စက်မှုဇုန်လုပ်ငန်းအများစုရှိရာ လှိုင်သာယာမြို့ နယ်တွင် ထပ်မံပြီး တိုးချဲ့တည်ဆောက်လိုသော ရင်းနှီးမြှပ်နှံလိုသူတွေအတွက် ကြီးမားသော အခက်အခဲတစ်ခုနှင့် ကြုံတွေ့ နေရသည်။
ယင်းပြသနာမှာ စက်မှုဇုံများအနီး ရွေ့ပြောင်းအခြေချ နေထိုင်သူ သို့ မဟုတ် ကျူးကျော်များသာဖြစ်သည်။
“ နိုင်ငံတကာ လာပြီး ရင်းနှီးမြှပ်နှံသူတွေက ဒီကျူးကျော်တွေ ကိုတွေ့ သွားပြီး လုပ်ငန်းမလုပ်ချင်တော့လို့  လှည့်ပြန်သွားတာတွေလည်းရှိတယ် “ ဟု စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။
တနေ့ တခြား အရေအတွက်များပြားလာသည့် ကျူးကျော်များ ကြောင့်စက်မှုဇုန်အချို့ မှာ မီးဘေးအန္တရယ် ကိုပါ စိုးရိမ် နေရပြီဟု ၄င်းကဆက်လက်ပြောကြားသည်။
လူ့ အခွင့်အရေးရှုထောင့်မှကြည့်ရှုမည်ဆိုပါက ၄င်းတို့သည် နိုင်ငံသားများဖြစ်နေခြင်း၊ နေစရာမရှိ၍သာ အခြေအနေအရ နေထိုင်နေရခြင်းတို့ ကြောင့် အစိုးရဘက်မှ အမြန်ဆုံးကိုင်တွယ်ဖြေရှင်းရန် လုပ်ငန်းရှင်များက ဆန္ဒဖြစ်ပေါ်နေသည်။
အမှန်တကယ် ကျူးကျော် သူများကို ၎င်းတို့၏ဘ၀ပြန်လည် ထူထောင်ရေး ကူညီမည်ဖြစ်ကြောင်း တိုင်းအစိုးရက ပြောထားသော်လည်း မည်ကဲ့သို့စီစဉ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကို တိတိကျကျပြောကြားထားခြင်း မရှိသေးတာလဲဖြစ်ပါတယ်။
လက်ရှိမှာတော့ ရန်ကုန်တစ်မြို့ လုံးက ကျူးကျော်တွေကို လက်ဗွေနှိပ်ပြီး စမတ်ကတ်ထုတ်ပေးပြီးနောက် ထပ်မံပြီး အစိုးရဘက်မှ အစီအမံများ ကို ထပ်မံမြင်တွေ့ ရခြင်းလဲမရှိတော့ပေ။
စက်မှုဇုန်များအနီး ကျူးကျော်အရေအတွက်များပြားလာခြင်းက တစ်ဖက်တွင် စက်မှုဇုံများအတွက် လိုအပ်နေသော လုပ်သားလိုအပ်ချက်ကို ကျူးကျော်များမှ အများဆုံးရလေ့ရှိသော်လည်း စက်မှုဇုန်အများစုသည် ကျူးကျော်များမှ စွန့် ပစ်သော အမှိုက် ၊မိလ္လာ နှင့် အခြားလူမှုဆိုးကျိုး များကို နေ့ စဉ်ခံစားနေရမှုများလည်းရှိသည်။
ရန်ကုန်တိုင်းရှိ ကျူးကျော် နေထိုင်သူ အများစုသည် စက်မှု ဇုန်များတွင်ရှိနေပြီး စီးပွားရေးဖွံ့ ဖြိုးမှုအတွက် စက်မှုဇုန်များအဆင့် မြှင့်တင်ရန် စီစဉ်မှုတွင်လည်း စိန် ခေါ်မှုတစ်ခုဖြစ်နေသည်ဟု ရန်ကုန်တိုင်းဝန် ကြီးချုပ်က ပြောကြားထားသည်။
ရန်ကုန်တိုင်းအတွင်း ကျူး ကျော်နေထိုင်သူ အိမ်ထောင်စု ပေါင်းတစ်သိန်းခွဲကျော်ရှိပြီး ၎င်း တို့အား အိမ်ရာအဆောက်အအုံ ရရှိရေးကို တိုင်းဒေသကြီးအစိုးရ က စီမံချက်တစ်ရပ် ရေးဆွဲဆောင် ရွက်မည်ဟု စက်တင်ဘာ ၂၃ ရက်က ဒုသမ္မတနှင့် စီးပွားရေး လုပ်ငန်းရှင်များ(၁၀)ကြိမ်မြောက် တွေ့ဆုံပွဲတွင် ၀န်ကြီးချုပ်ဦးဖြိုး မင်းသိန်းက ဆိုသည်။
‘‘ ကျူးကျော်နေထိုင်သူတွေ မှာ အလုပ်အကိုင်အခွင့်အလမ်း တွေ ရှိတယ်။ အလုပ်ရှိပေမယ့် အိမ်မြေ၀ယ်ယူနိုင်ခြေမရှိဘူး။ အလုပ်အကိုင်ကို အာမခံပြီး အိမ်ရာ ထူထောင်ပေးဖို့ အစိုးရက စီစဉ် နေတယ် ’’ဟု ၀န်ကြီးချုပ်က ဆို သည်။
ကျူးကျော်များ အိမ်ရာထူ ထောင်ပေးမည့် စီမံကိန်းကို အစိုးရလက်ကျန်သက်တမ်း သုံးနှစ်အ တွင်း ဆောင်ရွက်မည်ဟု ၎င်းက ပြောသည်။ ကျူးကျော်များအတွက်အိမ်ရာကို တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမျှတအဖြစ် အဆင့်ဆင့် သတ်မှတ်ကာ တစ်နေရာတည်း တွင် စုစည်းတည်ဆောက်မည်ဟု ၎င်းကပြောသည်။
အဆိုပါအိမ်ရာများကို ရန် ကုန်အရှေ့ဘက်ခြမ်း ဒဂုံမြို့သစ် လေးမြို့နယ်တွင် လည်းကောင်း၊ အနောက်ဘက်ခြမ်း လှိုင်သာ ယာနှင့် ရွှေပြည်သာတို့ တွင်လည်း ကောင်း ဆောက်လုပ်မည်ဟု ဦး ဖြိုးမင်းသိန်းက ထည့်သွင်းပြော ကြားသည်။
ထိုသို့ အိမ်ရာတည်ဆောက် မှုများကို ပွင့်လင်းရာသီတွင် စတင်နိုင်ရန် လုပ်ဆောင်နေသည် ဆိုသော်လည်း ယခုအချိန်ထိ တည်ဆောက်မည်ဆိုသည့် မြေ နေရာကို မသိရသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့ သစ်(တောင်ပိုင်း)မြို့နယ် မဲဆန္ဒ နယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီ ညီကဆိုသည်။
ထို့ ကြောင့် စက်မှုဇုန်များတွင် ရင်းနှီးမြှပ်နှံသူများအနေဖြင့် ကျူးကျော်များကပေးသော စိန်ခေါ်မှု ကို ရင်ဆိုင်ဖြေရှင်းရန်အချိန် ရောက်ရှိလာပြီဖြစ်သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com