စက်မှုဇုန်သစ်များ အကောင်အထည်ဖော်မည့်အစား ရှိပြီးသားစက်မှုဇုန်များကို အဆင့်မြှင့်တင်ရန် လွှတ်တော်အမတ်များ တိုက်တွန်း

စက်မှုဇုန်သစ်များ အကောင်အထည်ဖော်မည့်အစား ရှိပြီးသားစက်မှုဇုန်များကို အဆင့်မြှင့်တင်ရန် လွှတ်တော်အမတ်များ တိုက်တွန်း - Property News in Myanmar from iMyanmarHouse.com
13 Jun 2018 11:14 am တွင် တင်ခဲ့သည်
2785 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီး စည်ပင်ပြင်ပ ၁၁ မြို့နယ်တွင် နိုင်ငံတကာအဆင့်မီ စက်မှုဇုန်များ အကောင်အထည်ဖော်မည့်အစားရှိပြီးသားစက်မှုဇုန်များကို နိုင်ငံတကာအဆင့်မီ လုပ်ဆောင်စေလိုကြောင်း တိုင်းလွှတ်တော်ကိုယ် စားလှယ်အချို့က အကြံပြုသည်။

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဇွန်လ ၅ ရက်တွင် ၁၁ မြို့နယ်၌ နိုင်ငံတကာအဆင့်မီ စက်မှုဇုန်များအကောင် အထည်ဖော်ဆောင်ရွက်မည့် အစီရင်ခံစာကို တိုင်းလွှတ်တော်သို့ တင်သွင်းခဲ့သည်။

ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေး၊ သန်လျင်၊ ကျောက် တန်း၊ ခရမ်း၊ သုံးခွ၊ တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူးနှင့် ထန်းတပင်ဟူသည့် ၁၁ မြို့နယ်တွင် နိုင်ငံတကာအဆင့်မီ စက်မှုဇုန်များထူ ထောင်မည်ဖြစ်ကြောင်း ယင်းအစီ ရင်ခံစာ၌ ဖော်ပြထားသည်။

အစီရင်ခံစာနှင့်ပတ်သက်၍ ဇွန်လ ၁၂ ရက် တိုင်းလွှတ်တော် အစည်းအဝေး
တွင် ဦးဇော်မိုးလွင်၊ ဦးရန်ရှင်း၊ ဒေါ်သီတာမောင်၊ ဦးကျော်ဇေယျ အပါအဝင်
ကိုယ် စားလှယ်ခြောက်ဦးက ဆွေးနွေးခဲ့သည်။

လက်ရှိ ရန်ကုန်တိုင်းတွင် တည်ဆောက်ပြီးသား စက်မှုဇုန် များ၌ ရေ၊ မီးမပြည့်စုံခြင်း၊ လမ်း ပန်းဆက်သွယ်ရေးမကောင်းမွန် ခြင်း၊ အလုပ်ရှင်၊ အလုပ်သမား ပြဿနာရှိနေခြင်း၊ တရားဥပဒေ စိုးမိုးမှုအားနည်းခြင်းများရှိနေ၍ စက်မှုဇုန်များကို ဦးစွာ ပြီးပြည့်စုံအောင် ဆောင်ရွက်သင့်ကြောင်း ဒဂုံမြို့နယ် တိုင်းလွှတ်တော်အ မတ် ဦးကျော်ဇေယျက ပြောကြား သည်။

‘‘တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့ ဖြစ်သင့်၊ ဖြစ်ထိုက်တဲ့ဟာမျိုးကိုပဲ လုပ်စေချင်ပါတယ်။ မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့ဟာတွေကို အိပ်မက်လှလှ မက်နေမယ် ဆိုရင်တော့ ၂၀၂၀ ကလည်း နီး လာပါပြီ။ ဒါလေးတွေက အကျိုးသက်ရောက်မှုရှိသွားနိုင်ပါတယ်’’ ဟု ၎င်းက ပြောသည်။

