စင်္ကာပူတွင် အိမ်ဈေးမြင့်တက်မှုနှုန်းများသည် ၂၀၁၇ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း ၁ ဒသမ ၀ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့ပြီးနောက် ၂၀၁၈ ပထမသုံးလပတ်တွင် ၄ ဒသမ ၀ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့သည်။
ယင်းသည် အာရှတွင် ဟောင်ကောင်ပြီးလျှင် ဒုတိယအမြင့်မားဆုံးနှုန်းဖြစ်ကြောင်း S&P Global Ratings အကဲဖြတ်ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။
ကမ္ဘာ့စီးပွားရေးစွမ်းဆောင်ချက်အခြေအနေ တိုးတက်လာသဖြင့် စင်္ကာပူရှိ ပုဂ္ဂလိကအိမ်ရာများ ဈေးနှုန်းများ မြင့်တက်လာသည်ကို တွေ့ရကြောင်း S&P Global Asia-Pacific ၏ စီးပွားရေးပညာရှင် ဗီရှရွတ်ရာနာက ပြောကြားခဲ့သည်။
သို့သော်လည်း စင်္ကာပူတွင် အစိုးရမတည်သော အိမ်ရာများမှာမူ ဈေးနှုန်းအနည်းငယ်ကျဆင်းနေဆဲဖြစ်သည်။
စင်္ကာပူသည် ယေဘုယျအားဖြင့် အိမ်ဈေးများ ကျဆင်းမည့် အာရှ၏ အလားအလာနှင့် ဆန့်ကျင်နေကြောင်း S&P Global Ratings က မှတ်ချက်ပြုခဲ့သည်။
အထူးသဖြင့် တရုတ်နှင့် သြစတြေးလျတို့ရှိ ပထမတန်းစားမြို့ကြီးများတွင် အိမ်ရာဈေးများ ကျရိပ်ပြနေသည်။
ဟောင်ကောင်တွင်မူ စင်္ကာပူထက်ပင် ပိုမိုလျင်မြန်စွာ ဈေးနှုန်းများမြင့်တက်လျက်ရှိသည်။ ပထမသုံးလပတ်အတွင်း ဟောင်ကောင်၌ စတုရန်းပေ ၁၀၇၆ ပေအောက် အကျယ်အဝန်းရှိ အိမ်များက ဈေးနှုန်းမြင့်တက်မှုနှုန်းအမြင့်ဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com