ဒလတံတားဒီဇိုင်းကို ပြန်လည်ပြင်ဆင်ပြီး အမြင့်ပေထပ်တိုးပေးရန် စီစဉ်နေ

ဒလတံတားဒီဇိုင်းကို ပြန်လည်ပြင်ဆင်ပြီး အမြင့်ပေထပ်တိုးပေးရန် စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
18 Jun 2018 10:37 am တွင် တင်ခဲ့သည်
3043 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်-ဒလတံတား ဒီဇိုင်းနှင့်ပတ်သက်၍ ညှိနှိုင်းပြင် ဆင်ပြီး လက်ရှိဒီဇိုင်းရေးဆွဲထား သည့် အမြင့်ပေထက် ထပ်မံမြှင့် ရန်စီစဉ်နေကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာန ဒုညွှန်ကြား ရေးမှူးချုပ် ဦးခင်မောင်ဆွေက ပြောသည်။

‘‘တံတားဒီဇိုင်းနဲ့ပတ်သက် ပြီးတော့ ပြန်ပြီးညှိနှိုင်းဖို့ စီစဉ်နေ ပါတယ်။ အမြင့်ပေထပ်တိုးဖို့ ညှိ နှိုင်းမှာပါ’’ဟု ဦးခင်မောင်ဆွေက ပြောသည်။

မြန်မာနှင့် ကိုရီးယားချစ် ကြည်ရေး ဒလတံတားစီမံကိန်း သည် ပင်လယ်ထွက်ပေါက်နှင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပြုလုပ် နေသော Asia Wolrd ဆိပ်ကမ်း၊ အလုံဆိပ်ကမ်း၊ မြန်မာ့စက်မှုဆိပ် ကမ်း ဆိပ်ကမ်းကြီး သုံးခုအကြား တည်ရှိနေခြင်းကြောင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က တံတားအမြင့်ပေကို ၅၄ မီတာအမြင့်ထားရှိရန် တောင်းဆိုခဲ့သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာ န၏ ညှိနှိုင်းမှုအရ တံတားအမြင့် ပေကို ၄၉ မီတာနှင့် သဘောတူ ထားသည်ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ဦးဆောင်ညွှန် ကြားရေးမှူးဦးနီအောင်က ပြော ကြားသော်လည်း မြန်မာ့ဆိပ် ကမ်းအာဏာပိုင်အဖွဲ့၏ တောင်း ဆိုမှုအရ တံတားအမြင့်ပေထပ် တိုးရန် ဆက်လက်ညှိနှိုင်းမည် ဖြစ်သည်။

ပို့ဆောင်ဆက်သွယ်ရေး ၀န် ကြီးဌာနအောက်ရှိ မြန်မာ့ဆိပ် ကမ်းအာဏာပိုင်အဖွဲ့နှင့် ဆောက် လုပ်ရေးဝန်ကြီးဌာနအကြား တံ တားတည်ဆောက်ရေး ဒီဇိုင်းညှိ နှိုင်းဆောင်ရွက်မှု မပြီးပြတ်သေး ချိန်တွင် ဒလတံတားကို လျင်မြန်စွာ အကောင်အထည်ဖော်ပေး ရေး ဒလမြို့ခံပြည်သူများက ဇွန်လ ၁၇ ရက်တွင် ဆန္ဒထုတ်ဖော် ရန် စီစဉ်နေသည်။

ဒလတံတားတည်ဆောက် ရန် ကိုရီးယားနှင့် မြန်မာနှစ်နိုင်ငံ အချိန်ယူညှိနှိုင်းခဲ့ပြီး ဆိပ်ကမ်း အာဏာပိုင်အဖွဲ့နှင့်လည်း ညှိနှိုင်းနေရခြင်းကြောင့် အချိန်ယူဆောင် ရွက်နေရကြောင်း ဦးခင်မောင် ဆွေက ရှင်းပြသည်။

ကိုရီးယားနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုရန်ပုံငွေချေးငွေ ကန် ဒေါ်လာ ၁၃၇ သန်းကျော်၊ ပြည် တွင်းရန်ပုံငွေကျပ်သန်း ၃၀ ကျော်ဖြင့် အကောင်အထည်ဖော်တည် ဆောက်မည့် ဒလတံတားပြီးစီးပါ က ဒလမြို့နယ်တွင် နေထိုင်သူ များသာမက တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ် နေထိုင်သူ များအတွက် စီးပွားရေးဖွံ့ဖြိုးရန် မျှော်လင့်ချက်တစ်ခု ဖြစ်နေ ကြောင်း ဒေသခံအချို့က ဆိုသည်။ဇွန်လ ၁၇ ရက်တွင်ပြုလုပ်မည့် ဆန္ဒထုတ်ဖော်ပွဲတွင် လူ ၁,၀၀၀ ခန့်အနည်းဆုံးပါဝင်မည်ဟု စီစဉ် သူအချို့က ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service