ကျောက်ဖြူအထူး စီးပွားရေးဇုန် အကောင်အထည် ဖော်ရန် မြေငှားဂရန် လျှောက် ထားမှုကို ကန့်ကွက်လွှာခေါ်ယူမှု နှင့်ပတ်သက်၍ ဒေသခံနှစ်ရာ ကျော်က အစည်းအဝေး ပြုလုပ်ကာ သဘောထား ကြေညာ ချက်တစ်စောင် ထုတ်ပြန်သည်။
ဇွန်လ ၈ ရက်က ကျောက် ဖြူမြို့နယ် မင်းတက်တောင် ကျေးရွာ၌ အစည်းအဝေးပြုလုပ် ပြီး အထူးစီးပွားရေးဇုန် စီမံခန့် ခွဲရေးကော်မတီအနေဖြင့် မြေ ယာ သိမ်းဆည်းမည်ဆိုပါက ဒေသခံများသို့ တိကျသော သတင်းအချက်များ ပေးခြင်း၊ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးခြင်း နှင့် ပွင့်လင်းမြင်သာစွာ လာ ရောက်ရှင်းလင်းပေးရန် ဒေသခံ ၂၀၀ ကျော်က တောင်းဆိုခဲ့သည်။
ကျောက်ဖြူအထူးစီးပွားရေး ဇုန် စီမံခန့်ခွဲရေးကော်မတီက မြေ ဧက ရှစ်ဆယ်ကျော်ကို စက်မှုဇုန် မြေငှားဂရန်အဖြစ် လျှောက်ထား ခဲ့ပြီး ကန့်ကွက်လိုသူများ ကန့် ကွက်နိုင်ကြောင်း ကျောက်ဖြူမြို့ နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက မေလ ၂၉ ရက်တွင် ကြေညာခဲ့သည်။
‘‘မြေဧက ရှစ်ဆယ်ကျော် အပေါ် ကန့်ကွက်ဖို့အတွက် ဒေသခံ လယ်သမားတွေက ဆွေး နွေးခဲ့ကြတာ ဖြစ်ပါတယ်’’ ဟု ကျောက်ဖြူ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ညှိနှိုင်း ရေးမှူး ဦးထွန်းကြည်က ပြော သည်။ ကျောက်ဖြူရေလုပ်သား များသည် လက်ရှိတွင် ရေနံတင် သင်္ဘောများ ဝင်ရောက်လာခြင်း ကြောင့် လုပ်ကွက် ပျောက် ဆုံးခြင်းများ ရင်ဆိုင်နေရသည်။ ရေနက်ဆိပ်ကမ်း တည်ဆောက် မည်ဆိုပါက ရေလုပ်သားများ၏ စားဝတ်နေရေး ဖြေရှင်းနိုင်မည့် နည်းလမ်းကို ဥပဒေအရ တာဝန် ယူရန် တောင်းဆိုကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။
Credit: 7Daydaily