၂၀၁၉ ခုနှစ်အတွက် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာတွင် ကုမ္ပဏီများဆိုင်ရာ ဥပဒေအကြောင်းကို အဓိကဖော်ပြမည်ဖြစ်ပြီး ယင်းအစီရင်ခံစာကို ယခုနှစ် နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း နိုင်ငံတကာ သုတေသနနှင့် အတိုင်ပင်ခံလုပ်ငန်းဖြစ်သည့် Oxford Business Group (OBG) က ထုတ်ပြန်သည်။
အစီရင်ခံစာတွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက အတည်ပြုခဲ့သည့် ကုမ္ပဏီများဆိုင်ရာ ဥပဒေအကြောင်းနှင့် ရင်းနှီးမြှုပ်နှံသူများအပေါ် အဆိုပါဥပဒေ၏ သက်ရောက်နိုင်မှုများနှင့်ပတ်သက်၍ အသေးစိတ်ဖော်ပြသွားမည်ဖြစ်ပြီး နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူများကို ရှယ်ယာအရောင်းအဝယ်ပြုလုပ်နိုင်ရန် ရန်ကုန် စတော့အိတ်ချိန်း၏ ရှယ်ယာအရောင်းအဝယ်ဆိုင်ရာ စည်းမျဉ်းများ ဖြေလျှော့ပေးခဲ့သည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍လည်း OBG အစီရင်ခံစာတွင် ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း OBG ထံမှ သိရသည်။
အစီရင်ခံစာကို OBG နှင့်အတူ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့ ပူးတွဲထုတ်ပြန်မည်ဖြစ်ပြီး Win Consulting၊ Kelvin Chia Yangon နှင့် Parami Energy တို့ကလည်း ပါဝင်ကူညီသွားမည်ဖြစ်ကာ အစီရင်ခံစာကို
စာအုပ်အဖြစ် ဖတ်ရှုနိုင်မည့် အပြင် အွန်လိုင်းမှတစ်ဆင့်လည်း
ရယူဖတ်ရှုနိုင်မည်ဖြစ်ကြောင်း OBG ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Oxford Business Group (OBG) သည် အာရှ၊ အာဖရိက၊ အရှေ့အလယ်
ပိုင်းနှင့် အမေရိကတိုက်များ စသည့် နိုင်ငံပေါင်း ၃၀ ကျော်တွင် လုပ်ငန်းများ
လုပ်ကိုင်နေသည့် နိုင်ငံတကာသုတေသနနှင့် အတိုင်ပင်ခံလုပ်ငန်းတစ်ခုဖြစ်
သည်။
Credit: The Voice