သြစတေးလျနိုင်ငံ၊ ဝိတိုရိယပြည်နယ်တွင် နှစ်ပေါင်း ၁၆၇ နှစ်သက်တမ်းရှိ အကျဉ်းထောင်ကြီး အရောင်းဈေးကွက်ဝင်လာ

သြစတေးလျနိုင်ငံ၊ ဝိတိုရိယပြည်နယ်တွင် နှစ်ပေါင်း ၁၆၇ နှစ်သက်တမ်းရှိ အကျဉ်းထောင်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
12 Jun 2018 11:40 am တွင် တင်ခဲ့သည်
2682 ကြိမ် ကြည့်ရှု့ပြီး
သြစတေးလျနိုင်ငံ၊ ဝိတိုရိယပြည်နယ်တွင် နှစ်ပေါင်း ၁၆၇ နှစ်သက်တမ်းရှိ အကျဉ်းထောင်ကြီး အရောင်းဈေးကွက်ဝင်လာကြောင်း သြစတေးလျအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

သြစတေးလျနိုင်ငံ၊ ဝိတိုရိယပြည်နယ်၊ ကိုဘာ့ဂ်ျမြို့တွင် တည်ရှိပြီး ၁၈၅၁ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။

၁၈၅၁ ခုနှစ်တွင်ပင် ပထမဆုံးအကျဉ်းသားအသုတ်ကို ထိန်းသိမ်းထားရှိခဲ့ပြီး ၁၉၉၇ ခုနှစ်၊ မေလ ၁ ရက်တွင် တရားဝင်ပိတ်သိမ်းခဲ့သည်။

လက်ရှိပိုင်ဆိုင်ထားသည်မှာ သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းအခြေစိုက် အိမ်ခြံမြေ developer ဖြစ်သော Future Estate မှ ပိုင်ဆိုင်ထားခြင်းဖြစ်သည်။

အဆိုပါအကျဉ်းထောင်ကြီးတွင် တစ်ခေတ်တစ်ခါက အလွန်ဆိုးသွမ်းခဲ့သည့် ရာဇဝင်လူဆိုးကြီးများကို ထိန်းသိမ်းထားရှိခဲ့၏။

မာ့ခ် ချော့ပါး ရိဒ်နှင့် နောက်ဆုံးကြိုးပေးကွပ်မျက်ခံခဲ့ရသည့် လူဆိုးကြီး ရော်နယ် ရိုင်ယန်တို့ကို ထိန်းသိမ်းထားခဲ့ရာနေရာ ဖြစ်သည်။

သမိုင်းဝင်အမွေအနှစ်အဖြစ် သတ်မှတ်ထားခြင်းခံရသည့် အဆောက်အအုံကြီးလည်း ဖြစ်သည်။

အကျဉ်းခန်းပေါင်း ၁၆၀ ပါဝင်သည့်အကျဉ်းထောင်ကြီးကို အချို့ကbackpacker တို့ နေထိုင်ရန်နေရာအဖြစ် အသုံးပြုရန် အဆိုပြုကြပြီး အချို့ကမူ စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များ၊ ဝိုင်သိုလှောင်ခန်းများအဖြစ် အသုံးပြုရန် ကမ်းလှမ်းကြသည်ဟု ဆိုသည်။

Killen Thomas မှ အမှုဆောင်အရာရှိချုပ် ဂျွန် ကမီလာရီက ယင်းအကျဉ်းထောင်ကြီးကို “အရမ်းလှပပြီး တမူထူးခြားတဲ့ကောင်ကြီး” ဟု တင်စားခဲ့သည်။

“ကျွန်တော်က အကျဉ်းခန်းတွေ ရောင်းချရာမှာ အထူးကျွမ်းကျင်သူတစ်ဦးတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဒါကိုစိတ်ဝင်စားတဲ့ ဝယ်လက်တွေအနေနဲ့ အကျဉ်းထောင်တစ်ခုဖြစ်ခဲ့တယ်ဆိုတဲ့အချက်အပေါ်မှာ အခြေခံစဉ်းစားကြမှာ မလွဲပါဘူး” ဟု ကမီလာရီက ဆိုသည်။

နှစ်ထပ်အဆောက်အအုံဖြစ်ပြီး ထူးခြားသည်မှာ အမိုးခုံးဖြစ်သည်။

နောက်ပိုင်းတွင် ပါတီပွဲများ လက်ခံကျင်းပပေးခြင်းများ ပြုလုပ်ခဲ့ပြီး ယနေ့အခါတွင်မူ ပရလောကသုတေသီတို့ စောင့်ကြည့်လေ့လာ နိုင်ရန် စီစဉ်ပေးခြင်းများ ပြုလုပ်ပေးလျက်ရှိသည်။

အကျဉ်းထောင်ကြီး၏ မြေနေရာပိုင်နက်များကိုမူ လူနေကျေးရွာတစ်ခုအဖြစ် ပြောင်းလဲခဲ့ပြီး လူနေတိုက်ခန်းများ၊ ကော်ဖီဆိုင်များ၊ စားသောက်ဆိုင်များနှင့် နေ့ကလေးထိန်းအဆောက်အအုံများ ဆောက်လုပ်လာကြသည်။
ခေါ်ဈေးမှာ သြစတေးလျဒေါ်လာ ၄ သန်းခွဲဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
သြစတေးလျနိုင်ငံ၊ ဝိတိုရိယပြည်နယ်တွင် နှစ်ပေါင်း ၁၆၇ နှစ်သက်တမ်းရှိ အကျဉ်းထောင်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
CarsDB
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service