အိမ်ရာပိုင်ဆိုင်မှုများ မြှင့်တင်ပေးနိုင်ရန်အတွက် မြို့ကြီးများတွင် အိမ်ရာ များကိုဦးစားပေးအနေဖြင့် ခန့်မှန်းတွက်ချက်၍ အကောင်အထည်ဖော်ဆောင် ရွက်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးမြင့်ထံမှ သိရသည်။
ထို့အပြင် ပြည်တွင်းက မြို့ပေါင်း ၁၀ဝတို့တွင် ဝန်ထမ်းအိမ်ရာနှင့် အငှား အိမ်ရာများ ဆောက်လုပ်သွားရန် စီစဉ်ထားသလို သင့်လျော်သည့် အိမ်ရာ ပိုင်ဆိုင်မှုနည်းပါးနေသည့်အတွက် ယင်းကဲ့သို့ ဆောင်ရွက်ခြင်းလည်းဖြစ်သည်။
"တည်နေရာစီမံခန့်ခွဲမှုတွေအရ အရေးကြီးတဲ့ မြို့ကြီးတွေကို ဦးစားပေးပြီးတော့ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ လားရှိုး၊ ထားဝယ်တို့အပါအဝင်မြို့ပေါင်း ၁၀ဝ ခန့်ကို မြို့ပြဖွံ့ဖြိုးရေးအတွက် ရေးဆွဲဆောင်ရွက်နေပါတယ်" ဟု ၎င်းက ရှင်းပြသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် တစ်နိုင်ငံလုံးရှိ မြို့ပေါင်း ၃၃၀ တွင် စီမံချက်များချကာ လုပ်ငန်းများကိုလုပ်ဆောင် နေပြီး ယင်းအနက်မှ မြို့ပြဖွံ့ဖြိုးရေးအတွက် မြို့ ပေါင်း ၁၀ဝလောက်တွင် ဦးစားပေးအဖြစ် လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။
+++ အငှားအိမ်ရာ +++
ထိုသို့ဦးစားပေးအဖြစ် လုပ်ဆောင်နေသည့် မြို့ပေါင်း ၁၀ဝ တို့တွင် စီမံ ချက်လုပ်ငန်းများ၌ သဘာဝဘေးဒဏ်များကို ခံနိုင်ရည်ရှိကာ ပြောင်းလဲဖွံ့ဖြိုး တိုးတက်မှုများဖြင့် ပြောင်းလဲနိုင်သော ရှင်သန်ဖွံ့ဖြိုးသည့်မြို့များဖြစ်ပေါ်လာ စေရန်အတွက် မျှော်မှန်းချက်များဖြင့် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက် နေသလို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍လည်း အငှားအိမ်ရာများကိုပါ တည်ဆောက်ပေးသွားရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။
Credit: The Myanmar Times