တည်ဆောက်မှု ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည့် သာကေတတံတားသစ် (ဒေါပုံတံတား) တွင် ယာဉ်များ ယာယီဖြတ်သန်း သွားလာခွင့် ပြုထားပြီး သြဂုတ်လအတွင်း ဖွင့်လှစ်မည်

တည်ဆောက်မှု ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည့် သာကေတတံတားသစ် (ဒေါပုံတံတား) တွင် ယာဉ်များ ယာယီဖြတ်သန်း သွားလာခွင့် ပြုထားပြီး သြဂုတ်လအတွင်း ဖွင့်လှစ်မည် - Property News in Myanmar from iMyanmarHouse.com
11 Jun 2018 11:47 am တွင် တင်ခဲ့သည်
3685 ကြိမ် ကြည့်ရှု့ပြီး
ဂျပန်အစိုးရ ထောက်ပံ့ငွေဖြင့် တည်ဆောက်ခဲ့သည့် သာကေတ တံတားသစ် (ဒေါပုံ) တည်ဆောက်ရေး လုပ်ငန်းများ ၉၅ ရာခိုင်နှုန်း ပြီးစီးဖြစ်၍ ဇွန် ၁၀ ရက်တွင် ယာဉ်များယာယီ ဖြတ်သန်းသွားလာခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တံတားအား လာမည့် သြဂုတ်လအတွင်း ဖွင့်လှစ်အသုံးပြုနိုင်မည်ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။

အဆိုပါ သာကေတတံတားသစ်မှာ ရန်ကုန်တိုင်းဒေသကြီး ပုစွန်တောင်မြို့နယ်နှင့် ဒေါပုံမြို့နယ်သို့ ပုစွန်တောင်ချောင်းကို ဖြတ်သန်းကာ တည်ဆောက်ထားခြင်းဖြစ်သည်။ သာကေတ တံတားသစ်အား ဂျပန်နိုင်ငံ၏ ကူညီထောက်ပံ့မှုဖြင့် ဂျပန်ယန်းငွေ ယန်း ၄၂၁၆ သန်း အကုန်အကျခံ တည်ဆောက်ထားခြင်း ဖြစ်သည်။

တံတားတည်ဆောက်ရေး စီမံကိန်း၌ ဂျပန်နိုင်ငံမှ အင်ဂျင်နီယာများအပြင် မြန်မာအင်ဂျင်နီယာများ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ အင်ဂျင်နီယာများ ပါဝင်တည်ဆောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

တံတားအရှည်မှာ ပေ ၈၃၀ (၂၅၃ မီ တာ)ရှည်ပြီး ၂၁ ဒသမ ၅ မီတာကျယ်ကာ ကြိုတင်အားဖြည့် သံကူကွန်ကရစ် ကြိုးဆိုင်းတံတား အမျိုးအစားဖြစ်သည်။ ယာဉ်သွားလမ်းဘေးတွင် တစ်ဖက်လျှင် နှစ်မီတာ အကျယ်အ၀န်းရှိ လူသွားလမ်း ပလက်ဖောင်း အသွားအပြန်အား ထည့်သွင်းတည်ဆောက် ထားခြင်းဖြစ်သည်။

လက်ရှိတွင် လျှပ်စစ်မီးတိုင်စိုက်ခြင်းနှင့် သွယ်တန်းခြင်း လုပ်ငန်းများ၊ လူသွားလမ်းကြောင်းအတွက် လမ်းခင်းခြင်း လုပ်ငန်းများနှင့် ချဉ်းကပ်လမ်းဆက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မိုးရာသီကာလတွင် တံတားမှ စီးကျလာမည့် ရေများအတွက် ရေမြောင်းစနစ် လုပ်ငန်းများသာ ဆောင်ရွက်ရန် ကျန်ရှိတော့ကြောင်း သိရသည်။ လာမည့် ဇူလိုင်လတွင် တံတားစီမံကိန်း တစ်ခုလုံး ရာနှုန်းပြည့် ပြီးစီးမည်ဖြစ်ပြီး သြဂုတ်လဆန်းပိုင်းတွင် တံတားအား ဖွင့်လှစ်နိုင်မည်ဟု သတင်းရရှိသည်။

သာကေတတံတားသစ်အား ပြန်လည်ပေးဆပ်စရာ မလိုသည့် ဂျပန်နိုင်ငံ၏ ထောက်ပံ့ငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ တည်ဆောက်ရေး လုပ်ငန်းများကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေး ၀န်ကြီးဌာနတို့ ပူးပေါင်းတည်ဆောက် နေခြင်းဖြစ်သည်။

“လက်ရှိသုံးနေတဲ့ တံတားဟောင်းက နှစ်လမ်းသွားဆိုတော့ မင်္ဂလာတောင်ညွှန့်ဘက်ကိုသွားတဲ့ ယာဉ်တွေနဲ့ ပုဇွန်တောင်ဘက်ကို ပြန်ဆင်းတဲ့ ယာဉ်တွေ ယာဉ်ကြောပိတ်မှုတွေ ဖြစ်နေတယ်။ အခုတံတားသစ်ကျတော့ လေးလမ်းသွား ဖြစ်တဲ့အတွက် ပုဇွန်တောင်ဘက်က ကွေ့ပတ်ဆင်းတဲ့ ယာဉ်လမ်းကြောင်းအတွက် နေရာပိုပေး ထားပါတယ်။ ကားလမ်း ခုံးကျော်တံတားမှာဆိုလည်း အ၀င်အထွက်နေရာကို ခြောက်လမ်းသွားလောက်အထိ လုပ်ဆောင်ထားလို့ ယာဉ်တွေ ချောင်ချောင်ချိချိ ဖြတ်သန်းမောင်းနှင်နိုင်မှာ ဖြစ်ပါတယ်” ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

လက်ရှိ အသုံးပြုနေသော သာကေတတံတားသည် ၁၉၆၇ ခုနှစ်တွင် စတင်တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၅၀ သက်တမ်းရှိပြီဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် ပြုလုပ်ခဲ့သော စစ်တမ်းများအရ တစ်ရက်လျှင် ကားအစီးရေ ၂၀၀၀၀ ကျော် ဖြတ်သန်းနေပြီး၊ လာမည့် ၂၀၂၁ ခုနှစ်တွင် ကားအစီးရေ ၅၀၀၀၀ ကျော် ဖြတ်သန်းမည်ဟု ခန့်မှန်းထားရာ တံတားဟောင်း၏ ခံနိုင်ဝန်အား ကျဆင်းလာခြင်းကြောင့် တံတားသစ် ထပ်မံတည်ဆောက်ခြင်း ဖြစ်ကြောင်း၊ ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ တံတားဦးစီးဌာနမှ သတင်းရရှိသည်။

သာကေတ တံတားသစ်အား ဂျပန်နိုင်ငံ Nippon Koei ကုမ္ပဏီမှ Consultant အဖြစ် တာဝန်ယူပြီး The Consortium of Tokyu-Toyo IIK (Tokyu Construction Co.,Ltd) တို့မှ ၂၀၁၅ ခုနှစ်၊ ဧပြီလပိုင်းက စတင်တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ဂျပန်ယန်း ၄၂၁၆ သန်း ကုန်ကျမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

CarsDB
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service