မန္တလေးသို့ နိုင်ငံခြားသားခရီးသည်ဝင်ရောက်မှု နှုန်းမှာ တစ်နှစ်ထက်တစ်နှစ် တိုး တက်လာသည်နှင့်အညီ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများ၏အ ရေအတွက်မှာ လေးနှစ်ကျော်ကာ လအတွင်း သုံးဆကျော်အထိမြင့် တက်လာပြီး
နိုင်ငံတကာခရီးသွား လုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်ရေးအ တွက် လိုင်စင်များအမြန်ဆုံးချထား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
"" လွန်ခဲ့သောလေးနှစ်ကျော် တုန်းက ဒီဇင်ဘာလနဲ့ ဇန်နဝါရီလ အချိန်ဆို တည်းခိုဖို့အတွက် အခန်း မလုံလောက်တာတွေရှိခဲ့ဖူးတယ်။ ၂၀၁၃ ခုနှစ်တုန်းက မန္တလေးမြို့ မှာ ဟိုတယ်အလုံးရေ ၇၀ သာရှိခဲ့ ပေမယ့် ၂၀၁၄ ခုနှစ်နောက်ပိုင်း ရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းရှင်တွေ များ ပြားလာရာမှ အခုတော့ ဟိုတယ် တည်းခိုရိပ်သာ ၂၀ဝ ကျော်အထိ ရှိလာပါပြီ။ အခန်းအရေအတွက် ၁၀ဝ၀ဝ ကျော်ကျော်ရှိပြီးဝန်ဆောင်မှုပိုင်းဆိုင်ရာယှဉ်ပြိုင်မှုတွေကြောင့် ခရီးသည်တွေအတွက် စိတ်ကျေနပ် မှုများစွာရရှိစေပါတယ်။ ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှု ဦးစီး ဌာနဘက်က လိုင်စင်တွေအမြန်ဆုံး ချပေးလျက်ရှိပါတယ် ""ဟု မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင် များအသင်း (မန္တလေးဇုန်) ဥက္ကဋ္ဌ ဦးမင်းခိုင်က ဇွန် ၆ ရက်တွင် ဒီမို ကရေစီတူဒေးသို့ ပြောကြားသည်။
ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ တည်ဆောက်မိန့်ရ ရှိ၍ အဆောက်အအုံတည်ဆောက် ပြီးစီးပါက လိုင်စင်လျှောက်ထားရ မည်ဖြစ်ကာ ကွင်းဆင်းစစ်ဆေး၍ သတ်မှတ်ချက်နှင့်ကိုက်ညီပါက လိုင်စင်အတွက် ထောက်ခံချက် ရရှိမည်ဖြစ်ကြောင်း သိရသည်။
""ခရီးသည်တွေတည်းခိုနေထိုင် ဖို့ အခန်း ၁၀ ခန်းကနေ အခန်း ၂၀ အထိရှိတယ်ဆိုရင် တည်းခိုရိပ် သာလိုင်စင်ကို ချထားပေးတာဖြစ် ပြီး အခန်း ၂၀ အထက်ရှိတယ်ဆို ရင် ဟိုတယ်လိုင်စင်ကို ချထားပေး ပါတယ်။ ဟိုတယ်လိုင်စင်က နှစ် နှစ်သက်တမ်းဖြစ်ပါတယ်""ဟု အဆို ပါ ဦးစီးဌာန (အထက်မြန်မာပြည် ဌာနခွဲ) လ/ထ ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောသည်။ပြီးခဲ့သည့်နှစ် ၂၀၁၇ ခုနှစ်တွင် နိုင်ငံခြားသားခရီးသည် ၄၈၃၇၈၄ ဦးဝင်ရောက်ခဲ့ပြီး ယခု ၂၀၁၈
ခုနှစ် အတွင်း ဦးရေ ငါးသိန်းဝင်ရောက် မည်ဟု ခန့်မှန်းထားကြောင်း ယင်း ဦးစီးဌာနမှ သိရသည်။
Credit: Democracytoday