ထို့ပြင် ၁၁ မြို့နယ်ကို တစ်ပြိုင်နက်တည်း အကောင်အထည် ဖော်မည့်အစား တောင်ပိုင်းနှင့် မြောက်ပိုင်းခရိုင်မှ တစ်မြို့နယ်စီ စံပြအနေဖြင့် လုပ်ကိုင်ပြီးမှ စီမံ ချက်ချပါက ပိုမိုကောင်းမွန်နိုင် ကြောင်း ဦးကျော်ဇေယျက အကြံ ပြုတိုက်တွန်းသည်။

‘‘လက်ရှိ စက်မှုဇုန်တွေမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် မဟုတ်ဘဲ မြေဈေးကစားဖို့ ဝယ်ယူထားတဲ့ မြေဧကတွေ ထောင်ချီရှိနေပါ တယ်။ ဒါတွေကို အစိုးရအဖွဲ့အ နေနဲ့ မူလစာချုပ်ပါအတိုင်း ပြန် လည်သိမ်းယူပြီး စီမံခန့်ခွဲသင့်ပါ တယ်’’ ဟု စက်မှုဇုန်စီမံကိန်းများ နှင့်ပတ်သက်၍ မရမ်းကုန်းမြို့ နယ် တိုင်းလွှတ်တော်အမတ် ဦးရန် ရှင်းက ပြောသည်။

စက်မှုဇုန်မြေနေရာ ပြုလုပ် ရန် ကွမ်းခြံကုန်းနှင့် သုံးခွမြို့နယ် တွင် ဧကနှစ်ထောင်ခန့် လျာထား ပြီး သန်လျင်၊ ကျောက်တန်း၊ ထန်းတပင်မြို့နယ်တွင် ဧကတစ် ထောင်ကျော်၊ ကော့မှူး၊ တွံတေး၊ ခရမ်း၊ တိုက်ကြီး၊ မှော်ဘီနှင့် လှည်းကူးမြို့နယ်တွင် ဧကတစ် ထောင်ခန့် အကောင်အထည်ဖော် ရန် လျာထားကြောင်း ဦးမောင် မောင်စိုးက စီမံကိန်းတင်သွင်းရာ တွင် ပြောသည်။

ရွေးချယ်ထားသည့် စက်မှုဇုန်မြေနေရာများကို ပထမအဆင့် မြို့ပြစီမံကိန်းအဖြစ် သတ်မှတ်ပြီး မြေပိုင်ရှင်တောင်သူများက ၂၀ ရာ ခိုင်နှုန်းနှင့် နိုင်ငံတော်အစိုးရက ၈၀ ရာခိုင်နှုန်း အကျိုးအမြတ်ခွဲဝေ ရန် စီစဉ်ထားကြောင်း ၎င်းက ရှင်းပြသည်။

မြို့နယ်များကို နိုင်ငံတကာ အဆင့်မီ စက်မှုဇုန်များ ထူထောင် ခြင်းဖြင့် ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူများအလုပ်အကိုင်ရရှိရေးဖော် ဆောင်ပေးနိုင်မည့်အပြင် ရန်ကုန်မြို့တော်၏ လူဦးရေသိပ်သည်း ကျပ်တည်းမှုများနှင့် ယာဉ်ကြော ပိတ်ဆို့မှုများကိုလည်း အထိုက်အလျောက် လျော့နည်းစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း မြို့တော်ဝန်က ပြောသည်။

မြို့နယ်တစ်ခုချင်းအလိုက် စက်မှုဇုန်ဖော်ဆောင်ခြင်းဖြင့် ရရှိ လာမည့် ဝင်ငွေများကို အဆိုပါ မြို့နယ်တစ်ခုချင်းစီ၏ မြို့ပြနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများအတွက် ပြန်လည်သုံးစွဲ နိုင်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါစီမံကိန်း အစီရင်ခံ စာကို ဇွန်လ ၁၃ ရက်(ယနေ့)တွင် ကျန်ရှိသည့် လွှတ်တော်ကိုယ်စား လှယ်များက ဆက်လက်ဆွေးနွေး မည်ဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြ
ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
CarsDB
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service