ရန်ကုန်မြို့သစ်စီမံကိန်းနှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲပြုလုပ်မည်

ရန်ကုန်မြို့သစ်စီမံကိန်းနှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲပြုလုပ်မည် - Property News in Myanmar from iMyanmarHouse.com
20 Jun 2018 12:21 pm တွင် တင်ခဲ့သည်
3348 ကြိမ် ကြည့်ရှု့ပြီး
NYDC စီမံကိန်းကို လူအများက စိတ်ဝင်စားမှုရှိတာ တွေ့ရပြီး ထောက်ခံအားပေးတဲ့ သူတွေရှိသလို ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ NYDC အပေါ် ဝေဖန်မှုများ ထွက်ပေါ်လာတာလည်း တွေ့ရှိခဲ့ရပါတယ်။

အဲဒီထဲကမှ အမေးများတဲ့ မေးခွန်းတွေကတော့ အစိုးရက စီးပွားရေးလုပ်ဖို့လိုလို့လား၊ ဒီမြို့သစ်လို စီမံကိန်းမျိုးကို ဝန်ကြီးဌာန ဒါမှမဟုတ် ကော်မတီဖွဲ့ပြီး လုပ်လို့မရဘူးလား၊ရန်ကုန်မြို့သစ်က အကျိုးအမြတ်မရှိဘဲ ပိုက်ဆံဖြုန်းတဲ့ စီမံကိန်းဖြစ်သွားမှာလား၊ ခုလက်ရှိ ရန်ကုန်မြို့ကိုဘဲ ပိုကောင်းလာအောင် ဘာလို့မလုပ်တာလဲ၊ တင်ဒါခေါ်ယူရွေးချယ်ရေးမှာ ပွင့်လင်းမြင်သာမှု တရားမျှတမှု ရှိပါ့မလား၊

NYDC Challenge ရဲ့ ပထမအဆင့်ကို စပြီးလုပ်ဆောင်ဖို့ China Communications Construction Company Limited (CCCC) က လုပ်ပိုင်ခွင့် ရသွားတာကကော ပွင့်လင်းမြင်သာမှု၊ မျှတမှု ရှိရဲ့လား အစရှိတဲ့ မေးခွန်းတွေဘဲဖြစ်ပါတယ်။စီမံကိန်းတစ်ခု၊ ပန်းတိုင်တစ်ခုကို အကောင်အထည်ဖော်တဲ့နေရာမှာ အရေးအကြီးဆုံးက ဒီစီမံကိန်းနဲ့ သက်ဆိုင်သူတွေအားလုံးနဲ့ ထိရောက်တဲ့ ဆက်သွယ်မှုကွန်ရက် ရှိဖို့လိုခြင်းပါ။

ဒါမှလည်း ဘက်ပေါင်းစုံက အမြင်တွေကို သိရှိနိုင်ပြီး အားလုံးလက်ခံနိုင်တဲ့ အနေအထားတစ်ခုကို ရရှိနိုင်မှာပါ။ ဒါကလွယ်ကူတဲ့ ကိစ္စတစ်ခု မဟုတ်ဘဲ သဘောထားကွဲလွဲမှုတွေ အများကြီးကြုံတွေ့နိုင်ပါတယ်။

ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် အမြင်မတူတာတွေကို အပြန်အလှန် လေးစားမှုနဲ့ နားထောင်ပြီး ညှိနှိုင်းလုပ်ဆောင်သွားနိုင်ရင် ပန်းတိုင်တစ်ခုကို ရောက်မှာသေချာပါတယ်။

ရန်ကုန်မြို့သစ်လို လူထုအတွက် အရေးပါတဲ့စီမံကိန်းမျိုးမှာ ဘက်ပေါင်းစုံက အမြင်တွေကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးပြီး အကျိုးရှိတဲ့ မူဝါဒတစ်ခု ချမှတ်နိုင်မယ်ဆိုရင် ပိုပြီးကောင်းမွန်တဲ့ ရလာဒ်တခု ထွက်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်။

