သမီးရဲ့မင်္ဂလာဆောင်ပွဲ အတွက် ဆင်းရဲသားများကို အိမ်အလုံး (၉၀) လှူဒါန်းပေးခဲ့တဲ့ ဖခင်တစ်ဦး

သမီးရဲ့မင်္ဂလာဆောင်ပွဲ အတွက် ဆင်းရဲသားများကို အိမ်အလုံး (၉၀) လှူဒါန်းပေးခဲ့တဲ့ ဖခင်တစ်ဦး - Property News in Myanmar from iMyanmarHouse.com
12 Jun 2018 12:20 pm တွင် တင်ခဲ့သည်
4230 ကြိမ် ကြည့်ရှု့ပြီး
အိန္ဒိယနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဟာ သူရဲ့သမီးမင်္ဂလာဆောင်အတွက် မင်္ဂလာခန်းဝင်စရိတ်ကို အများအပြားသုံးမယ့်အစား မရှိဆင်းရဲများအတွက် အိမ်အလုံးကိုးဆယ်ကို ဆောက်လုပ်လှူဒါန်းပေးခဲ့ပါတယ်။

စပါးနဲ့ အဝတ်အထည်ကုန်သည်ဖြစ်သူ Ajay Munot ဟာ သူ့သမီးမင်္ဂလာဆောင်အတွက် အမေရိကန်ဒေါ်လာ တစ်သိန်းကျော်လောက်ကို သုံးစွဲဖို့ စီစဉ်ထားခဲ့ပေမယ့် ဒေသတွင်းက နိုင်ငံရေးသမားတစ်ဦးရဲ့အကြံပေးတိုက်တွန်းမှုကြောင့် ဆင်းရဲသားများအတွက် အိမ်လှူဒါန်းပေးဖို့ကိုသာ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

Ajay Munot ဟာ ၂ဧက အကျယ်ရှိတဲ့မြေပေါ်မှာ အိမ်အလုံး ၁၀၈လုံးကို ဆောက်လုပ်ခဲ့ပေမယ့် သမီးဖြစ်သူ မင်္ဂလာဆောင်တဲ့နေ့မှာ အိမ်အလုံးကိုးဆယ်သာ ပြီးစီးခဲ့လို့ အလုံးကိုးဆယ်ကိုပဲ လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ Ajay ရဲ့လှူဒါန်းပေးခဲ့မှုနဲ့ပတ်သတ်ပြီး မင်္ဂလာသတို့သမီးဖြစ်တဲ့ Ajay ရဲ့သမီးဟာ အတော်လေးကို ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရပါတယ်။

Ajay လှူဒါန်းပေးတဲ့ အိမ်တွေမှာ နေထိုင်ခွင့်ရဖို့အတွက် စည်းကမ်းချက်များကို ထုတ်ပြန်ထားပြီး အရက်သေစာနဲ့ မူးယစ်ဆေးဝါး သုံးစွဲသူမဟုတ်တဲ့ ရပ်ကွက်အတွင်းက တကယ့်ဆင်းရဲသားဖြစ်မှသာ နေထိုင်ခွင့်ရမှာဖြစ်ပါတယ်။ အိမ်တစ်လုံးမှာ ပြတင်းပေါက်နှစ်ပေါက် တံခါးပေါက်နှစ်ပေါက်ပါဝင်မှာဖြစ်ပြီး အိမ်တွေကို အနီရောင်နဲ့ အဖြူရောင်ဆေးများ သုတ်ပေးထားပါတယ်။

သားသမီးများ မင်္ဂလာဆောင်တဲ့အခါ မင်္ဂလာစရိတ်ကို ငွေကုန်ကြေးကျများစွာ အကုန်ခံမယ့်အစား မရှိဆင်းရဲသားတွေအတွက် မင်္ဂလာအလှူအဖြစ် လှူဒါန်းသွားသင့်ကြောင်း နိုင်ငံအတွင်းက သူဌေးသူကြွယ်များကို Ajay က တိုက်တွန်းသွားခဲ့ပါတယ်ခင်ဗျာ။

Credit: thithtoolwin
သမီးရဲ့မင်္ဂလာဆောင်ပွဲ အတွက် ဆင်းရဲသားများကို အိမ်အလုံး (၉၀) လှူဒါန်းပေးခဲ့တဲ့ ဖခင်တစ်ဦး - Property News in Myanmar from iMyanmarHouse.com
သမီးရဲ့မင်္ဂလာဆောင်ပွဲ အတွက် ဆင်းရဲသားများကို အိမ်အလုံး (၉၀) လှူဒါန်းပေးခဲ့တဲ့ ဖခင်တစ်ဦး - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service