သီလဝါစီးပွားရေးဇုန် အပိုင်း (ခ) မြေကွက်များ ဇူလိုင်တွင် ရောင်းမည်

သီလဝါစီးပွားရေးဇုန် အပိုင်း (ခ) မြေကွက်များ ဇူလိုင်တွင် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
18 Jun 2018 10:26 am တွင် တင်ခဲ့သည်
9884 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်း ပြည်ပ စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံနိုင်ရန်အတွက် သီလဝါအထူးစီးပွားရေးဇုန် အပိုင်း (ခ) ၏ မြေကွက်များကို ဇူလိုင်လတွင် စတင်ရောင်းချမည်ဖြစ်ကြောင်း မြန်မာ-ဂျပန် သီလဝါ ဖွံ့ဖြိုးရေးလိမီတက် (MJTD) ထံမှ သိရသည်။

အပိုင်း (ခ) ၏ ပထမအဆင့်ဖြစ်သော အကျယ်အဝန်း ၇၇ ဟက်တာ (ဧက ၁၉၀ ကျော်) တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် လိုအပ်သော အခြေခံအဆောက်အဦများဖြစ်သည့် လျှပ်စစ်မီး၊ ရေ၊ လမ်းများနှင့် အခြားသောဝန်ဆောင်မှုများဖြစ်သည့် ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာများကိုလည်း ထောက်ပံ့ပေးနိုင်နေပြီဖြစ်ကြောင်း အဆိုပါကုမ္ပဏီက သတင်းထုတ်ပြန်သည်။

သီလဝါအထူးစီးပွားရေးဇုန် အပိုင်း (က) ကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ယခု ထပ်မံတည်ဆောက်ပြီးစီးနေပြီဖြစ်သည့် အပိုင်း (ခ) မြေကွက်များအရ သီလဝါအထူးစီးပွားရေးဇုန်ရှိ စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံနိုင်မည့် အကျယ်အဝန်းမှာ ၅၈၃ ဟက်တာအထိ ရှိလာမည်ဖြစ်သည်။

လက်ရှိအချိန်တွင် သီလဝါအထူး စီးပွားရေးဇုန်၌ ၂၀၁၈ ခုနှစ်တွင် နိုင်ငံပေါင်း ၁၇ ခုမှ စီးပွားရေးလုပ်ငန်းပေါင်း ၉၄ ခန့်သည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံကျော်အထိ ရင်းနှီးမြှုပ်နှံထားပြီး ယင်းအရေအတွက် ထပ်မံတိုးလာရန်ရှိသေးကြောင်း MJTD ကုမ္ပဏီထံမှသိရသည်။

လတ်တလော သီလဝါအထူးစီးပွားရေးဇုန်တွင် လုပ်ငန်းလည်ပတ်နေသော စက်ရုံများတွင် အလုပ်အကိုင်အခွင့်အလမ်းပေါင်း တစ်သောင်းကျော်အထိ ဖန်တီးပေးထားနိုင်ပြီး စက်ရုံပေါင်း ၉၀ ကျော် ပြီးစီးပါက အလုပ်အကိုင်အခွင့်အလမ်းပေါင်း လေးသောင်းခန့်အထိ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်မှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သီလဝါအထူးစီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံလျက်ရှိသော လုပ်ငန်းများမှာ အထည်ချုပ်လုပ်ငန်း၊ သံမဏိအဆောက်အအုံ ပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်း၊ ဘိလပ်မြေစက်ရုံ၊ ဆောက်လုပ်ရေးနှင့် ဆက်စပ်ပစ္စည်းများထုတ်လုပ်သော စက်ရုံများ၊ စားသောက်ကုန်စက်ရုံများ၊ ဓာတ်မြေဩဇာ ထုတ်လုပ်ခြင်း၊ လယ်ယာသုံးစက်ပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်းများအပါအဝင် လယ်ယာစိုက်ပျိုးရေး ဆက်စပ်လုပ်ငန်းများ၊ မော်တော်ယာဉ်တပ်ဆင်ခြင်းနှင့် မော်တော်ယာဉ် အပိုပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများနှင့် ဆေးဝါးနှင့်ဆေးဘက်ဆိုင်ရာပစ္စည်း ထုတ်လုပ်သည့်စက်ရုံတို့ဖြစ်ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

Shwe Moe Kaung
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service