၁။ ကြေးနီအိမ်
တည်နေရာ - စင်္ကာပူ
ထူးခြားသည့်အချက် - အိမ်အပြင်ပိုင်းရှိ ကြေးနီက ၎င်းအိမ်သည် သက်တမ်းကြာလာသည်နှင့်အမျှ တဖြည်းဖြည်းအစိမ်းရောင်ပြောင်းသွားမည့် အဓိပ္ပါယ်ဖြစ်သည်။ (ကြေးနီသည် နှစ်များစွာကြာလာပါက အစိမ်းရောင်သို့ ပြောင်းသွားသည့် ဓာတ်သတ္တိရှိသည်။)
- အိပ်ခန်း(၆)ခန်းပါဝင်ပြီး ဆန်တိုဆာကျွန်းပေါ်တွင် တည်ရှိသည့် ၎င်းအိမ်သည် ၉,၅၀၀ စတုရန်းပေ ကျယ်ဝန်းပြီး ၂၀၁၂ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။
ဈေးနှုန်း - စင်္ကာပူဒေါ်လာ ၄၈ သန်း (အမေရိကန်ဒေါ်လာ ၃၆ သန်း)
၂။ Avening ရိပ်သာ
တည်နေရာ - ယူကေ
ထူးခြားသည့်အချက် - ၁၁ ရာစုတွင် ကျော်ကြားခဲ့သည့် ပင်လယ်ဓားပြတစ်ဦး၏ နေအိမ်။
- ဤအိမ်သည် ဗြိတိသျှအိမ်ခြံမြေသမိုင်းတွင် အဓိကနေရာတစ်ခုပင်ဖြစ်သည်။ ဧက ၁၀၀ (၄၀ ဟက်တာ) ကျယ်ဝန်းသော ယင်းအိမ်ခြံဝင်းကြီးထဲတွင် နှစ် ၉၀၀ သက်တမ်းရှိ သစ်ကြားပင်က ယခုတိုင်ဝင့်ဝင့်ကြွားကြွားရှင်သန်နေဆဲ ဖြစ်သည်။
ဈေးနှုန်း - ဗြိတိသျှပေါင် ၁၁ သန်း (အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၈ သန်း)
၃။ Ocean Palms Close
တည်နေရာ - သြစတြေးလျ
ထူးခြားသည့်အချက် - အခြေခံခံတပ်အား ပြုပြင်မွမ်းမံထားခြင်း။
- ၁,၂၀၀ စတုရန်းမီတာ (၃,၉၃၇ စတုရန်းပေ) ကျယ်ဝန်းပြီး အထပ် ၄ ထပ်ရှိသည်။
ဈေးနှုန်း - သြစတြေးလျဒေါ်လာ ၂ သန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း)
၎။ M101 Skywheel
တည်နေရာ - မလေးရှား
ထူးခြားသည့်အချက် - ကမ္ဘာ့အမြင့်ဆုံးချားရဟတ်ကို ဖော်ပြရန် ပြင်ဆင်ထားခြင်း။
- အဆောက်အအုံတစ်ခု၏ ၅၃ ထပ်ပေါ်တွင် ချားရဟတ်တစ်ခု တည်ရှိနေခြင်းက ထူးခြားမှုကြီးပင် ဖြစ်သည်။ မြို့တော်ကွာလာလမ်ပူတွင် ပေါ်ပေါက်လာမည့် M101 Skywheel စီမံကိန်းသည် မြေယာဝယ်ယူ၍ အဆောက်အအုံ
ဆောက်လုပ်ရောင်းချသည့် ကုမ္ပဏီ M101 Holdings က လာမည့်ဆယ်စုနှစ်
အတွင်း ဆောက်လုပ်မည့် စီမံကိန်း ၁၀ ခုအနက် ပထမဆုံးဖြစ်သည်။ ရှုခင်းကြည့်ချားရဟတ်အောက်ရှိ အထပ်အနည်းငယ်တို့သည် အာရှ၏ ပထမဆုံးကြယ်ငါးပွင့်အဆင့်ဟိုတယ် Planet Hollywood Hotel နှင့် မလေးရှား၏ အမြင့်ဆုံးရှော့ပင်းမောလ်တို့ ဖြစ်လာမည်ဖြစ်သည်။
တစ်ခန်းလျှင် ဈေးနှုန်း - မလေးရှားရင်းဂစ် ၃ ဒသမ ၅ သန်းအထက် (အမေရိကန်ဒေါ်လာ ၈၇၇,၃၀၀ အထက်)
၅။ Villa Albergoni
တည်နေရာ - အီတလီ
ထူးခြားသည့်အချက် - ဆုများစွာနှင့် ချီးကျူးဂုဏ်ပြုမှုများစွာ ရရှိထားသည့် Call Me by Your Name ဇာတ်ကားအား ရိုက်ကူးခဲ့သည့်နေရာ။
- ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့သည့် Call Me by Your Name ဇာတ်ကား၏ တည်နေရာဖြစ်သော၁၇ ရာစုတွင် တည်ဆောက်ခဲ့သည့် Villa Alergoni အိမ်ကြီးရခိုင်သည် ယခုအခါအရောင်းဈေးကွက်ပေါ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ၎င်းအိမ်ခြံဝင်းသည် စတုရန်းမီတာ ၁,၄၀၀ (စတုရန်းပေ ၁၅,၀၀၀) ကျယ်ဝန်းသည်။
ဈေးနှုန်း - ယူရို ၁ ဒသမ ၇ သန်း (အမေရိကန်ဒေါ်လာ ၃ သန်း)
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com