စစ်ကိုင်းမြို့ ရွှေမင်းဝံ ရပ်ကွက်တွင် တည်ဆောက်နေ သည့် ဈေးသစ်ကို ကျပ်သိန်း ၁၃,၀၀၀ ကျော် သုံးစွဲမည်ဖြစ် ပြီး တစ်နှစ်အတွင်း အပြီးတည် ဆောက်မည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော် မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြော သည်။
ရွှေမင်းဝံဈေးသစ်တည် ဆောက်ရန် ဇွန်လ ၉ ရက်က ပန္နက်တင်အခမ်းအနား ကျင်းပ ခဲ့သည်။ ယင်းဈေးသစ်ကို လက်ရှိ တွင် ယာယီဈေးအဖြစ် အသုံးပြု နေသည့် မြေနှစ်ဧကခွဲအကျယ် ပေါ်တွင် တည်ဆောက်မည်ဖြစ် ပြီး ယူပုံသဏ္ဌာန်နှစ်ထပ် အ ဆောက်အအုံဖြစ်မည်ဟု ဆို သည်။
‘‘စစ်ကိုင်းမြို့မှာက ဈေးဆို လို့ မြို့မဈေးတစ်ခုပဲ ရှိတယ်။ ရွှေ မင်းဝံအပါအ၀င် ကျန်တာက ပျံ ကျဈေးတွေ။ ရွှေမင်းဝံဈေးမှာက ရပ်ကွက်အနေအထားအရလည်း အချက်အချာကျတယ်။ စည်ကား မှုလည်းရှိတော့ အဆင့်မြင့်ဈေး တည်ဆောက်လိုက်ရင် မြို့ဖွံ့ဖြိုး မှုလည်း ဖြစ်ပေါ်လာနိုင်လို့ပါ’’ ဟု ဦးဝင်းနိုင်က ပြောသည်။
ရွှေမင်းဝံဈေးသစ်၌ ၁၀ ပေ၊ ၁၂ ပေ အကျယ် ဈေးဆိုင်ခန်း ၂၂၂ ခန်း ပါဝင်မည်ဖြစ်သည်။
ဈေးသစ်တည်ဆောက်ပြီးစီး ပါက လက်ရှိယာယီဈေးတွင် ရောင်းချနေသူများကို ဦးစားပေး မည်ဖြစ်ပြီး ဆိုင်ခန်းတစ်ခန်းလျှင် ကျပ် ၇၅ သိန်း၊ ကျပ်သိန်း ၁၅၀၊ ကျပ်သိန်း ၂၀၀ နှင့် အမိုး၊ အကာ မဲ့ ဆိုင်ခန်းတစ်ခန်းလျှင် ကျပ် ၁၅ သိန်းနှုန်းဖြင့် အရစ်ကျစနစ် ဖြင့် ရောင်းချပေးမည်ဟု စစ်ကိုင်းမြို့ နယ် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူများက ပြောကြား သည်။
ယခင်ရွှေမင်းဝံဈေးဟောင်း သည် ၁၉၉၃ က တည်ဆောက်ခဲ့ ပြီး အနီးတွင် ရပ်ကွက်ခြောက် ခု၊ စက်မှုဇုန်နှင့် တက္ကသိုလ်တည်ရှိ သည်။
စစ်ကိုင်းမြို့တွင် မြို့မဈေး နှင့် ပျံကျဈေး လေးဈေးရှိသည်။
Credit: 7Daydaily