မြေလွတ်မြေရိုင်းများတွင် တောင်သူများ စိုက်ပျိုးလိုပါက ဥပဒေအရ လျှောက်ထားနိုင်

မြေလွတ်မြေရိုင်းများတွင် တောင်သူများ စိုက်ပျိုးလိုပါက ဥပဒေအရ လျှောက်ထားနိုင် - Property News in Myanmar from iMyanmarHouse.com
21 Jun 2018 10:28 am တွင် တင်ခဲ့သည်
2737 ကြိမ် ကြည့်ရှု့ပြီး
သောင်မြေများ ပေါ်ထွန်းမြေကဲ့သို့သော ကျေးလက်ဒေသရှိ မြေလွတ်မြေရိုင်းများကို တောင်သူလယ်သမားများနှင့် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်လိုသူများအနေဖြင့် လျှောက်ထားလာပါက ၅ဝ ထက်မပိုသော သက်ဆိုင်ရာ ဒေသအဖွဲ့အစည်းတစ်ခုခုက ခွင့်ပြုပေးရန် ဥပဒေအရစီမံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဆိုသည်။

ရန်ကုန်တိုင်းအတွင်းရှိ ခရမ်းမြို့နယ်အတွင်းတွင် ပင်လယ်ကမ်းပြိုမှုကြောင့် မျောပါသွားခဲ့သော ကျေးရွာလေးရွာမှ ဒေသခံများ ယင်းတို့၏ မူလကျေးရွာနေရာတွင် သောင်မြေများပေါ်ထွန်းနေသဖြင့် ဒေသခံတောင်သူများကို ပြန်လည်ဝေခြမ်းပေးရန် ခရမ်းမြို့နယ်အမှတ် ၂ မဲဆန္ဒနယ်အမတ် ဦးသိန်းဇော်လတ်က လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့ရာ မြို့တော်ဝန်က ထိုသို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

''ခုချိန်မှာ အဲဒီကမ်းပြိုတဲ့ကျေးရွာတွေရဲ့နေရာတွေမှာ သောင်မြေတွေ ပေါ်ထွန်းပြီး မြေလွတ်မြေရိုင်းအဖြစ် လယ်မြေဧကပေါင်း၅,၂ဝဝ ကျော် ပြန်လည်ပေါ်ထွန်းနေတာကိုတွေ့ရပါတယ်''ဟု ဦးသိန်းဇော်လတ်က ဆိုသည်။ယခုအချိန်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့က မုတ္တမပင်လယ်ကွေ့တွင် မြေဧက ၂,၃ဝဝ ဧကကို ဒီရေကာကွယ်တောစိုက်ပျိုးရန် သတ်မှတ်ခဲ့ပြီး ကမ်းပြိုသွားသော ကျေးရွာများမှ တောင်သူများမှာ အဆိုပါမြေပေါ်တွင် တရားဝင်ခွင့်ပြုချက် မရရှိခဲ့သော်လည်း အဆင်ပြေသလို လုပ်ကိုင်စားသောက်နေကြကြောင်း လည်း ၎င်းကဆိုသည်။

ပင်လယ်ရေတိုက်စားမှုကြောင့် မျောပါသွားခဲ့သည့် ခရမ်းမြို့နယ်အတွင်းရှိ ကျေးရွာလေးရွာဖြစ်သော ရေကျော်၊ ဘိုကလေး၊ ကံကောင်းနှင့် ဆင်ကျွန်းကျေးရွာများမှ အိမ်ထောင်စုများကို အခြားနေရာများသို့ ပြန်လည်နေရာချထားပြီးဖြစ်ကြောင်းလည်း ဦးမောင်မောင်စိုးက ဆိုသည်။ရေကျော်ကျေးရွာမှ ဒေသခံ ၁၃၃ ဦးနှင့် ဘိုကလေးကျေးရွာမှ ဒေသခံ ၁၁ဝ ဦးကို ပလူကန်စားကျက်မြေသို့လည်းကောင်း၊ ကံကျောင်းကျေးရွာမှ ဒေသခံ ၁၅ဝ ဦးကိုကျီနီချောင်း စားကျက်မြေသို့လည်းကောင်း၊ ဆင်ကျွန်းကျေးရွာမှ ဒေသခံ ၃ဝဝ ဦးကိုကျွဲတလင်း စားကျက်မြေသို့လည်းကောင်းပြောင်းရွှေ့နေရာချထားပေးခဲ့သည်။

ထိုသို့ပြောင်းရွှေ့နေရာချထားရာတွင် လူနေထိုင်ရန် ပေ ၆ဝ၊ ပေ ၈ဝ မြေကွက်တစ်ကွက်စီနှင့် လုပ်ကိုင်စားသောက်ရန် မိသားစုတစ်စုလျှင် မြေနှစ်ဧကစီကိုအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်က ချထားပေးခဲ့ကြောင်းလည်း ဦးမောင်မောင်စိုးက ဆိုသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြ

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

Shwe Moe Kaung
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service