တရုတ်အစိုးရက နာမည်ကျော် Anbang ကုမ္ပဏီကြီးကို နိုင်ငံပိုင်အဖြစ် သိမ်းယူလိုက်ရာ အမေရိကန်ပြည်၊ နယူးယောက်ရှိ ကမ္ဘာကျော် ဝါးဒေါ့ဖ် အက်စ်တိုးရီးယားဟိုတယ်ကြီးမှာ အစိုးရပိုင်ဖြစ်လာ

တရုတ်အစိုးရက နာမည်ကျော် Anbang ကုမ္ပဏီကြီးကို နိုင်ငံပိုင်အဖြစ် သိမ်းယူလိုက်ရာ အမေရိကန်ပြည်၊ နယူးယောက်ရှိ ကမ္ဘာကျော် ဝါးဒေါ့ဖ် အက်စ်တိုးရီးယားဟိုတယ်ကြီးမှာ အစိုးရပိုင်ဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
26 Jun 2018 11:25 am တွင် တင်ခဲ့သည်
2893 ကြိမ် ကြည့်ရှု့ပြီး
တရုတ်ပြည်တွင်း ထိပ်သီးကုမ္ပဏီကြီးတစ်ခုဖြစ်သော Anbang (AIG) ကုမ္ပဏီ၏ ဥက္ကဌဖြစ်သူ ဝူရှောက်ဟွေမှာ ပြီးခဲ့သောလအတွင်း လိမ်လည်မှု၊ အလွဲသုံးစားမှုတို့ဖြင့် ထောင်ဒဏ် ၁၈ နှစ်ချမှတ်ခံလိုက်ရပြီးသည်။

ယင်းနောက် တရုတ်အစိုးရက Anbang ကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းလိုက်ရာ အမေရိကန်ပြည်၊ နယူးယောက်မြို့တွင် Anbang က ပိုင်ဆိုင်ထားသော ဝါးဒေါ့ဖ် အက်စ်တိုးရီးယား ဟိုတယ်ကြီးမှာ တရုတ်အစိုးရပိုင် ဖြစ်လာပြီဖြစ်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

Anbang ကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းလိုက်ပြီး အစိုးရပိုင် “တရုတ်အာမခံရန်ပုံငွေအဖွဲ့ - CISF ” ထံ လွှဲပြောင်းပေးလိုက်ကြောင်း တရုတ် ဘဏ်နှင့် အာမခံ လုပ်ထုံးလုပ်နည်း ကော်မရှင် (CBIRC) က ထုတ်ဖော်ကြေညာထားသည်။

Anbang ၏ ပိုင်ဆိုင်မှု အရပ်ရပ်မှာ စုစုပေါင်း ယွမ်ငွေ ၂ ထရီလီယံ (ကန်ဒေါ်လာ ၃၁၀ ဘီလီယံ) ခန့် ရှိသည်ဟု ဆိုသည်။

CBIRC သည် Anbang ၏ လုပ်ငန်းလည်ပတ်မှုကို ပြီးခဲ့သော ဖေဖော်ဝါရီလတွင် စတင်ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။

CBIRC သည် Anbang ၏ နေ့စဉ် လုပ်ငန်းလည်ပတ်မှုများကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လကတည်းက စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။

တစ်နှစ်တာခန့် စောင့်ကြည့်ခဲ့ပြီးနောက် တွေ့ရှိလာခဲ့သည်မှာ Anbang သည် တရားမဝင်စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နေမှုအတွက် အပြစ်ရှိကြောင်း တွေ့ခဲ့ကြသည်ဟု ဆိုသည်။

CISF သည် Anbang ကို ကိုင်တွယ်ပြီးနောက် မတ်လအတွင်း ယွမ်ငွေ ၆၀ ဒသမ ၈ ဘီလီယံ ထည့်ဝင်ရင်းနှီးမြှုပ်နှံခဲ့ကာ ပုဂ္ဂလိက ရှယ်ယာရှင်တစ်ဦးဦး မတွေ့သေးမီကာလအထိ ထိန်းချုပ်သွားမည် ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ်အစိုးရက နာမည်ကျော် Anbang ကုမ္ပဏီကြီးကို နိုင်ငံပိုင်အဖြစ် သိမ်းယူလိုက်ရာ အမေရိကန်ပြည်၊ နယူးယောက်ရှိ ကမ္ဘာကျော် ဝါးဒေါ့ဖ် အက်စ်တိုးရီးယားဟိုတယ်ကြီးမှာ အစိုးရပိုင်ဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
တရုတ်အစိုးရက နာမည်ကျော် Anbang ကုမ္ပဏီကြီးကို နိုင်ငံပိုင်အဖြစ် သိမ်းယူလိုက်ရာ အမေရိကန်ပြည်၊ နယူးယောက်ရှိ ကမ္ဘာကျော် ဝါးဒေါ့ဖ် အက်စ်တိုးရီးယားဟိုတယ်ကြီးမှာ အစိုးရပိုင်ဖြစ်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

Royal Theikdi Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service