စင်္ကာပူနိုင်ငံသားများသည် နယူးဇီလန်တွင် နိုင်ငံခြားသားများသို့ နေအိမ်ရောင်းချမှုများပိတ်ပင်မည့် အငြင်းပွားဖွယ်ဥပေဒမှ ကင်းလွတ်ခွင့်ရပြီဖြစ်သည်။
နယူးဇီလန်အိမ်ခြံမြေများကို နိုင်ငံခြားသားများသို့ ရောင်းချမှုအား တားမြစ်မည့် အငြင်းပွားဖွယ်ဥပဒေကြမ်းတစ်ခုမှ ကင်းလွတ်ခွင့်ရရှိထားသူများစာရင်းတွင်
သြစတြေးလျနိုင်ငံသားများနှင့် အချို့သောဗီဇာအမျိုးအစားကိုင်ဆောင်သူများအပြင် စင်္ကာပူနိုင်ငံသားများလည်း ပါဝင်လာပြီဖြစ်ကြောင်း သိရသည်။
စင်္ကာပူနိုင်ငံသားများအား နယူးဇီလန်တွင် အိမ်ခြံမြေဝယ်ယူခွင့်ပြခြင်းဖြင့် စင်္ကာပူသည် ၎င်းဥပဒေကြမ်းမှ ကန့်သတ်ခံရသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာမည်ဖြစ်ကြောင်း နယူးဇီလန်အစိုးရက ကြေညာလိုက်ပြီဖြစ်သည်။
နယူးဇီလန်အိမ်ခြံမြေများကို နိုင်ငံသားများက ဝယ်ယူနိုင်စွမ်းကျဆင်းလာမှုမှာနယူးဇီလန်အိမ်ခြံမြေဈေးကွက်အတွင်း နိုင်ငံခြားသားများများစွာ ပါဝင်လှုပ်ရှား
နေကြခြင်းကြောင့်ဖြစ်သည်ဟု ၎င်းဥပဒေကြမ်းအား ထောက်ခံအားပေးသူများက စွပ်စွဲနေကြသည်။
စင်္ကာပူဝယ်လက်များအတွက် ခွင့်ပြုမှုအပြင် နယူးဇီလန်အစိုးရက မူလက ပြဋ္ဌာန်းထားသော တိုက်ခန်းဝယ်ယူမှုဆိုင်ရာစည်းမျဉ်းများကို စင်္ကာပူနှင့်
အထက်ပါခွင့်ပြုထားသော နိုင်ငံခြားသားဝယ်လက်များအတွက် ဖြေလျှော့မည်ဖြစ်ကြောင်းလည်း ကြေညာခဲ့သည်။
ယင်းက ၎င်းနိုင်ငံခြားသားဝယ်လက်များအား တိုက်ခန်းဝယ်ယူမှုအစီအစဉ်များ ဆက်လက်ခွင့်ပြုအားပေးရာရောက်ကြောင်း ကုန်သွယ်ရေးဝန်ကြီး ဒေးဗစ်ပါကာက ပြောကြားခဲ့သည်။
ဘဏ္ဍာရေးနှင့် အသုံးစရိတ်ရေးရာ ကော်မတီအဖွဲ့ဝင်တို့မှ တင်ပြခဲ့သော ယင်းဥပဒေကြမ်းက အော့ကလန်မြို့ကြီးရှိ အိမ်ရာသစ်တွင် ရင်းနှီးမြှုပ်နှံမှုကို
ထိခိုက်စေနိုင်သည်ဟုဆိုကာ ပြည်တွင်းပြည်ပအဖွဲ့အစည်းများက ၎င်းဥပဒေကြမ်းကို ဝေဖန်နေကြပြီး နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ၎င်းအား ခွဲခြားဆက်ဆံမှုတစ်ခုအဖြစ် သမုတ်ထားကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com