ပြည်တွင်းငွေကြေးဈေး ကွက်တွင် ကန်ဒေါ်လာတန်ဖိုး ဆက်တိုက် မြင့်
တက်နေသော် လည်း မကြာမီပြန်လည်တည်ငြိမ် လာမည်ဟု စီးပွားရေးလုပ်
ငန်းရှင် အချို့က ခန့်မှန်းသည်။
ငွေကြေးဈေးကွက်တွင် ဇွန် လ ၂၅ ရက်က တစ်ဒေါ်လာလျှင် ပျမ်းမျှပေါက်ဈေး ၁,၃၇၃ ကျပ်မှ ၁,၃၈၀ အကြား ဈေးဖွင့်ခဲ့သည်။ ဗဟိုဘဏ်ရည်ညွှန်း
ငွေလဲနှုန်း သည်လည်း တစ်ဒေါ်လာလျှင် ၁,၃၇၇ ကျပ်ရှိသည်။
လက်ရှိ ဒေါ်လာတန်ဖိုးသည် ဇွန်လဆန်းနှင့် နှိုင်းယှဉ်ပါက တစ် ဒေါ်လာလျှင် ကျပ် ၃၀ ခန့် ဈေးမြင့်တက်လာသည်။ ဗဟိုဘဏ်ရည် ညွှန်းငွေလဲနှုန်းသည် တစ်လအ တွင်း တစ်ဒေါ်လာ ၂၃ ကျပ်မြင့်တက်လာသည်။
မူဆယ်နယ်စပ်မှ မြန်မာကုန်သည်များ၊ ငွေလွှဲလုပ်ငန်းလုပ် ကိုင်သူများ၏ဘဏ်ငွေစာရင်းအ ပိတ်ခံရခြင်းကြောင့် ငွေလွှဲဝန် ဆောင်မှုလုပ်ကိုင်သူများ လုပ်ငန်း များရပ်နားထားခြင်း၊ စက်သုံးဆီ၊သကြား ပြည်ပမှ တင်သွင်းနေ ခြင်း၊ မိုးရာသီတွင် ပို့ကုန်နည်း ခြင်းတို့အပြင် အစိုးရဝန်ကြီးဌာန များ နိုင်ငံခြားငွေကိုယ်တိုင်ရှာဖွေ သုံးစွဲရမည်ဆိုသည့် သတင်းများ ကြောင့် ဒေါ်လာဈေးမြင့်တက် ခြင်းဖြစ်ကြောင်း စီးပွားရေးလုပ် ငန်းရှင်အချို့က ပြောသည်။
မူဆယ်နယ်စပ်မှ ငွေလွှဲလုပ် ငန်းလုပ်ကိုင်သူများက လုပ်ငန်း ပြန်လည် လုပ်ကိုင်လာခြင်းကြောင့် လာမည့်အပတ်များတွင် ဒေါ်လာဈေး ပြန်လည်တည်ငြိမ်လာနိုင် ကြောင်း ပို့ကုန်၊ သွင်းကုန်လုပ် ငန်းရှင် ဒေါက်တာစိုးထွန်းက ပြော သည်။
‘‘တရုတ်က ငွေတွေဝင်လာ တော့မှာဆိုတော့ လာမယ့်အပတ် မှာ ဈေးပြန်ငြိမ်မယ်လို့ မှန်းနေကြ တယ်’’ဟု ဒေါက်တာစိုးထွန်းက ပြောသည်။
မြန်မာနိုင်ငံတွင် မိုးရာသီ ပို့ ကုန်နည်းချိန်၌ ကန်ဒေါ်လာတန် ဖိုး မြင့်တက်လေ့ရှိသော်လည်း စီးပွားရေးကျဆင်းချိန်တွင် ဒေါ် လာတန်ဖိုးမြင့်တက်ခြင်းက စားသုံးသူအတွက် အခက်အခဲဖြစ်စေ ကြောင်း မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက် တာမောင်မောင်လေးက ပြော သည်။
စားသောက်ကုန်များကအစ လူသုံးကုန်များ၊ စက်မှုထုတ်ကုန် များ ပြည်ပမှ တင်သွင်းနေရသော နိုင်ငံတွင် အဓိကနိုင်ငံခြားသုံးငွေ ဒေါ်လာတန်ဖိုးမြင့်တက်ခြင်းက ငွေကြေးဖောင်းပွမှုနှင့် ကုန်ပစ္စည်းဈေးနှုန်းမြင့်တက်မှု ဖြစ်စေကြောင်း စီးပွားရေးပညာရှင်အချို့က အစိုးရကို သတိပေးထားသည်။
Credit: 7Daydaily