၂ဝ၁၈ ခုနှစ် ၊ ဇွန်လ ၁ ရက် ၊ ၂ ရက် နှင့် ၃ ရက်နေ့များတွင် အမှတ် (၂၈၁) ၊ ရွှေဂုံတိုင်လမ်းမပေါ် ၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့တွင် Royal Shwegonedaing ကွန်ဒိုအခန်းများအား ရောင်းချရန် မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ အရောင်းပြပွဲတစ်ရပ်အား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအရောင်းပြပွဲ (၃) ရက်အတွင်း ပထမဆုံးဝယ်ယူသူ (၁ဝ) ဦးအတွက် သိန်း (၁၀၀၀) အထိကို အထူးအတိုးနှုန်း ၁% ၊ ၁၅ နှစ် အရစ်ကျပေးချေမှုနှင့် မာစတာအိပ်ခန်း ၄ ခန်း ၊ ကားပါကင် ၂ စီးစတဲ့ ပရိုမိုးရှင်းတွေ ထည့်သွင်းပေးထားသည့် အစီအစဉ်များဖြင့် ထည့်သွင်းရောင်းချပေးခဲ့ကြောင်း သိရသည်။
Royal Shwegonedaing ကွန်ဒိုသည် အချက်အချာကျပြီး သွားလာရလွယ်ကူသည့် ဗဟန်းမြို့နယ် ၊ ရွှေဂုံတိုင်လမ်းမပေါ်တွင် တည်ရှိပြီး အထင်ကရဆေးရုံဖြစ်သည့် ရွှေဂုံတိုင်ဆေးရုံ ၊ SSC Woman Center ၊ ဈေးဝယ်စင်တာများဖြစ်သည့် Ocean Super Center နှင့် Shwegonedaing Plaza ၊ ခြောက်ထပ်ကြီးဘုရား ၊ Golden Hill Tower ၊ Hotel Shwegonedaing ၊ KBZ Bank တို့အနီးတွင် တည်ရှိပြီး facilities များအနေဖြင့် ရေကူးကန် ၊ ဓာတ်လှေကား နှင့် ကားပါကင်တို့ ပါဝင်ကြောင်း သိရသည်။
“ ကျွန်တော်တို့ iMyanmarHouse.com (အိုင်မြန်မာဟောက်ဒေါ့ကွန်း) ဟာဆိုရင် အစဉ်အမြဲ အိမ်ခြံမြေအရောင်းပြပွဲတွေ ကျင်းပပေးနေပါတယ်။ အခု ဒီ Royal Shwegonedaing ကွန်ဒိုကလည်း ရန်ကုန်မြို့ရဲ့ သွားလာရလွယ်ကူပြီး အချက်အချာကျတဲ့ ဗဟန်းမြို့နယ်မှာ တည်ရှိပါတယ်။ အရောင်းပြပွဲအတွင်း ဝယ်ယူသူများအတွက် အထူးအတိုးနှုန်းတွေ ၊ အရစ်ကျပေးချေမှုတွေစတဲ့ အထူးပရိုမိုးရှင်း အစီအစဉ်တွေနဲ့ ရောင်းချခဲ့ပါတယ်။ ” ဟု iMyanmarHouse.com (အိုင်မြန်မာဟောက်ဒေါ့ကွန်း) ၏ Managing Director ဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)