တရုတ်ပြည်၏ ဖလော်ရီဒါဟု နာမည်ကျော်သည့် ဟိုင်နန်ကျွန်းတွင် အာရှတိုက်၏ အကြီးမားဆုံး waterpark အပန်းဖြေစခန်းကြီး ဖွင့်လှစ်

တရုတ်ပြည်၏ ဖလော်ရီဒါဟု နာမည်ကျော်သည့် ဟိုင်နန်ကျွန်းတွင် အာရှတိုက်၏ အကြီးမားဆုံး waterpark အပန်းဖြေစခန်းကြီး ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
8 Jun 2018 11:42 am တွင် တင်ခဲ့သည်
5724 ကြိမ် ကြည့်ရှု့ပြီး
ဆန်ယာသည် တရုတ်ပြည် အရှေ့တောင်ပိုင်း၊ ဟိုင်နန်ကျွန်း၏ တောင်ဘက်စွန်းတွင် တည်ရှိသည့် မြို့ကလေး ဖြစ်သည်။

ဆောင်းဥတုတွင် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းမှ သက်ကြီးရွယ်အို အငြိမ်းစား များစွာလာရောက်လည်ပတ်လေ့ရှိသည့်နေရာဖြစ်ပြီး တရုတ်ပြည်၏ ဖလော်ရီဒါဟု နာမည်ကျော်သည့်မြို့လည်း ဖြစ်သည်။

ယခုအခါ အဆိုပါမြို့ကလေးတွင် အာရှတိုက်၏ အကြီးမားဆုံးဖြစ်သော waterpark ဖြစ်သော Atlantis Aquaventure Waterpark ကို ဖွင့်လှစ်
လိုက်ပြီ ဖြစ်သည်။

ဆန်ယာမြို့၊ ဟိုင်တန်ပင်လယ်ကွေ့တွင် တည်ရှိပြီး အတ္တလန်တစ် ဆန်ယာ အပန်းဖြေစခန်း စီမံကိန်း၏ အစိတ်အပိုင်းတစ်ခု လည်း ဖြစ်သည်။

အတ္တလန်တစ် ဆန်ယာအပန်းဖြေစခန်းသည် ပင်လယ်သမုဒ္ဒရာမြင်ကွင်းအသွင် ဆောက်လုပ်ထားပြီး Kerzner International ကုမ္ပဏီမှ ဆောက်လုပ်ခဲ့သည့် တတိယမြောက် အတ္တလန်တစ်အပန်းဖြေစခန်း ဖြစ်သည်။

Kerzner International သည် ဒူဘိုင်းတွင် The Palm resort နှင့် ဘဟားမားတွင် the Atlantis တို့ကိုလည်း ဆောက်လုပ်ထားသည်။

ဆန်ယာရှိ Atlantis Aquaventure Waterpark သည် အာရှတိုက်တွင် အကြီးမားဆုံး waterpark ဖြစ်ပြီး စတုရန်းမီတာ ၂၀၀၀၀၀ ခန့် ကျယ်ဝန်းသည်။

Waterpark ဟူသည်ကား ကစားကွင်းဥယျာဉ်တစ်မျိုးဖြစ်ပြီး ငါးကန်များ၊ ရေကူးကန်၊ ရေလွှာလျှော အစရှိသည်တို့ ပါဝင်သည့် အပန်းဖြေဥယျာဉ်တစ်မျိုး ဖြစ်သည်။

Atlantis Aquaventure Waterpark တွင် နောက်ဆုံးပေါ်နည်းပညာသုံး ရေလွှာလျှော ၁၅ ခု ပါဝင်သည်။

အဆိုပါရေလွှာလျှောများကို ProSlide ကုမ္ပဏီက ပံ့ပိုးထားခြင်း ဖြစ်သည်။

ဥယျာဉ်အတွင်း ၁ ဒသမ ၈ ကီလိုမီတာ ရှည်လျားသော မြစ်တစ်ခုလည်း ထည့်သွင်းထားသည့်အပြင် ကလေးများအတွက် ရေလွှာလျှော အသေးစား ၁၉ ခု ပါဝင်သည်။

ဆော့ဖ်ဝဲကုမ္ပဏီတစ်ခုဖြစ်သော Mobaro Park ကလည်း ကစားကွင်းဥယျာဉ်ကို လည်ပတ်ထိန်းသိမ်းရန်နှင့် လုံခြုံရေးအတွက် နည်းပညာများ လက်တွဲအကူအညီပေးထားသည်။

အတ္တလန်တစ် ဆန်ယာအပန်းဖြေစခန်းသည် စတုရန်းမီတာ ၅၄၀၀၀၀ ခန့်ကျယ်ဝန်းပြီး ပြီးခဲ့သော ဧပြီလ ၂၈ ရက်က ဖွင့်လှစ်ခဲ့သည်။

