စင်ဒီခရောဖို့ဒ်နှင့် ရန်ဒီဂါဘာတို့သည် ၄င်း တို့၏ မာလီဘူစံအိမ်ကြီးကို ဒေါ်လာ ၄၅ သန်း ဖြင့် ရောင်းချလိုက်ကြောင်း ဇွန် ၉ ရက် TMZ သတင်းကဆိုသည်။ အဆိုပါစံအိမ်ကြီးကို ဒေါ်လာသန်း ၅ဝ ဖြင့် ရောင်းချရန် စတင်ဈေးခေါ်ခဲ့ပြီး ငါးသန်း ဈေးလျှော့ကာ ရောင်းချလိုက်ခြင်းဖြစ်သည်။
စတုရန်းပေ ၅ဝဝဝ ကျော် ကျယ်ဝန်းသော အဆိုပါစံအိမ်ကြီးတွင် အိပ်ခန်း လေးခန်းနှင့် ရေချိုးခန်း ခြောက်ခန်း ပါဝင်ပြီး ပစိဖိတ်သမုဒ္ဒရာကို မျက်နှာမူထားကာ သုံးဧကကျယ်သော မြေကွက်ပေါ်တွင်တည်ရှိသည်။ ရေကူးကန်၊ ရေပူစမ်းနှင့် တင်းနစ်ကွင်းတို့လည်း ပါဝင် ကြောင်းသိရသည်။
၁၉၉၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့သော ထိုစံအိမ်ကြီးကို ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် ဝယ်ယူခဲ့ ပြီး ဒေါ်လာ သန်း ၆ဝ ဖြင့် ပြန်လည်ရောင်းချရန် ၂ဝ၁၆ ခုနှစ်ကတည်းကပင် စီစဉ်ခဲ့သည်ဟုသိရသည်။ ထိုစံအိမ်မှာ နှစ်နှစ်ခန့်ကြာသော်လည်း ရောင်းမထွက်သဖြင့် ယခုနှစ်ထဲတွင် သန်း ၅ဝ အထိ ဈေးချပေးခဲ့ရသည်။
နောက်ဆုံးတွင် ၄၅သန်းဖြင့် ရောင်းထွက်သွားခြင်းဖြစ်သည်။ ဆက်စပ်သတင်းတစ်ပုဒ်အရ စင်ဒီခရောဖို့ဒ်၏ သမီးလေး ကေယာဂါဘာ (၁၆)နှစ်သည် မိခင်ဖြစ်သူ၏ ခြေရာကိုနင်းကာ မော်ဒယ်လောကထဲ ဝင်ရောက်ရန် စတင်ကြိုးပမ်းနေပြီဖြစ်ကြောင်းသိရသည်။
မိခင်ဖြစ်သူက စင်ဒီခရောဖို့ဒ် (၅၂)နှစ်ကလည်း အနီးကပ် သင်ကြားပြသပေးနေ ကြောင်း သိရသည်။
Credit: YangonMediaGroup