မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ မြန်မာရွှေဥဒေါင်းမင်းနှင့် မဟာနဝရတ်မြေ ဆောက်လုပ်ရေးမှ တည်ဆောက်ထားသည် မဟာနဝရတ် ကွန်ဒို အထူးအရောင်းပြပွဲကြီးကို ၂ဝ၁၈ ခုနှစ် ၊ ဇွန်လ ၉ ရက် နှင့် ၁ဝ ရက်နေ့များ၌ ဗိုလ်တထောင်မြို့ နယ်ရှိ အဆိုပါကွန်ဒိုတွင် အောင်မြင်စွာ ကျင်းပြုလုပ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
အရောင်းပြပွဲ (၂) ရက်အတွင်း ဝယ်ယူသူများအတွက် အထူးနှုန်းထားများအပြင် KBZ Home Loan ဖြင့် ၁၅ နှစ် ပေးသွင်းနိုင်မည့် အခွင့်အရေးများဖြင့် ထည့်သွင်းရောင်းချခဲ့ရာ တန်ဖိုးငွေ ၁.၅ ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
အရောင်းပြပွဲကို စီစဉ်ကျင်းပပေးသည့် iMyanmarHouse.com ၏ Managing Director ဖြစ်သူ ဦးနေမင်းသူ မှ “ မဟာနဝရတ်ကွန်ဒိုက ၁ဝဝ% ဆောက်လုပ်ပြီးစီးနေပြီးတော့ အသင့်နေထိုင်လို့ရပါပြီ။ Downtown မှာ တည်ရှိပြီးတော့ ကွန်ဒို Facilities တွေ ၊ ကားပါကင် နဲ့ ဓာတ်လှေကား ပါဝင်ပါတယ်။ ဝယ်သူအမည်ပေါက် Owner Book ရရှိမှာ ဖြစ်ပါတယ်။ Financing ယူချင်သူများအတွက် KBZ Home Loan မှ ၁၅ နှစ် အထိ ပေးသွင်းနိုင်တဲ့ အခွင့်အရေးတွေနဲ့ ရောင်းချခဲ့ပါတယ်။ ” ဟု ပြောကြားသွားခဲ့သည်။
မဟာနဝရတ်ကွန်ဒိုသည် ဗိုလ်တစ်ထောင်ဘုရား ၊ ကြယ်ငါးပွင့်ရုံး ၊ ဘိုကလေးဈေး ၊ ဂမုန်းပွင့် နှင့် National Management Degree College တို့အနီးတွင် တည်ရှိပြီး နေထိုင်ခွင့်ကျပြီး၍ အသင့်နေထိုင်နိုင်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါကွန်ဒို၏ ဘေးတွင် မဟာနဝရတ်တာဝါကို ဆောက်လုပ်လျှက်ရှိပြီး ဆိုင်ခန်း ၊ ရုံးခန်း ဖွင့်ချင်သူများသည် iMyanmarHouse.com သို့ ဆက်သွယ် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)