တရုတ်အစိုးရပိုင် China Resources ကုမ္ပဏီက ဟောင်ကောင်တွင် ကမ္ဘာကျော်သူဌေးကြီး လီကာရှင်း၏ နေအိမ်ဘေးရှိ စတုရန်းပေ ၉၀၀၀၀ ကျော်ကျယ်ဝန်းသော မြေနေရာကို စံချိန်တင်ဈေးနှုန်းဟောင်ကောင်ဒေါ်လာ ၆ ဘီလီယံဖြင့် ဝယ်ယူ

တရုတ်အစိုးရပိုင် China Resources ကုမ္ပဏီက ဟောင်ကောင်တွင် ကမ္ဘာကျော်သူဌေးကြီး လီကာရှင်း၏ နေအိမ်ဘေးရှိ စတုရန်းပေ ၉၀၀၀၀ ကျော်ကျယ်ဝန်းသော မြေနေရာကို စံချိန်တင်ဈေးနှုန်းဟောင်ကောင်ဒေါ်လာ ၆ ဘီလီယံဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
8 Jun 2018 12:08 pm တွင် တင်ခဲ့သည်
3460 ကြိမ် ကြည့်ရှု့ပြီး
တရုတ်အစိုးရပိုင် China Resources ကုမ္ပဏီသည် ဟောင်ကောင်တွင် ကမ္ဘာကျော်သူဌေးကြီး လီကာရှင်း၏ နေအိမ်ဘေးရှိ စတုရန်းပေ ၉၀၀၀၀ ကျော်ကျယ်ဝန်းသော မြေနေရာကို စံချိန်တင်ဈေးနှုန်းဟောင်ကောင်ဒေါ်လာ ၆ ဘီလီယံဖြင့် ဝယ်ယူလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

China Resources ကုမ္ပဏီသည် ရှန်းဇန်မြို့တွင် အခြေစိုက်ကာ လက်လီလုပ်ငန်းမှသည် စွမ်းအင်ကဏ္ဍအထိ လုပ်ကိုင်လျက်ရှိသည်။

ယခုအခါ ဟောင်ကောင်ရှိ ရှောက်စန်ဟေးလ် Shouson Hill အရပ်ရှိ လူနေမြေကွက်ကို ဟောင်ကောင်ဒေါ်လာ ၆ ဘီလီယံ (ကန်ဒေါ်လာ ၇၆၅ သန်း) ဖြင့် ဝယ်ယူလိုက်ခြင်း ဖြစ်သည်။

စတုရန်းပေ ၉၂၀၈၇ ( ၈၅၅၅ စတုရန်းမီတာ) အကျယ်အဝန်းရှိသော မြေနေရာကို ၃ ထပ်နှင့် အထက်အဆောက်အအုံများ ဆောက်လုပ်ရန်၊ ကြမ်းခင်းဧရိယာ စတုရန်းပေ စုစုပေါင်း ၆၉၀၆၅ ဆောက်လုပ်ရန် အတည်ပြုခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်ကြောင်း ဟောင်ကောင်အခြေစိုက် Colliers International ၏ လက်ထောက် မန်နေးဂျင်းဒါရိုက်တာ ဗင်းဆင့်ချန်းက ပြောကြားသည်။

အရောင်းအဝယ်ဖြစ်ခဲ့သော ဈေးနှုန်းအရ တစ်စတုရန်းပေလျှင် ဟောင်ကောင်ဒေါ်လာ ၈၆၈၀၀ ကျသင့်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်း အရောင်းအဝယ်ဖြစ်ခဲ့သည့် ဟောင်ကောင်ဒေါ်လာ ၅ ဒသမ ၁ ဘီလီယံကို ကျော်ဖြတ်ခဲ့သည်။

ယခုမြေနေရာပေါ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ အပြီးသတ်လုပ်ဆောင်ပြီးပါက တစ်စတုရန်းပေလျှင် ဟောင်ကောင်ဒေါ်လာ ၁၅၀၀၀၀ မှ ၁၈၀၀၀၀ ခန့်အထိ ဈေးခေါ်ရောင်းချသွားဖွယ်ရာရှိကြောင်း ဗင်းဆင့်ချန်းက ခန့်မှန်းသည်။

China Resources သည် ရှောက်စန်ဟေးလ်လမ်း၊ အမှတ် ၃၉ ရှိ မြေကွက်ကို ဟောင်ကောင်၏ အစောဆုံးသူဌေးကြီးများတွင် အပါအဝင်ဖြစ်သော ရှောက်စန်ချောင်း၏ မိသားစုထံမှ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ရှောက်စန်ဟေးလ်လမ်းတွင် ဘီလျံနာကြီး လီကာရှင်း၏ နေအိမ်လည်းတည်ရှိနေသည့်အပြင် ဟောင်ကောင်ဘဏ္ဍာရေးဝန်ကြီး၏ တရားဝင်နေအိမ်တည်ရှိရာလည်း ဖြစ်သည်။

ရှောက်စန်ချောင်းသည် ၁၈၆၁ ခုနှစ်တွင် မွေးဖွားပြီး Phillips Exeter အကယ်ဒမီနှင့် အမေရိကန်ပြည်ထောင်စုရှိ ကိုလံဘီယာတက္ကသိုလ်တို့တွင် ပညာဆည်းပူးခဲ့ပြီးနောက် အရှေ့အာရှဘဏ်ကို ၁၉၁၈ ခုနှစ်တွင် ပူးတွဲတည်ထောင်ခဲ့သူဖြစ်သည်။

ရှောက်စန်ချောင်းသည် စီးပွားရေးနယ်တွင်သာမက နိုင်ငံရေးဘက်တွင်လည်း သြဇာတိက္ကမကြီးမားသူတစ်ဦးဖြစ်ပြီး ဟောင်ကောင်ကို ဗြိတိသျှတို့ အုပ်ချုပ်နေစဉ် ၁၉၂၆ ခုနှစ်အတွင်း ဟောင်ကောင်အမှုဆောင်ကောင်စီ၌ ခန့်အပ်ခံရသော ပထမဆုံး တရုတ်လူမျိုးလည်း ဖြစ်ခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ်အစိုးရပိုင် China Resources ကုမ္ပဏီက ဟောင်ကောင်တွင် ကမ္ဘာကျော်သူဌေးကြီး လီကာရှင်း၏ နေအိမ်ဘေးရှိ စတုရန်းပေ ၉၀၀၀၀ ကျော်ကျယ်ဝန်းသော မြေနေရာကို စံချိန်တင်ဈေးနှုန်းဟောင်ကောင်ဒေါ်လာ ၆ ဘီလီယံဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
တရုတ်အစိုးရပိုင် China Resources ကုမ္ပဏီက ဟောင်ကောင်တွင် ကမ္ဘာကျော်သူဌေးကြီး လီကာရှင်း၏ နေအိမ်ဘေးရှိ စတုရန်းပေ ၉၀၀၀၀ ကျော်ကျယ်ဝန်းသော မြေနေရာကို စံချိန်တင်ဈေးနှုန်းဟောင်ကောင်ဒေါ်လာ ၆ ဘီလီယံဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service