းအဝယ် စာချုပ်တွေဖြစ်ရင်လည်း မူရင်းနဲ့မိတ္တူတွေကို စုဆောင်းရှာဖွေထားသင့်ပါတယ်။ အဲဒီလို အဆင်သင့်ဆောင်ထားခြင်းဖြင့် ပွဲစားက ဝယ်သူကိုမမျှော်လင့်ဘဲ ခေါ်လာတဲ့အခါမှာ ကိုယ့်ဘက်က အဆင့်သင့် ဖြစ်နေတာပေါ့။
+++ ကြိုတင်ပြင်ဆင်မှုမရှိရင် ပင်ပန်းရတာလူဓမ္မတာ +++
ပြောသာပြောရတာပါ။ ကြိုတင်ပြင်ဆင်ထားသူက လူ ( ၁၀ )ယောက်လောက်မှာ ( ၄ ) ယောက်လောက်ကသာ အဆင်သင့်ဆောင်ထားကြလေ့ရှိပါတယ်။ (၆) ဦးလောက်ကတော့ ဝယ်သူလာမှသာ ဟိုသေတ္တာရှာ ဒီဘီဒိုဖွင့်လုပ်တက်ကြတယ်။ တစ်ခါတစ်ရံ သော့ရှာမရလို့ အိမ်ရှိလူအားလုံးသော့ရှာပေးရင် အကုန်ပင်ပန်းကုန်ကြတာလည်း တွေ့ရဘူးတယ်။
+++ အမွေဆိုင်မြေနှင့်အိမ်ဝယ်တဲ့အခါ တွေ့ကြုံရတာဒီလိုပါ +++
အဲဒီလိုဖြစ်ကြတာမျိုးက များသောအားဖြင့် အမွေဆိုင်မြေ ၊ အမွေဆိုင်အိမ်တွေမှာ ဖြစ်တတ်တယ်။ အမွေဆိုင်မြေနဲ့အိမ်ဆိုတာ မိဘနှစ်ပါးမရှိတော့တဲ့အခါ မောင်နှစ်မအများထဲမှာ ပစ္စည်းဥစ္စာပြည့်စုံသူ အစ်ကို/အဖ တစ်ဦးဦးက မြေနှင့်အိမ်ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေကို ထိန်းသိမ်းပေးထားတတ်ပါတယ်။ အဲဒါကြောင့် အမှန်တကယ်ဝယ်သူလည်းရောက်လာရော အဆင်သင့်မဖြစ်တတ်ကြခြင်းပါ။
+++ ရောင်းမယ်/မရောင်းဘူး ပေးတဲ့ဈေးကနည်းလွန်းတယ် ပြောကြတယ် +++
အမွေဆိုင်မြေဝယ်တဲ့အခါ ဝယ်သူတွေအနေနဲ့ အထူးသတိထားဝယ်သင့်ပါတယ်။ မောင်နှစ်မများတဲ့အတွက် တစ်ယောက်တစ်ပေါက်ပြောတတ်ကြပါတယ်။ ရောင်းမယ်/မရောင်းဘူးပေးတဲ့ ဈေးကနည်းလွန်းတယ်၊ စသည်ဖြင့် အငြင်းအခုံလုပ်တတ်ကြပါတယ်။ တကယ်တော့ မရောင်းချင်တာမဟုတ်ဘူး ၊ ရောင်းချင်နေကြတာမှ ခုန်ဆွခုန်ဆွတောင်ဖြစ်နေကြတယ်။ ရောင်းလို့ရမှ အမွေခွဲလို့ရမှာလေ။ ဒါပေမဲ့ လူဆိုတာလောဘသားမဟုတ်လား။ များများရလေကောင်းလေဘဲ။
+++ အားလုံးမျှော်လင့်နေတဲ့ ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေက အစုံအလင်မပါတဲ့အခါ +++
တကယ်တော့ ရောင်းမယ် ..ရောင်းမယ်လို့သာ ဝိုင်းအုံနေကြတာ၊ ဝယ်သူကမြေနဲ့အိမ်ပိုင်ဆိုင်မှုကို ပြပါဦးလို့မေးလိုက်တဲ့အခါကျတော့ ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေ သိမ်းထားတဲ့ အစ်ကိုကြီးကိုစောင့်နေရတာမျိုး ၊ မမကြီးအလာကိုစောင့်ရတာမျိုးလည်း ရှိတတ်ပြန်တယ်။ ဟော….စာရွက်စာတမ်းတွေ သိမ်းဆည်းထားတဲ့ အစ်ကိုကြီး/အစ်မကြီးလာပြန်ရင်လည်းအပြေးအလွှားလာရလို့ဆိုပြီးစာရွက်စာတမ်းမစုံတာတို့ မိဘနှစ်ပါးသေစာရင်းမပြနိုင်တာတို့ မောင်နှစ်မအားလုံးရဲ့ မှတ်ပုံတင်မူရင်းတွေအားလုံးမပြနိုင်တာတို့ ဖြစ်တတ်ကြပြန်ပါတယ်။ ပိုင်ဆိုင်မှုစာချုပ်စာတမ်းမူရင်းတွေပြနိုင်ရင် အမွေဆိုင်တွေအားလုံးစုံပြီဘဲ စရန်ပေးလို့ရပါတယ်။ အပြီးအပိုင်စာချုပ်တဲ့အခါကျတော့ ၊ အရောင်းမြေပုံ/မြေရာဇဝင်/ပိုင်ဆိုင်ကြောင်း မြေပုံ/မြေရာဇဝင်တွေနဲ့ ဝယ်သူလိုချင်တဲ့ အထူးကိုယ်စာလှယ်လွှဲစာ လွှဲပေးဖို့တာဝန်ယူပါတယ်။ အာမခံလို့ဝယ်သူက စရန်ငွေပေးခဲ့ရတာတွေလည်းရှိပါတယ်။