အပန်းဖြေစခန်းကြီးတစ်ခုလုံးအတွက် စုစုပေါင်းကုန်ကျငွေ ယွမ်ငွေ ၁၁ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၇၄ ဘီလီယံ) ရှိခဲ့သည်။

ဆန်ယာမြို့မြောက်ဘက်ရှိ ၁၀ ကီလိုမီတာရှည်လျားသော ပင်လယ်ကမ်းခြေကို အရှေ့တိုင်း၏ ဟာဝိုင်အီဟု တင်စားကြသည်။

Atlantis Sanya အပန်းဖြေစခန်းမှတစ်ဆင့် တောင်တရုတ်ပင်လယ်၏ ရင်သပ်ရှုမောဖွယ် ရှုမျှော်ခင်းများကို မျက်စေ့တဆုံး တွေ့မြင်နိုင်သည်။

အထူးခြားဆုံးမှာ ကမ္ဘာ့အကြီးမားဆုံး လဟာပြင်ငါးပြတိုက်ကြီးတစ်ခု ပါဝင်ပြီး The Ambassador Lagoon ဟု အမည်ပေးထားကာ ရေနေသတ္တဝါမျိုးစိတ်ပေါင်း ၈၆၀၀၀ ကျော်ကို ပြသထားသည်။

အပန်းဖြေစခန်းတွင် ဧည့်သည်များတည်းခိုရန် အခန်းပေါင်း ၁၃၁၄ ခန်းလည်း ပါဝင်သည်။

Atlantis Sanya အပန်းဖြေစခန်း၏ မန်နေးဂျင်း ဒါရိုက်တာ ဟိုက်ကို ရှရိန်နာက ယခုအပန်းဖြေစခန်းကြီးဖွင့်လှစ်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူလျက်ရှိပြီး ကမ္ဘာလှည့်ခရီးသည်တို့၏ စိတ်နှလုံးတွင် အံ့အားသင့်ဖွယ်၊ မမေ့ပျောက်နိုင်ဖွယ်နေရာတစ်ခုအဖြစ် အသိအမှတ်ပြုခြင်းခံရမည်ဟု မျှော်လင့်ထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ်ပြည်၏ ဖလော်ရီဒါဟု နာမည်ကျော်သည့် ဟိုင်နန်ကျွန်းတွင် အာရှတိုက်၏ အကြီးမားဆုံး waterpark အပန်းဖြေစခန်းကြီး ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်၏ ဖလော်ရီဒါဟု နာမည်ကျော်သည့် ဟိုင်နန်ကျွန်းတွင် အာရှတိုက်၏ အကြီးမားဆုံး waterpark အပန်းဖြေစခန်းကြီး ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်၏ ဖလော်ရီဒါဟု နာမည်ကျော်သည့် ဟိုင်နန်ကျွန်းတွင် အာရှတိုက်၏ အကြီးမားဆုံး waterpark အပန်းဖြေစခန်းကြီး ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်၏ ဖလော်ရီဒါဟု နာမည်ကျော်သည့် ဟိုင်နန်ကျွန်းတွင် အာရှတိုက်၏ အကြီးမားဆုံး waterpark အပန်းဖြေစခန်းကြီး ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်၏ ဖလော်ရီဒါဟု နာမည်ကျော်သည့် ဟိုင်နန်ကျွန်းတွင် အာရှတိုက်၏ အကြီးမားဆုံး waterpark အပန်းဖြေစခန်းကြီး ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်၏ ဖလော်ရီဒါဟု နာမည်ကျော်သည့် ဟိုင်နန်ကျွန်းတွင် အာရှတိုက်၏ အကြီးမားဆုံး waterpark အပန်းဖြေစခန်းကြီး ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်၏ ဖလော်ရီဒါဟု နာမည်ကျော်သည့် ဟိုင်နန်ကျွန်းတွင် အာရှတိုက်၏ အကြီးမားဆုံး waterpark အပန်းဖြေစခန်းကြီး ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်၏ ဖလော်ရီဒါဟု နာမည်ကျော်သည့် ဟိုင်နန်ကျွန်းတွင် အာရှတိုက်၏ အကြီးမားဆုံး waterpark အပန်းဖြေစခန်းကြီး ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်၏ ဖလော်ရီဒါဟု နာမည်ကျော်သည့် ဟိုင်နန်ကျွန်းတွင် အာရှတိုက်၏ အကြီးမားဆုံး waterpark အပန်းဖြေစခန်းကြီး ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

imyanmarmarket
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service