သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ ဆင်ခြေဖုံးရှိ အဆောက်အအုံကြီးတစ်ခုကို လေလံဆွဲသူ ၂ ဦးက အကြိမ်ပေါင်း ၃၀၀ ခန့်အထိ ဈေးနှုန်းမြှင့်တင်ပေးကြကာ ယှဉ်ပြိုင်လေလံဆွဲခဲ့ကြသော လေလံပြိုင်ပွဲကြီးဖြစ်ပွား

သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ ဆင်ခြေဖုံးရှိ အဆောက်အအုံကြီးတစ်ခုကို လေလံဆွဲသူ ၂ ဦးက အကြိမ်ပေါင်း ၃၀၀ ခန့်အထိ ဈေးနှုန်းမြှင့်တင်ပေးကြကာ ယှဉ်ပြိုင်လေလံဆွဲခဲ့ကြသော လေလံပြိုင်ပွဲကြီးဖြစ်ပွား - Property News in Myanmar from iMyanmarHouse.com
26 Jun 2018 11:07 am တွင် တင်ခဲ့သည်
2466 ကြိမ် ကြည့်ရှု့ပြီး
သြစတေးလျနိုင်ငံ အရှေ့တောင်ပိုင်းရှိ မဲလ်ဘုန်းမြို့၏ စီးပွားရေးအချက်အခြာကျသောဒေသမှ အရှေ့ဘက် ၂ ကီလိုမီတာခန့် ဝေးကွာသော အရပ်တွင် အဘော့စ်ဖို့ဒ်အမည်ရှိ ဆင်ခြေဖုံး ဒေသကလေးတစ်ခုရှိသည်။

၂၀၁၆ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၈၁၈၄ ဦးသာ နေထိုင်သော ဒေသကလေးဖြစ်သည်။

အဆိုပါ မြို့ကလေးတွင် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံကြီးတစ်ခုကို လေလံတင်ရောင်းချရာ လေလံဆွဲသူ ၂ ဦးက အကြိမ်ပေါင်း ၃၀၀ ခန့်အထိ ဈေးနှုန်းအပြိုင်အဆိုင်ပေးကြကာ လေလံစစ်ပွဲဖြစ်ပွားခဲ့ကြောင်း သြစတေးလျအခြေစိုက် အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

လေလံတင်သည့် အဆောက်အအုံမှာ အဘော့စ်ဖို့ဒ်မြို့၊ ဒျုခ်လမ်း (Duke St) ၊ အမှတ် ၅၀-၅၄ ရှိ အဆောက်အအုံဖြစ်ပြီး အပြိုင်အဆိုင် လေလံဆွဲရာမှ ကြမ်းခင်းဈေးထက် ဒေါ်လာ ၄ သိန်းကျော် ( ၄၂၆၀၀၀) အထိ ဈေးနှုန်းပိုမို မြင့်တက်ခဲ့သည်။

လေလံဆွဲသူ ၂ ဦးတွင် တစ်ဦးလျှင် အကြိမ်ရေ ၁၅၀ ခန့် လက်ထောင်ကာ ဈေးနှုန်းမြင့်တင်ပေးခဲ့ကြပြီး နောက်ဆုံးတွင် သြစတေးလျဒေါ်လာ ၃ ဒသမ ၁၂၆ သန်းဖြင့် ပြီးစီးသွားခဲ့သည်ဟု ဆိုသည်။

တက်စ်ကာ ကာဆန် အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် မက်သူး ဖက်ထ်က ပြောကြားရာတွင် စတုရန်းမီတာ ၆၇၅ ကျယ်ဝန်းသော နေရာကို လေလံယှဉ်ပြိုင်ခဲ့သူများမှာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနှင့် အိမ်ခြံမြေ developer တစ်ဦးတို့ဖြစ်ကြောင်း ပြောကြားသည်။

“ဝယ်သွားတဲ့သူက ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးပါ။ သူက သူ့ရဲ့ စီးပွားရေးလုပ်ငန်းကို ရစ်ခ်ျမန် (Richmond) မြို့ကနေ ပြောင်းလာဖို့ စီစဉ်နေပါတယ်” ဟု မစ္စတာ ဖက်ထ်က ပြောကြားသည်။

ရစ်ခ်ျမန်သည် အဘော့စ်ဖို့ဒ်မြို့နှင့် ကပ်လျက်တည်ရှိသော မြို့တစ်မြို့ ဖြစ်သည်။

အဆိုပါအဆောက်အအုံသည် မိုဘိုင်းဆက်သွယ်ရေးနှင့် လျှပ်စစ်အင်ဂျင်နီယာဆိုင်ရာ ကုမ္ပဏီတစ်ခု အခြေစိုက်ထားသည့်နေရာဖြစ်ပြီး ကားရပ်နားရန်နေရာ ၈ ခု ပါဝင်သည်။

ဒေသတွင်းတွင် လူနေအိမ်ခြံမြေဈေးကွက် ငြိမ်သက်နေသော်လည်း ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံကဏ္ဍအပေါ် သက်ရောက်ခြင်းမရှိကြောင်း မစ္စတာ ဖက်ထ်က ဆိုသည်။

မြေအကျယ်အဝန်း- ၆၇၅ စတုရန်းမီတာ
ကြမ်းခင်းဧရိယာ- ၃၅၈ စတုရန်းမီတာ
နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့မှု- ကန်ဒေါ်လာ ၈၈၅၀၀၀ (၂၀၁၆ ခုနှစ်)

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ ဆင်ခြေဖုံးရှိ အဆောက်အအုံကြီးတစ်ခုကို လေလံဆွဲသူ ၂ ဦးက အကြိမ်ပေါင်း ၃၀၀ ခန့်အထိ ဈေးနှုန်းမြှင့်တင်ပေးကြကာ ယှဉ်ပြိုင်လေလံဆွဲခဲ့ကြသော လေလံပြိုင်ပွဲကြီးဖြစ်ပွား - Property News in Myanmar from iMyanmarHouse.com
သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ ဆင်ခြေဖုံးရှိ အဆောက်အအုံကြီးတစ်ခုကို လေလံဆွဲသူ ၂ ဦးက အကြိမ်ပေါင်း ၃၀၀ ခန့်အထိ ဈေးနှုန်းမြှင့်တင်ပေးကြကာ ယှဉ်ပြိုင်လေလံဆွဲခဲ့ကြသော လေလံပြိုင်ပွဲကြီးဖြစ်ပွား - Property News in Myanmar from iMyanmarHouse.com
သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ ဆင်ခြေဖုံးရှိ အဆောက်အအုံကြီးတစ်ခုကို လေလံဆွဲသူ ၂ ဦးက အကြိမ်ပေါင်း ၃၀၀ ခန့်အထိ ဈေးနှုန်းမြှင့်တင်ပေးကြကာ ယှဉ်ပြိုင်လေလံဆွဲခဲ့ကြသော လေလံပြိုင်ပွဲကြီးဖြစ်ပွား - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service