ကမ္ဘာကျော် ဟဲဗီးမက်တယ်ဝိုင်း Mötley Crüe မှ ဒရမ်မာ တွမ်မီလီက လော့စ်အိန်ဂျလိနေအိမ်ကို အရောင်းဈေးကွက်တင်

ကမ္ဘာကျော် ဟဲဗီးမက်တယ်ဝိုင်း Mötley Crüe မှ ဒရမ်မာ တွမ်မီလီက လော့စ်အိန်ဂျလိနေအိမ်ကို အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
15 Jun 2018 11:50 am တွင် တင်ခဲ့သည်
2837 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော် ဟဲဗီးမက်တယ်ဝိုင်း Mötley Crüe မှ ဒရမ်မာ တွမ်မီလီက လော့စ်အိန်ဂျလိနေအိမ်ကို အရောင်းဈေးကွက်တင်လာကြောင်း ကမ္ဘာကျော်တို့၏ သတင်းများ စုစည်းတင်ပြသည့် အမေရိကန်သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

တွမ်မီလီ၏ အမည်ရင်းမှာ သောမတ်စ် လီဘေ့စ်ဖြစ်ပြီး ဂရိနိုင်ငံ၊ အေသင်မြို့၌ ၁၉၆၂ နှစ်၊ အောက်တိုဘာလ ၃ ရက်တွင် မွေးဖွားသည်။

အမေရိကန်ဂီတသမားတစ်ဦးဖြစ်ပြီး ကမ္ဘာကျော် ဟဲဗီးမက်တယ်ဝိုင်း Mötley Crüe ကို စတင်တည်ထောင်ခဲ့သူလည်း ဖြစ်သည်။

တွမ်မီလီသည် Mötley Crüe ၏ ဒရမ်မာဖြစ်သည့်နည်းတူ ရက်ပ်-မက်တယ်တီးဝိုင်း Methods of Mayhem ကိုလည်း တည်ထောင်ထားသေးသည်။

ယခုအခါ တွမ်မီလီက လော့စ်အိန်ဂျလိမြို့၊ ကာလာဘာဆက်စ်အရပ်ရှိ နေအိမ်ကို အရောင်းဈေးကွက်တင်လာသည်။

ယခင်ကလည်း အရောင်းဈေးကွက်တင်ခဲ့ဖူးသည့် ယင်းနေအိမ်တွင် အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၈ ခန်း ပါဝင်ကာ စတုရန်းပေ ၁၀၀၀၀ ခန့် အကျယ်အဝန်းရှိသည်။

တွမ်မီလီက ယင်းနေအိမ်ကို ၂၀၀၇ ခုနှစ်အတွင်း ကန်ဒေါ်လာ ၅ ဒသမ ၈၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

မူလက အရောင်းဈေးကွက်တင်ထားခဲ့ရာမှ ရောင်းမထွက်သောကြောင့် ယခုနှစ်အစောပိုင်းတွင် ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းခဲ့ပြီး ယခုအခါ ဈေးကွက်ပြန်တင်လာခြင်း ဖြစ်သည်။

၃ ထပ်အဆောက်အအုံဖြစ်ပြီး သစ်ချသား ကြမ်းခင်းများ၊ ကျောက်တုံးကောင်တာများ၊ မြင့်မားသည့် မျက်နှာကျက်များ၊ ပစ္စည်းကိရိယာ အစုံအလင် ထည့်သွင်းထားသည့် အားကစားလေ့ကျင့်ရေးခန်းမနှင့် ကား ၁၃ စင်းဆန့် ဂိုဒေါင်ကို ပြောင်းလဲမွမ်းမံထားသော ဂီတစတူဒီယိုတစ်ခုတို့ ပါဝင်သည်။

ရေတံခွန်များ ပါဝင်သည့် ခန်းမကြီး တစ်ခုကိုလည်း indoor- jungle အသွင် ဖန်တီးထားသည်။

အိမ်နောက်ဘက် ခြံဝန်းတွင် ဆားငန်ရေတို့ ဖြည့်သွင်းထားသည့် ရေကန်နှင့် BBQ နေရာတို့ ပါဝင်သည်။

လွန်ခဲ့သောနှစ်က ကန်ဒေါ်လာ ၅ သန်းခန့် ဈေးခေါ်ခဲ့သည့်နေအိမ်ကို တွမ်မီလီဂျုံးက ယခုအခါ ကန်ဒေါ်လာ ၄ ဒသမ ၆၅ သန်းသို့ ဈေးလျှော့ချပေးထားသည်။

အရောင်းဈေးကွက်တင်ပေးသည့် အကျိုးဆောင်များမှာ ဂျိုနသန် ဆစ်ဂ်ဖရိုက်နှင့် တိုမာ ဖရစ်ဒ်မန်းတို့ ဖြစ်ကြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာကျော် ဟဲဗီးမက်တယ်ဝိုင်း Mötley Crüe မှ ဒရမ်မာ တွမ်မီလီက လော့စ်အိန်ဂျလိနေအိမ်ကို အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် ဟဲဗီးမက်တယ်ဝိုင်း Mötley Crüe မှ ဒရမ်မာ တွမ်မီလီက လော့စ်အိန်ဂျလိနေအိမ်ကို အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် ဟဲဗီးမက်တယ်ဝိုင်း Mötley Crüe မှ ဒရမ်မာ တွမ်မီလီက လော့စ်အိန်ဂျလိနေအိမ်ကို အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် ဟဲဗီးမက်တယ်ဝိုင်း Mötley Crüe မှ ဒရမ်မာ တွမ်မီလီက လော့စ်အိန်ဂျလိနေအိမ်ကို အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် ဟဲဗီးမက်တယ်ဝိုင်း Mötley Crüe မှ ဒရမ်မာ တွမ်မီလီက လော့စ်အိန်ဂျလိနေအိမ်ကို အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် ဟဲဗီးမက်တယ်ဝိုင်း Mötley Crüe မှ ဒရမ်မာ တွမ်မီလီက လော့စ်အိန်ဂျလိနေအိမ်ကို အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် ဟဲဗီးမက်တယ်ဝိုင်း Mötley Crüe မှ ဒရမ်မာ တွမ်မီလီက လော့စ်အိန်ဂျလိနေအိမ်ကို အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် ဟဲဗီးမက်တယ်ဝိုင်း Mötley Crüe မှ ဒရမ်မာ တွမ်မီလီက လော့စ်အိန်ဂျလိနေအိမ်ကို အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
Shwe Moe Kaung
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service