ဧရာဝတီတိုင်းရှိ မြေ ၂၇ဝဝ ဧက ပေါ်တွင် တည်ဆောက်နေသော စက်မှုမြို့တော် စီမံကိန်း

ဧရာဝတီတိုင်းရှိ မြေ ၂၇ဝဝ ဧက ပေါ်တွင် တည်ဆောက်နေသော စက်မှုမြို့တော် စီမံကိန်း - Property News in Myanmar from iMyanmarHouse.com
13 Jun 2018 11:50 am တွင် တင်ခဲ့သည်
3460 ကြိမ် ကြည့်ရှု့ပြီး
လူဦးရေ ၆သန်းခန့် နေထိုင်သော ဧရာဝတီတိုင်းဒေသကြီးအတွင်း နိုင်ငံတကာအဆင့်မီ စက်မှုမြို့တော် တစ်ခုကို စတင်တည်ဆောက်နေပြီဖြစ်သည်။

ယင်းစက်မှုမြို့တော်သည် ပုသိမ်-ငပုတောအမြန်လမ်းပေါ်တွင်တည်ဆောက်နေခြင်းဖြစ်ပြီး ပုသိမ်မြို့မှ သွားရောက်ပါက အကွာအဝေးအနည်းငယ်သာကြာကြောင်း၊စီမံကိန်းကိုနိုင်ငံတကာအကြံပေးအဖွဲ့အစည်းများ၊နည်းပညာကုမ္ပဏီများ၊EIA/SIA အဖွဲ့များ ပူးပေါင်း၍ မြေ ၂၇ဝဝ ဧက ပေါ်တွင် တည်ဆောက်နေခြင်းဖြစ်သည်။

ယင်းစက်မှုမြို့တော်တွင် စက်မှုဇုန်၊လူနေမှုအဆင့်မြင့်စေရန် လုံးချင်း နှင့် အထပ်မြင့်အိမ်ရာစီမံကိန်းများ၊ရုံးခန်းများပူးတွဲတည်ဆောက်သွားမည်ဖြစ်သည်။

ဆိပ်ကမ်းစီမံခန့်ခွဲရေးစနစ်ဆောင်ရွက်ထားပုံမှာ လာရောက်ရင်းနှီးမြှုပ်နှံသူများအတွက် သွင်းကုန်ထုတ်ကုန်လုပ်ငန်းများ အား One Stop Service အနေဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

စက်မှုထုတ်ကုန်များအတွက် ရေအရင်းအမြစ်ဆိုင်ရာပံ့ပိုးနိုင်ရန် ရေချိုသန့်စင်သည့် စနစ်အပြင် ခေတ်မီနည်းပညာအသုံးပြု၍ စွန့်ပစ်ရေဆိုးများပြန်လည်သန့်စင်ပေးနိုင်မည့် စနစ်များကို ထည့်သွင်းတည်ဆောက်ရန်စီစဉ်ထားကြောင်းသိရသည်။

စက်မှုမြို့တော် စီမံကိန်းကြီးတစ်ခုလုံးအတွက် လျှပ်စစ်မီးဝန်ဆောင်မှုကို မဟာဓာတ်အားလိုင်းမှ တိုက်ရိုက်သွယ်တန်းပြီးကိုယ်ပိုင်လျှပ်စစ်ဓာတ်အားခွဲရုံမှပေးဝေးနိုင်မည် ဖြစ်သည်။

ယင်းအပြင်စက်မှုမြို့တော်တစ်ခုလုံးကို ခေတ်မီ လုံခြုံရေးစနစ်ထည့်သွင်းတည်ဆောက်မည်ဖြစ်ပြီး ကျန်းမာရေးအတွက် အဆင့်မြင့်ဆေးခန်း၊မီးဘေးအန္တရာယ်အတွက် မီးသတ်စခန်း၊ငွေကြေးဆိုင်ရာလုပ်ငန်းများအတွက်ဘဏ်လုပ်ငန်းများ၊စီးပွားရေးလုပ်ငန်းများအတွက် ကုန်သွယ်မှုဆိုင်ရာဌာနများ၊ဈေးဝယ်စင်တာများ၊အပန်းဖြေဥယျာဉ်များကို နိုင်ငံတကာအဆင့်မီ ထည့်သွင်းတည်ဆောက်သွားမည်ဟု သိရသည်။

ဧရာဝတီတိုင်းဒေသကြီးသည် ပင်လယ်နှင့် ထိစပ်နေသည့် ဒေသဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ စပါးထွက်ရှိမှုမှာ တစ်နိုင်ငံလုံး၏ ၃ဝ ရာခိုင်နှုန်းထွက်ရှိသော ဒေသဖြစ်သည်။ယင်းစက်မှုမြို့တော်တည်ဆောက်နေသော ပုသိမ်မြို့သည် ရန်ကုန်မြို့မှမော်တော်ယာဉ်ဖြင့် ၄နာရီ ခန့်အကွာတွင် တည်ရှိသည့်အတွက် သွားလာရေးလွယ်ကူလျင်မြန်သောကြောင့် ရင်းနှီးမြှုပ်နှံလိုသူများစိတ်ဝင်စားလျက်ရှိသည်။

Credit: Pyi Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

imyanmarmarket
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service