ရန်ကုန်-ဒလတံတား တည်ဆောက်ခြင်းကို ကန့်ကွက် နေခြင်းမဟုတ်ဘဲ တံတားဒီဇိုင်း ပုံစံပြောင်းပေးရန်သာ တောင်းဆို ခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ ဦးဆောင်ညွှန် ကြားရေးမှူး ဦးနီအောင်က ပြော သည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အဖွဲ့နှင့် ဆိပ်ကမ်းလုပ်ငန်းရှင် များက ကန့်ကွက်နေခြင်းကြောင့် ရန်ကုန်-ဒလတံတား တည် ဆောက်ရေးစီမံကိန်း ကြန့်ကြာ နေသည်ဟု ပြောဆိုနေမှုများအ ပေါ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အဖွဲ့က ဇွန်လ ၁၁ ရက်တွင် ရန်ကုန်မြို့ မြန်မာ့ဆိပ်ကမ်းအာ ဏာပိုင်ရုံး၌် သတင်းစာရှင်းလင်း ပွဲပြုလုပ်၍ ပြောကြားသည်။
‘‘ရန်ကုန်-ဒလတံတားကြီး ကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင် က အမြဲတမ်းကန့်ကွက်နေတယ် ဆိုတဲ့ အမြင်မျိုးဖြစ်သွားမှာ စိုးရိမ် ပါတယ်။ ကျွန်တော်တို့သည် ရန်ကုန်-ဒလတံတားနဲ့ပတ်သက် ပြီးတော့ ဘယ်တုန်းကမှ တံတား တည်ဆောက်တာကို မကန့်ကွက် ဖူးပါဘူး’’ဟု ဦးနီအောင်က ပြော သည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အဖွဲ့သည် တံတားအမြင့်ကို ၅၄ မီတာအထိ ထားရှိရန်နှင့် တံတား တိုင်နှစ်ခုကို ကမ်းပေါ်တွင် ဆောက်ပေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်း ဦးနီအောင်က ပြော သည်။ သို့သော် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းမှုအရ တံတားအမြင့်ကို ၄၉ မီတာ သဘောတူထားသည်။ တံတား တိုင်နှစ်ခု အကျယ်ကို ၂၅၁ မီတာ အစား မီတာ ၃၅၀ အထိ ပြောင်း လဲပေးရန် တောင်းဆိုနေခြင်းဖြစ် ကြောင်း ၎င်းက ပြောသည်။
တံတားအမြင့်နှင့် အကျယ် ကြောင့် နိုင်ငံတကာ သင်္ဘောကြီး များဝင်ရောက်ရန် အခက်အခဲရှိ နိုင်ပြီး သင်္ဘောအချင်းချင်း တိုက်မိခြင်းတို့ဖြစ်လာနိုင်ကြောင်း ဦးနီ အောင်က ပြောသည်။
တံတား၏ တစ်ဖက်ခြမ်း ရန်ကုန်မြစ်အတွင်းပိုင်းတွင် Asia World ဆိပ်ကမ်း၊ အလုံဆိပ်ကမ်း၊ မြန်မာ့စက်မှုဆိပ်ကမ်းတို့ရှိပြီး တံတားအောက် မြစ်ဝပိုင်း၌ဆူးလေဆိပ်ကမ်းတို့ရှိနေသည်။ အဆိုပါ ဆိပ်ကမ်းများသည် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် နိုင်ငံ ၏ ပို့ကုန်၊ သွင်းကုန်ကွန်တိန်နာ စုစုပေါင်း၏ ၈၇ ရာခိုင်နှုန်းကို ကိုင်တွယ်ပေးခဲ့သည်။
တံတားတည်ဆောက်ရန် အချိန်ယူရခြင်းနှင့် ပတ်သက်၍ ‘‘တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဆွေးနွေးရတာ အချိန် အများကြီးယူရတယ်။ ဆိပ်ကမ်းနဲ့ ညှိနေတာလည်း အချက်တစ်ချက်ပေါ့’’ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆွေက ပြောသည်။
တံတားဒီဇိုင်းအတွက် အချိန်ယူခဲ့ရကြောင်း ၎င်းက ဆက်လက် ပြောသည်။ လက်ရှိတွင် ဆွေးနွေးနေဆဲဖြစ်ပြီး ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က တောင်းဆိုသည့် အချက်များတွင် ရန်ကုန်မြို့တွင်းဖြစ်၍ တံတားချဉ်းကပ်လမ်းတိုသဖြင့် လိုက်လျောရန် မဖြစ်နိုင်သေး ကြောင်း ဦးခင်မောင်ဆွေက ပြောသည်။
ဆောက်လုပ်ရေးဝန်ကြီး ဌာနက ဒလတံတားတည်ဆောက် မှုကို ၂၀၁၈ မေလတွင် စတင်ရန် ခန့်မှန်းထားကြောင်း တံတားအင် ဂျင်နီယာချုပ် ဦးအောင်ကောင်း ချိုက ပြောကြားထားသည်။
ကိုရီးယား-မြန်မာချစ်ကြည် ရေး (ဒလ)တံတားကို ကိုရီးယား နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုရန်ပုံငွေ (EDCF Loan) ချေးငွေ ကန်ဒေါ် လာ ၁၃၇ ဒမသ ၈၃၃ သန်း၊ ပြည် တွင်းရန်ပုံငွေ ကျပ် ၃၀ ဒသမ ၃၄၁ သန်းတို့ဖြင့် တည်ဆောက် မည်ဟု ကနဦးခန့်မှန်းတွက်ချက် ထားသည်။
Credit: 7Daydaily