ရန်ကုန်မြို့ပတ် ရထားလမ်းများရှိ ကားလမ်းကူး ရှစ်နေရာတွင် ကတ္တရာအစား ကွန်ကရစ် စလက်ပြားများ ပြောင်းလဲခင်းမည်

ရန်ကုန်မြို့ပတ် ရထားလမ်းများရှိ ကားလမ်းကူး ရှစ်နေရာတွင် ကတ္တရာအစား ကွန်ကရစ် စလက်ပြားများ ပြောင်းလဲခင်းမည် - Property News in Myanmar from iMyanmarHouse.com
19 Jun 2018 11:17 am တွင် တင်ခဲ့သည်
2945 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ပတ် ရထားလမ်းတစ်လျှောက်ရှိရထား လမ်းကို ကားလမ်းဖြတ်ကူးသည့် နေရာ (LevelCrossing) ရှစ်နေရာကို ကတ္တရာခင်းခြင်းအစား TC Pannel (ကားလမ်းကူးကွန်ကရစ်စ လက်ပြားများ)ကို ယခုနှစ်မိုးကုန်ပိုင်းတွင် ပြောင်းလဲခင်းသွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်ကပြောသည်။

ယင်း TC Pannel(ကားလမ်း ကူးကွန်ကရစ်စလက်ပြားများ)ကို အစားထိုးခင်းကျင်းခြင်းဖြင့် ကားများလျင်မြန်စွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ပြီး ယခုအခါအစားထိုး ပြင်ဆင်ခင်းကျင်းမည့် နေရာများ တွင်လေ့လာမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်ကပြောသည်။''မြို့ပတ်လမ်းအဆင့်မြှင့်တင်တဲ့လုပ်ငန်းတွေကို အမြန်ဆုံးဆောင်ရွက်နေပါတယ်။ မြို့ပတ်မှာအခက်အခဲရှိနေတာက Level Crossing တွေပါ။ ရထားနဲ့ကားလမ်းဖြတ်တဲ့ Level Crossing တွေမှာ ကြန့်ကြာ မှုတွေဖြစ်နေတာကို ဂျိုက်ကာက ကျွမ်းကျင်ပညာရှင်တွေက လေ့လာတဲ့အခါမှာ လျင်မြန်စွာဖြတ်သန်းနိုင်ဖို့ အလိုအလျောက်မောင်းတံ အပိတ်အဖွင့်စနစ်ကို တပ်ဖို့ဆောင်ရွက်နေပါတယ်။ Level Crossing မှာခင်းဖို့ တင်သွင်းတဲ့အခင်းတွေရပါပြီ။ အဲဒီအခင်းတွေ ခင်းပြီးတဲ့ အခါမှာကားတွေက ကြန့်ကြာမှုမရှိဘဲ လွယ်ကူလျင်မြန်စွာ ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။ ဒီနှစ်မိုးကုန်တာနဲ့စခင်းမယ်''ဟု ၎င်းကပြောသည်။

ယင်းနှင့်ပတ်သက်ပြီး ဇွန် ၁၆ ရက်က ရန်ကုန်ဘူတာကြီးတွင် ပြုလုပ်သည့်ရထားပြေးဆွဲမှုကို ဗဟိုဌာနမှထိန်းချုပ်သည့်စနစ်ဖြင့် နေ့/ ည ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ပစ္စည်းကိရိယာများ လှည့်လည် အသုံးပြုသည့် Electronic Inter locking System အသစ်တပ်ဆင် ပြီးစီးပြီးနောက် တရားဝင်စတင်အ သုံးပြုသော အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းကွန်ကရစ်ပြားများ အစားထိုးခင်းကျင်းခြင်းကိုအောင်ဆန်း၊ ကြို့ကုန်း၊ စီအိုင်ဒီ၊ သမိုင်းမြို့သစ်၊ ပါရမီ၊ အုတ်ကျင်း၊ ကမာရွတ်နှင့် ရွာမကျောင်းလမ်းစသည့် ရှစ်နေရာတွင် Level Crossing များတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ TC Pannel(ကား လမ်းကူးကွန်ကရစ်စလက်)ပြားများ၏ဒီဇိုင်းကို မြန်မာနိုင်ငံမှ ပညာရှင်များကရေးဆွဲပြီး ဂျပန်ပညာရှင်များ ကစစ်ဆေးကာ ထိုင်းနိုင်ငံတွင် ပြုလုပ်ရန်အပ်နှံခဲ့ခြင်းဖြစ်ကြောင်း စီမံကိန်းအင်ဂျင်နီယာ ဦးမင်းအောင်က ပြောသည်။

မန်မာ့မီးရထား၊ တိုင်းအမှတ် (၇)မှမန်နေဂျာဦးဇော်လွင်က''ရထားလမ်းနဲ့ကားလမ်းဆုံတဲ့နေရာ(Level Crossing)တွေမှာက ဘယ် လောက်ပဲ လမ်းတွေပြင်ပြင်ခဏပဲပြန်ပျက်တယ်။ ဘာလို့လဲဆိုတော့ အဲဒီနေရာတွေမှာ ကားတွေကအ ရှိန်လျှော့၊ အရှိန်တင်တာတွေ လုပ်ရတော့အောက်က ကားဘီးရပ်တဲ့ ဒဏ်ကိုကတ္တရာနဲ့ခင်းတာ မခံနိုင်ဘူး''ဟု ပြောသည်။

ရန်ကုန်မြို့ပတ်လမ်းတစ် လျှောက်တွင် ဘူတာပေါင်း ၃၈ ဘူတာ၊ ဆင်ခြေဖုံးဘူတာပေါင်း၁၇ ဘူတာရှိပြီး Level Crossing ၂၅ ခုရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။ ရန်ကုန်မြို့ပတ်ရထားလမ်း ခရီးမိုင်မှာ ၂၉ ဒသမ ၅ မိုင်ရှိပြီး နေ့စဉ် RBE တွဲဆိုင်း ၁၂ ဆိုင်း၊ ရထားကြီး ၁၃ ဆိုင်း၊ စုစုပေါင်း ၂၅ ဆိုင်းဖြင့် ခေါက်ရေ ၂၂ဝ ပြေး ဆွဲပေးနေကြောင်း တစ်ရက်လျှင် ခရီးသည် ၈၃ဝဝဝ ခန့်လိုက်ပါစီး နင်းနေကြောင်းသိရသည်။

Credit: Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြ

Shwe Moe Kaung
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service