စွန့်ဦးတီထွင်နှင့် SME လုပ်ငန်းများအတွက် ဒစ်ဂျစ်တယ်လုပ်ငန်းစီမံကိန်းပြိုင်ပွဲ ကျင်းပမည်

စွန့်ဦးတီထွင်နှင့် SME လုပ်ငန်းများအတွက် ဒစ်ဂျစ်တယ်လုပ်ငန်းစီမံကိန်းပြိုင်ပွဲ ကျင်းပမည် - Property News in Myanmar from iMyanmarHouse.com
12 Jun 2018 10:48 am တွင် တင်ခဲ့သည်
2701 ကြိမ် ကြည့်ရှု့ပြီး
စွန့်ဦးတီထွင်နှင့် အ သေးစား၊အလတ်စားလုပ်ငန်းရှင် များအတွက် ထိုင်းနိုင်ငံအခြေ စိုက် ကေဘဏ်နှင့် အသေးစား နှင့် အလတ်စား လုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေး ဗဟိုဌာနတို့ ပူး ပေါင်း၍ ဒစ်ဂျစ်တယ်လုပ်ငန်းစီမံကိန်းပြိုင်ပွဲ ကျင်းပမည်ဟု အသေးစားနှင့် အလတ်စားလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေး အေးဝင်းက ပြောသည်။

ပြိုင်ပွဲသို့ ၀င်ရောက်လိုသူ လုပ်ငန်းရှင်များသည် ဇွန်လ ၂၉ မှ ၃၀ ရက်အထိ ဖွင့်လှစ်မည့် ဒစ် ဂျစ်တယ်လုပ်ငန်းစီမံကိန်းရေးဆွဲ နည်းသင်တန်း တက်ရောက်ရ မည်ဖြစ်သည်။

သင်တန်းတွင် ဒစ်ဂျစ်တယ် ဈေးကွက် မဟာဗျူဟာ၊ ၀န် ဆောင်မှုရယူသူများနှင့် ဆက် သွယ်ခြင်း၊ ဒစ်ဂျစ်တယ် ခေတ် နှင့် လိုက်လျောညီထွေမှုရှိသော အကြောင်းအရာများဖန်တီးခြင်း လုပ်ငန်းများအတွက် လိုအပ် သည့် အသိပညာများကို နိုင်ငံတ ကာပညာရှင်များက သင်ကြား ပေးမည်ဖြစ်သည်။

‘‘ကေဘဏ်နဲ့ ကျွန်မတို့ လက်တွဲပြီး SME တွေရဲ့ လူ့စွမ်း အားအရင်းအမြစ်တွေ မြှင့်တင်ဖို့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ရှိပါတယ်။ သင်တန်းမှာ စွန့်ဦးတီထွင် သူတွေနဲ့ လုပ်ငန်းရှင်တွေတက် ရောက်လေ့လာကြပြီးတော့ လိုအပ်တဲ့ အသိပညာဗဟုသုတတွေ ရရှိနိုင်မှာပါ’’ ဟု ဒေါ်အေးအေး ၀င်းကပြောသည်။

ပြိုင်ပွဲကို သြဂုတ် ၂၀ ရက် တွင် ကျင်းပမည်ဖြစ်ပြီး ပထမဆု အပြင် အခြားဆုရှင်သုံးဦးရွေး ချယ်မည်ဖြစ်ကာ ပထမဆုကို ကန်ဒေါ်လာ တစ်သောင်း ချီးမြှင့် မည်ဖြစ်သည်။

ဆုရရှိသူများသည် ထိုင်းနိုင်ငံရှိ ဒစ်ဂျစ်တယ်စွန့်ဦးတီထွင်သူများနှင့် နှစ်ရက် သွားရောက်တွေ့ဆုံခွင့်ရရှိမည်ဟု ဆိုသည်။

‘‘ဒစ်ဂျစ်တယ်မားကက်တင်း လုပ်ငန်းက လူငယ်တွေနဲ့ပဲဆိုင် တယ်လို့ မတွေးစေချင်ပါဘူး။ မြန်မာ့စီးပွားရေးလုပ်ငန်းတွေဟာ နည်းပညာလှိုင်းနောက်ကို အမီမ လိုက်နိုင်ရင် ယှဉ်ပြိုင်မှုတွေမှာ နောက်ကျ ကျန်ခဲ့နိုင်ပါတယ်’’ဟု ကုန်သည်စက်မှု အသင်းချုပ် SME နှင့် SMI ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အောင်သိန်းက ပြောသည်။

ပြိုင်ပွဲသို့ မည်သူမဆို ၀င် ရောက်ယှဉ်ပြိုင်နိုင်ပြီး အမည်၊ ကုမ္ပဏီအမည် (သို့မဟုတ်) အဖွဲ့ အစည်းအမည် (သို့မဟုတ်) တက္ကသိုလ်အမည်နှင့် ဆက်သွယ် နိုင်မည့် အချက်အလက်များ ဖော်ပြကာဖုန်း- ၀၉ ၇၃၀၉၇၄၄၇သို့ ဆက်သွယ်လျှောက်ထားနိုင်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service