ကမ္ဘာ့ဘဏ်ချေးငွေ ကန်ဒေါ်လာ ၂၅ သန်းဖြင့် ဆောင်ရွက်နေတဲ့ ဗဟိုဘဏ်လုပ်ငန်းအစီအစဉ်တွေကို ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
Financial Sector Development Project အောက်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ကမ္ဘာ့ဘဏ်ထံက ကန်ဒေါ်လာ ၂၅ သန်း
အသုံးပြုပြီး စီမံကိန်း ၄ ခုအကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။
ဗဟိုဘဏ်အနေနဲ့ Training Center Development and Legal and Regulatory Advisory/ Consultant/ Capacity Building
အကောင်အထည်ဖော်ဖို့ ကန်ဒေါ်လာ ၆ သန်းအသုံးပြုသွားမယ်လို့ သိရပါတယ်။
Restructure/Modernized the CBM အဖြစ် လိုအပ်လျက်ရှိတဲ့IT System/HR Development/ IT Consultant အတွက် ကန်ဒေါ်လာ ၂ သန်းအသုံးပြုသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် Enhance the Payment System အကောင်အထည်ဖော်ရာမှာ ကန်ဒေါ်လာ ၁၆ သန်းအသုံးပြုသွား မှာဖြစ်ပါတယ်။PCU ခေါင်းစဉ်ဖြင့် Office Equipment, Training, PM and FM Consultants Fees အတွက် ကန်ဒေါ်လာ ၁ သန်းအသုံးပြုသွားမှာဖြစ်တယ်လို့ ဗဟိုဘဏ်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေဖို့ နိုင်ငံပိုင်ဘဏ်များ ပြုပြင်ပြောင်းလဲရေး ငွေကြေးကဏ္ဍ နဲ့စပ်လျဉ်းတဲ့ လုပ်ထုံးလုပ်နည်းများ ဥပဒေများကို ခေတ်နဲ့အညီပြင်ဆင်ရေးနဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့တိုးတက်ဖို့ ကမ္ဘာ့ဘဏ်နှင့်ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။
Credit: SFJ Strategy First Journal