ဂန္ဒီခန်းမကို မြို့ပြအမွေအနှစ်စာရင်းဝင် ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်

ဂန္ဒီခန်းမကို မြို့ပြအမွေအနှစ်စာရင်းဝင် ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ် - Property News in Myanmar from iMyanmarHouse.com
11 Jun 2018 10:31 am တွင် တင်ခဲ့သည်
3054 ကြိမ် ကြည့်ရှု့ပြီး
နှစ် ၁၀၀ ကျော်သက် တမ်းရှိသည့် ဂန္ဒီခန်းမကို ရန်ကုန် မြို့တော်စည်ပင်သာယာရေးက မြို့ပြအမွေအနှစ် စာရင်းဝင် ရှေးဟောင်းလက်ရာ အဆောက်အအုံ အဖြစ် သတ်မှတ်ခဲ့သည်။

မဟတ္တမဂန္ဒီခန်းမရှိရာ သုံး ထပ်တိုက်အဆောက်အအုံသည် ကုန်သည်လမ်းနှင့် ဗိုလ်အောင် ကျော်လမ်းထောင့်တွင် တည်ရှိသည်။

‘‘အထိမ်းအမှတ်အဆောက် အအုံဆိုတော့ ရှေးဟောင်း အမွေ အနှစ်အဖြစ် အစိုးရက သတ်မှတ် တာလေ။ သက်တမ်းအရ ရွေး ချယ်တာပေါ့။ ဒီလိုသတ်မှတ် လိုက်တဲ့အတွက်ကြောင့် ကမ္ဘာ မှာ ဒီလိုအဆောက်အအုံတစ်ခု က ကျန်ခဲ့တယ်ဆိုတာ ရှေး ဟောင်းအမွေအနှစ်အနေနဲ့ ပို ကြိုက်ပါတယ် ’’ဟု မြန်မာနိုင်ငံ လုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်သူက ပြောသည်။

အဆိုပါ အဆောက်အအုံ ကို ပုံစံပြောင်းလဲပြင်ဆင်ခြင်း၊ အသစ်ပြောင်းလဲခြင်း ခွင့်ပြုမည် မဟုတ်ဘဲ ပြင်ဆင်လိုပါက အဆောက်အအုံ၏ ပြင်ပအစိတ် အပိုင်းများ မူလပုံစံမပျက်စေဘဲ ပြင်ဆင်ခွင့်ပြုမည်ဖြစ်ပြီး အတွင်း ပိုင်း ခိုင်ခံ့စေရေးပြင်ဆင်ခွင့်ပြု မည်ဖြစ်ကြောင်း ကြေညာချက် တွင် ဖော်ပြထားသည်။

ထို့အပြင် ပြင်ဆင်ခွင့်ကို ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ သက်ဆိုင်ရာ ပညာရှင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်စိစစ်ပြီး ခွင့်ပြု မည်ဖြစ်ကြောင်း ဖော်ပြထား သည်။

‘‘ရှေးဟောင်းလက်ရာ အဆောက်အအုံဆိုတာ ရှေး ဟောင်းရဲ့ သမိုင်းအမွေအနှစ်ရှိ ရမယ်၊ လက်ရာကလည်း ရှေး ဟောင်းလက်ရာဖြစ်ရမယ်တဲ့။ အဲဒါမျိုးတွေကို သတ်မှတ်တာ ပေါ့’’ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ အင်ဂျင်နီ ယာဌာန (အဆောက်အအုံ) ကော်မတီဝင်ဟောင်းတစ်ဦးက ပြောသည်။ လက်ရှိတွင် အဆိုပါ အဆောက်အအုံကို ဂန္ဒီခန်းမ ထိန်းသိမ်းရေးအဖွဲ့က ထိန်းသိမ်း ထားကာ အသုံးပြုခြင်းမရှိဘဲ ပိတ်ထားသည်။

ဂန္ဒီခန်းမ အဆောက်အအုံ ကို ၁၉၀၀ ပြည့်နှစ်ခန့်တွင် တည်ဆောက်ပြီး မူလက ရန်ကုန်တိုင်းမ်သတင်းစာတိုက် အဖြစ် အသုံးပြုခဲ့သည်။ ၁၉၅၀ ပြည့်နှစ်ခန့်တွင် ယင်းအဆောက် အအုံကို အိန္ဒိယလွတ်လပ်ရေး ခေါင်းဆောင် မဟတ္တမဂန္ဒီအား ဂုဏ်ပြုသောအားဖြင့် မဟတ္တမ ဂန္ဒီခန်းမအဖြစ် ဖွင့်လှစ်ခဲ့သည်။ ထို့အပြင် ဂန္ဒီခန်းမသည် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိ အမှတ်ပြုရန် ငြင်းပယ်ခံရပြီး နောက် ရွေးချယ်ခံ လွှတ်တော် ကိုယ်စားလှယ်များ အစည်း အဝေးပြုလုပ်သည့် ခန်းမအဖြစ် ထင်ရှားသည်။

အဆိုပါ အစည်းအဝေး ထုတ်ပြန်ချက်သည် ဂန္ဒီကြေညာ စာတမ်းဟု နိုင်ငံရေးလောကတွင် ကျော်ကြားသည်။

ထို့အပြင် ဂန္ဒီခန်းမကို ပြန် လည်ဖွင့်လှစ်အသုံးပြုခွင့်ရရေး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်ထံ ဟိန္ဒူဘာသာရေး ဗဟို အဖွဲ့ချုပ်က တင်ပြတောင်းဆို ထားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

Royal Theikdi Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service