ဒါကြောင့်မို့ ဒီရန်ကုန်မြို့သစ်စီမံကိန်းအပေါ်မှာရှိတဲ့ မတူညီတဲ့ အမြင်တွေ၊ အကြံပြုချက်တွေကို ဆွေးနွေးဖလှယ်နိုင်ဖို့ ဇွန်လ (၂၃)ရက်နေ့မှာ NYDC ရဲ့ ပထမအကြိမ် ဆွေးနွေးပွဲ (NYDC Town Hall)ကို ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒီပွဲမှာ မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းမှားတွေ၊ခန့်မှန်းချက်တွေအစား တိကျသေချာတဲ့ အချက်အလက်တွေ အများပြည်သူတွေ ရယူသွားနိုင်မယ်လို့လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်။

ဒီ NYDC Town Hall ဆွေးနွေးပွဲမှာ လေးယောက် ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ခုပါဝင်ဆွေးနွေးမယ့် ပညာရှင်တွေ ဆိုရင်လည်း ရန်ကုန်မြို့သစ်စီမံကိန်းအပေါ် စိတ်ဝင်တစ်စားနဲ့ မေးခွန်းကောင်းတွေ၊
အကြံဥာဏ်ကောင်းတွေ နဲ့ ထောက်ပြဆွေးနွေးထားတဲ့ သူတွေလည်းဖြစ်ပါတယ်။ ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ -

ဦးသိမ်းဝေ@ Serge Pun (Vice Chairman and CEO, NYDC Co.,Ltd.)
ဦးခိုင်ဝင်း (Founder and Director, Sandhi Governance Institute)
ဦးရဲမြတ်သူ (MCDC, Founder/Managing Director - Alpha Mandalay Co.,Ltd.)
ဦးဇေယျသူ (Managing Director/Deputy Chief Editor ,The Voice Journal)
Moderator - ဦးအောင်ချစ်ခင် (Founder and Managing Director, Strategy First Institute )

လူတိုင်းမှာ လုပ်ထုံးလုပ်နည်း၊ ဥပဒေရေးရာ၊ မူဝါဒ အစရှိတဲ့အချက်တွေအပေါ်မှာ အမြင်မတူနိုင်ဘဲ မိမိယုံကြည်ချက်အတိုင်း သဘောထားကွဲလွဲမှုတွေ အမြဲတမ်းရှိနေကြပါ။ ဒီလိုသဘောထား ကွဲလွဲမှုတွေကနေမှ အားလုံးလက်ခံနိုင်မယ့် အခြေခံအချက်တစ်ခု ရှာဖွေပြီး ကျွန်တော်တို့အားလုံးရဲ့ ပန်းတိုင်ဖြစ်တဲ့ နိုင်ငံသားများလူနေမှုဘဝ တိုးတက်ရေးအတွက် ကြိုးစားလုပ်ဆောင် သွားရမှာဖြစ်ပါတယ်။

ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် (NYDC) မှ ပထမဦးဆုံး ကျင်းပပြုလုပ်သော ရန်ကုန်မြို့သစ်စီမံကိန်းနှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲ (Town Hall) ကိုဇွန်လ (၂၃) ရက်နေ့ (စနေနေ့) နံနက် (၉) နာရီ မှ (၁၂) နာရီထိ မင်္ဂလာခန်းမ၊ UMFCCI မင်းရဲကျော်စွာလမ်းတွင် ကျင်းပမည်ဖြစ်ပါသည်။

မည်သူမဆို တက်ရောက်နိုင်ပါသည်။ တက်ရောက်လိုပါက ဤနေရာတွင် စာရင်းပေးသွင်းနိုင်ပါသည်။ https://nydc.activehosted.com/f/5

Credit: Myanmar Buildres Guide

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ
တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
CarsDB
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service