+++ လွယ်မယောင်နဲ့ခက် ၊ စည်ပင်မှာ မြေပုံကူးရတဲ့ အချက် +++
တကယ်တော့အမွေဆိုင်တွေ အာမခံသလို ပိုင်ဆိုင်ကြောင်းစာချုပ်ဖိုးနဲ့ အရောင်းအဝယ်စာချုပ်ဖို့ မြေပုံ/မြေရာဇဝင်တွေက မြို့တော်စည်ပင်က အလွယ်တကူထုတ်ပေးတာမရှိဘူး ၊ အမွေဆက်ခံသူတွေရဲ့ ကျမ်းကျိန်နဲ့ အဖေအမေ တို့ရဲ့ သေစားရင်မူရင်းတွေ စစ်ဆေးကြည့်ရှုပြီးမှ မြေပုံထုတ်ပေးဖို့ စဉ်းစားပေးကြတာပါ။ ဒါတောင် ရောင်းမယ့် မြေကွက်ဟာ ကန့်ကွက်ချက်မရှိဖို့ လိုအပ်သေးတယ်။ ဥပမာ-ဘဏ်မှာငွေချေးခဲ့ဘူးရင် သက်ဆိုင်ရာဘဏ်က မြေပုံ/မြေရာဇဝင် (ပုံစံ-၁၀၅/၁၀၆ ) ထုတ်မပေးဖို့ ကန့်ကွက်ထားတတ်တယ်။
+++ အားမနာနဲ့ အမွေဆိုင်ထံကတောင်းကြည့် ရမယ့်အချက်အလက်များ +++
အဲဒီတော့ အနှစ်ချုပ်ပြောရရင် အိမ်ခြံမြေဝယ်လိုသူများအနေနဲ့ အမွေဆိုင်မြေနဲ့အိမ်ကို ဝယ်ဖို့ကြုံလာပြီဆိုရင်တော့ (၁ )မိဘတို့ရဲ့ အမည်ပေါက်မြေဟုတ်မဟုတ် ဦးစွာစစ်ဆေးရပါမယ် (မှတ်ချက်)-အရပ်ကတိ အရောင်းအဝယ်စာချုပ်ချုပ်ဆိုထားတဲ့ စာချုပ်မရှိဘူးဆိုရင် တရားစွဲယူရတတ်လို့ အချိန်တွေငွေတွေပိုကုန်တက်လို့ မိဘအမည်ပေါက် မြေကိုဝယ်ဖို့အကြံပေးတာပါ (၂) ကွယ်လွန်သွားတဲ့ မိဘနှစ်ပါးရဲ့ သေစာရင်းမူရင်းကို ကြည့်ရှုရပါမယ် (၃ )အမွေဆိုင်မောင်နှစ်မတွေရဲ့ မှတ်ပုံတင်မူရင်းနဲ့ အိမ်ထောင်စုစာရင်းကို ကြည့်ရပါမယ် (မှတ်ချက်-အချို့အမွေဆိုင်တွေက နိုင်ငံခြားမှာရောက်နေတဲ့ အမွေဆိုင်တွေကို သေသလို၊ ရှင်သလို လုပ်ပြီး ချန်ထားတက်လို့ပါ။ ဘာကြောင့်လဲဆိုတော့ အိမ်ထောင်စုစာရင်းက သက်သေခံအထောက်အထားဖြစ်လို့ပါ။)
+++ ပိုင်ဆိုင်ကြောင်းလုပ်ခိုင်းပြီး အရောင်းမြေပုံနဲ့ ကိုယ်စာလှယ်လွှဲစာယူထားပါ +++
ဒါတွေပြည့်စုံရင် စရန်ငွေပေးလို့ရပါတယ်။ အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်ချုပ်ပေးဖို့နဲ့ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ပေးနိုင်ဖို့အတွက် ပိုင်ဆိုင်/ရောင်းမြေပုံ/မြေရာဇဝင်ကူးခိုင်းရပါမယ်။ အရှုပ်အရှင်းကင်းရင် မြေပုံ (၂)မျိုးစလုံးကို အလွယ်ကလေးနဲ့ ရတတ်ပါတယ်။ မြို့မြေစာရင်းမှာ ရှုပ်နေတာရှိရင်လည်း အမွေဆိုင်တွေဘဲ ရှင်းခိုင်းရပါတယ်။ (ပိုင်ဆိုင်+အရောင်း ) မြေပုံတွေရရင်တော့ အမွေဆက်ခံပိုင်သူတွေက စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုပေးပါလိမ့်မယ်။
အဲဒီစာချုပ်နေ့မှာဘဲ…အမွေဆက်ခံသူမောင်နှစ်မများထံက အထူးကိုယ်စာလှယ်လွှဲစာ ဒါမှမဟုတ် အထွေထွေကိုယ်စာလှယ်လွှဲစာယူထားလိုက်ရင် ကျန်ငွေကို အပြီးပေးချေလို့ ရပါတယ်။ ဝယ်သူအမည်ပေါက်ရဖို့အတွက်ကတော့ အထွေထွေကိုယ်စာလှယ်လွှဲစာ/အထူးကိုယ်စာလှယ်လွှဲစာရှိရင် အရောင်းအဝယ်စာချုပ်မှတ်ပုံတင်တာတို့ အမည်ပြောင်းတာတို့ကို ဝယ်သူကိုယ်တိုင်ဆက်လက်ဆောင်ရွက်လို့ ရပါကြောင်း အကြံပေးတင်ပြလိုက်ရပါတယ် ။
သုခီ အတ္တာနံ ပရိဟရန္တု
လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com