မွန်ပြည် နယ်အစိုးရအနေဖြင့် နိုင်ငံတော် ပိုင် စစ်တောင်းစက္ကူစက်ရုံဟောင်း ပိုင်စိုက်ခင်းမြေနေရာ၏ အနီးပတ် ဝန်းကျင်ရှိ ခရွဲကျေးရွာအုပ်စု၊ မုက္က မော့ကျေးရွာအုပ်စု၊ ဝင်းကံကျေးရွာ အုပ်စုများရှိ မြေယာပိုင်ဆိုင်မှုမရှိ သေးသော ကျေးရွာသူ၊ ကျေးရွာ သားများအား တစ်အိမ်ထောင် လျှင် နှစ်ဧကနှုန်းဖြင့် ရာသီသီးနှံ များ စိုက်ပျိုးနိုင်ရေးခွဲဝေချထား ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်သူ က ပြောကြားသည်။
ဇွန် ၆ ရက် နံနက်ပိုင်းက ကျင်းပသည့် ဒုတိယအကြိမ်အမျိုး သားလွှတ်တော် အဋ္ဌမပုံမှန်အ စည်းအဝေး ၁၂ ရက်မြောက်နေ့ တွင် မွန်ပြည်နယ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးလှမြင့် (ခ)ဦးလှမြင့်သန်းက ကျိုက်ထိုမြို့ နယ် သိမ်ဇရပ်ကျေးရွာရှိ ယခင် စစ်တောင်းစက္ကူစက်ပိုင် စိုက်ခင်း မြေဧက ၉၇၅၀ နှင့်ပတ်သက်၍ စစ်တောင်းစက္ကူစက်မရှိတော့သ ဖြင့် ယခု ယင်းစိုက်ခင်းမြေကို မည် သို့အသုံးပြုနေသည် သို့မဟုတ် မည်သို့အသုံးပြုရန် စီမံဆောင်ရွက် ထားသည်ကို သိလိုခြင်းမေးခွန်းအ ပေါ် ယင်းကဲ့သို့ ပြောကြားခြင်းဖြစ် သည်။
ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင် သူက""မွန်ပြည်နယ်အစိုးရအနေ
ဖြင့် နိုင်ငံတော်ပိုင်စစ်တောင်းစက္ကူ စက်ရုံဟောင်းပိုင် စိုက်ခင်းမြေနေ ရာ၏ အနီးပတ်ဝန်းကျင်ရှိ ခရွဲ ကျေးရွာအုပ်စု၊ မုက္ကမော့ကျေးရွာ အုပ်စု၊ ဝင်းကံကျေးရွာအုပ်စုများ ရှိ မြေယာပိုင်ဆိုင်မှုမရှိသေးသော
ကျေးရွာသူ၊ ကျေးရွာသားများအား တစ်အိမ်ထောင်လျှင် နှစ်ဧကနှုန်း ဖြင့် ရာသီသီးနှံများစိုက်ပျိုးနိုင်ရေး ခွဲဝေချထားဆောင်ရွက်ပေးသွား မှာဖြစ်ပါတယ်""ဟု ပြောသည်။
အဆိုပါကျေးရွာများ၏ အိမ် ခြေအိမ်ထောင်စုလူဦးရေစာရင်း များအနေဖြင့် ခရွဲကျေးရွာတွင် အိမ်ခြေ ၅၀၁၊ လူဦးရေ ၂၉၃၀ ဦး၊ မုက္ကမော့ကျေးရွာတွင် အိမ်ခြေ ၃၂၀၊ အိမ်ထောင်စု ၃၄၅ စု လူ ဦးရေ ၁၅၆၉ ဦး၊ ဝင်းကံကျေးရွာ တွင် အိမ်ခြေ ၂၄၀၊ အိမ်ထောင် စု ၂၅၂ စု လူဦးရေ ၁၄၁၈ ဦးရှိ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးကပြောသည်။
မွန်ပြည်နယ်အစိုးရအနေဖြင့် စစ်တောင်းစက္ကူစက်ရုံမြေဧရိယာ ၉၂၆ ဧကတွငှ်ုညိကျအမငေူ ဃသာ- စူနထ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြဆောင် ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည် ပရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့်ကုမ္ပဏီ များနှင့်တွေ့ဆုံညှိနှိုင်း၍ အလျင် အမြန်ဆောင်ရွက်နိုင်ရေး စီမံ ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယ ဝန်ကြီး၏ ပြောကြားချက်အရ သိ ရသည်။
ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင် သူက""မြေမလွတ်၊ မြေလတ်နှင့်မြေ ရိုင်းများအဖြစ် ပြောင်းလဲပြင်ဆင် သတ်မှတ်သားထားပြီးသော ဧရိယာ ဧက ၉၆၃၀ အား နီးစပ်ရာတောင် သူများမှ တစ်ပိုင်တစ်နိုင်သစ်တော ထင်းစိုက်ခင်းအဖြစ် စိုက်ပျိုးလုပ် ကိုင်နေခြင်း၊ တစ်ပိုင်တစ်နိုင်ဥယျာဉ်
သီးနှံပင်များစိုက်ပျိုးနေခြင်း၊ ရော် ဘာပင်များစိုက်ပျိုးလုပ်ကိုင်နေ ခြင်းများ အသီးသီးရှိနေသဖြင့် အဆိုပါစိုက်ပျိုးလုပ်ကိုင်နေသူများ မှလုပ်ကိုင်ခွင့်ရရှိရေးလျှောက်ထားလာပါက မြေလွတ်၊ မြေလတ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန် ကြားချက်များနှင့်အညီစိစစ် ဆောင်ရွက်ပေးလျက်ရှိပါတယ်""ဟု ပြောသည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ကျေးရွာရှိ ယခင်စစ် တောင်းစက္ကူစက်ပိုင် စိုက်ခင်းမြေ ဧက ၉၇၅၀ မှ ဝက်ဝံတောင်သစ် တောကြိုးဝိုင်းအတွင်းရှိ ယူကလစ် စိုက်ခင်းမြေဧက ၁၂၀ အား သစ် တောဦးစီးဌာနသို့ လွှဲပြောင်းပေး အပ်ခဲ့ပြီး ကျန်ရှိသောမြေဧရိယာ ဧက ၉၆၃၀ အား(၁၉.၉.၂၀၁၄) ရက်နေ့က စက်မှုဝန်ကြီးဌာနမှ မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မ တီသို့ ပြန်လည်အပ်နှံမှုအပေါ် မြေအသုံးချမှုစီမံခန့်ခွဲရေးဗဟို ကော်မတီမှလည်း (၁၀.၁၀.၂၀၁၄) ရက်နေ့က နိုင်ငံတော်သို့ အပ်နှံခဲ့ ကြောင်း ဒုတိယဝန်ကြီးကဆိုသည်။
လွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်(ခ)ဦးလှမြင့်သန်းက""၁၉၆၃ ခုနှစ် စစ်တောင်းစက္ကူစက်စတင် လည်ပတ်ခဲ့ရာမှ ပျော့ဖတ်ကုန် ကြမ်းရရှိရေးအတွက် စက်ရုံပိုင် ယူကလစ်စိုက်ခင်းများပြုလုပ်ဖို့ မြေဧက ၉၇၅၀ ကို သက်ဆိုင်ရာ ဝန်ကြီးဌာနက တရားဝင်လျှောက် ထားရယူပိုင်ဆိုင်ခဲ့ပါတယ်။ ယူက လစ်ပင်များကို စိုက်ပျိုးအောင်မြင် ပြီး ကုန်ကြမ်းများအဖြစ်အသုံးပြု ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ စစ် တောင်းစက္ကူစက်ကို ပုဂ္ဂလိကသို့
လွှဲပြောင်းရောင်းချတဲ့အတွက် စစ်တောင်းစက္ကူစက်မရှိတော့ပါ ဘူး။ စစ်တောင်းစက္ကူစက်ရဲ့ စိုက် ခင်းမြေဧက ၉၇၅၀ ကို ရောင်းချရာ မှာလည်း ပါမသွားခဲ့တာ သိရှိရပါ တယ်။ ဒါကြောင့်မို့ နိုင်ငံတော်ပိုင် မြေ၊ အစိုးရ၏စီမံခန့်ခွဲပိုင်ခွင့်ရှိ သောမြေအဖြစ် အဲဒီမြေဧကပေါင်း ၉၇၅၀ ဟာ ဆက်လက်တည်ရှိနေ တာဖြစ်ပါတယ်။ အစိုးရပိုင်မြေ ဒါမှမဟုတ် အစိုးရခန့်ခွဲပိုင်ခွင့်မြေ အဖြစ် တည်ရှိနေရင် ပြုပြင်ပြီး စိုက်ခင်းမြေကို အလဟဿမထား သင့်ပါဘူး။
မြေမဲ့ယာမဲ့ မြေယာမ လုံလောက်တဲ့သူတွေ၊ တစ်ပိုင်တစ် နိုင်စိုက်ပျိုးလုပ်
ကိုင်သူတွေ၊ စိုက် ခင်းကြီးများလုပ်ကိုင်ဖော်ထုတ်လို တဲ့လုပ်ငန်းရှင်တွေ၊ ပြည်တွင်းပြည် ပကုမ္ပဏီကြီးတွေကို လုပ်ကိုင်ဖို့ လျှောက်ထားခွင့်ပေးသင့်ပါတယ်။
တချို့မွန်ပြည်နယ် ကျိုက်ထိုမြို့ နယ်ထဲမှာ မြေယာသိမ်းဆည်းခံရ လို့ မြေယာပျောက်သွားတဲ့ တောင် သူများကိုလည်း အဲဒီမြေထဲကမြေ အစားလျှောက်ထားခွင့်ပေးနိုင်ပါ တယ်""ဟု ပြောသည်။
Credit: Democracytoday