ပင်လယ်ကွေ့ငွေကြေးရန်ပုံငွေက ကမ္ဘာ့အကြီးဆုံးအိမ်ခြံမြေရင်းနှီးမြှုပ်နှံသူဖြစ်

ပင်လယ်ကွေ့ငွေကြေးရန်ပုံငွေက ကမ္ဘာ့အကြီးဆုံးအိမ်ခြံမြေရင်းနှီးမြှုပ်နှံသူဖြစ် - Property News in Myanmar from iMyanmarHouse.com
14 Jun 2018 10:45 am တွင် တင်ခဲ့သည်
2650 ကြိမ် ကြည့်ရှု့ပြီး
အဘူဒါဘီအချုပ်အခြားအာဏာပိုင်ငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကာတာအချုပ်အခြာအာဏာပိုင်ငွေကြေးရန်ပုံငွေအဖွဲ့တို့က ကမ္ဘာ့အကြီးဆုံးအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းငါးခုအနက် ပါဝင်ရပ်တည်လျက်ရှိသည်။

ကမ္ဘာ့ထိပ်တန်းအိမ်ခြံမြေရင်းနှီးမြှုပ်နှံသူ ၁၀၀ စာရင်းတွင် ပင်လယ်ကွေ့နိုင်ငံ
များမှ ငွေကြေးရန်ပုံငွေအဖွဲ့များက လွှမ်းမိုးခဲ့ကြောင်း သိရသည်။

အမေရိကန်ဒေါ်လာ ၆၂ ဒသမ ၁ ဘီလျံဖိုး အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများဖြင့် အဘူဒါဘီရင်းနှီးမြှုပ်နှံမှုအာဏာပိုင်အဖွဲ့ (ADIA) က အိမ်ခြံမြေဈေးကွက်
ဆန်းစစ်လေ့လာရေးအဖွဲ့ IPE Real Estate ၏ အထက်ပါကမ္ဘာ့ထိပ်တန်း
အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူ ၁၀၀ စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။

ADIA ပြီးလျှင် နယ်သာလန်ငွေကြေးရန်ပုံငွေအဖွဲ့၊ ဂျာမနီငွေကြေးရန်ပုံငွေအဖွဲ့
နှင့် ပြင်သစ်ငွေကြေးရန်ပုံငွေအဖွဲ့တို့ပြီးနောက် ကာတာရင်းနှီးမြှုပ်နှံမှု
အာဏာပိုင်အဖွဲ့ (QIA) က အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃၅ ဘီလျံဖြင့် ကမ္ဘာ့ပဉ္စမမြောက်အကြီးဆုံးအိမ်ခြံမြေရင်းနှီးမြှုပ်နှံသူအဖြစ် စာရင်းတွင် ဖော်ပြခံခဲ့ရသည်။

AIDA သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၈၂၈ ဘီလျံဖြင့် ကမ္ဘာ့တတိယအကြီးဆုံးအချုပ်အခြာအာဏာပိုင်ငွေကြေးရန်ပုံငွေအဖွဲ့ဖြစ်သည်။ ၎င်းသည် ယူအေအီးနိုင်ငံ အဘူဒါဘီမြို့ရှိ ရေနံသိုက်များကို စီမံခန့်ခွဲသည်။

AIDA သည် နယူးယောက်ရှိ Waterline Square စီမံကိန်း၊ ပဲရစ်ရှိ Bouygues
Batiment Ile-de-France ၃၈ ထပ်ရုံးအဆောက်အအုံစီမံကိန်းနှင့် ဆွစ်ဇာလန်ရှိ Mall of Switzerland တို့တွင် ရှယ်ယာပါဝင်ထားသည်။ QIA က လန်ဒန်ရှိ The Shard and Canary Wharf ကဲ့သို့ ထိပ်တန်းအထင်ကရအိမ်ခြံမြေများတွင် ရင်းနှီးမြှုပ်နှံထားပြီး အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Empire State Realty Trust တွင် ငွေကြေးရင်းနှီးမြှုပ်နှံထားကာ နယူးယောက်ရှိ Empire State Building အဆောက်အအုံ၏ ပိုင်ရှင်အဖြစ်လည်း ကျော်ကြားသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

Shwe Moe Kaung
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service