နိုင်ငံရှိလယ်ယာ မြေရောင်းဝယ်မှုအပေါ် တံဆိပ် ခေါင်းခွန်နှင့် စာချုပ်စာတမ်းမှတ် ပုံတင်ကြေး သတ်မှတ်နှုန်းထား ပြ ဋ္ဌာန်းနိုင်ရေးအတွက် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေကို ပြည်ထောင် စုလွှတ်တော်က ပြင်ဆင်ပြီးလျှင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဇွန် ၆ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေး တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးလှကျော်ကပြောကြား ခဲ့ခြင်းဖြစ်သည်။
မကွေးတိုင်းဒေသကြီး ဆိပ် ဖြူမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိုက်၏ လယ်ယာမြေ ရောင်းဝယ်မှုအား တံဆိပ်ခေါင်း ခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံတင် ကြေး သတ်မှတ်နှုန်းထားပြဋ္ဌာန်း ပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့် ပတ်သက်၍ ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
""စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာနကလည်း တံဆိပ်ခေါင်း ခွန်နှုန်းထားအတွက် အထူးဥပဒေ Mother Law ဖြစ်တဲ့ တံဆိပ် ခေါင်းခွန်အက်ဥပဒေ နောက်ဆက် တွဲဇယားမှာပါတဲ့အတိုင်း ထိုက် သင့်စေဖို့ ညှိနှိုင်းလိုတဲ့သဘောထား ရှိပါတယ်""၄င်းကပြောသည်။
လယ်ယာမြေလုပ်ကိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံ၍ ချေးငွေရ ယူခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း နှင့် ပေးကမ်းခြင်းတို့အတွက် ချုပ် ဆိုသည့် စာချုပ်စာတမ်းအမျိုးအ စားအလိုက် မြန်မာနိုင်ငံတံဆိပ်ခေါင်း ခွန်အက်ဥပဒေအရ ထိုက်သင့်သည့် အခွန်နှုန်းထား ထမ်းဆောင်ပြီး ဦးစီးဌာနကို စာချုပ်စာတမ်းမှတ် ပုံတင်ကြေးပေးဆောင်ပြီးလျှင် သက် ဆိုင်ရာမြို့နယ်ဦးစီးရုံးတွင် မှတ်ပုံ တင်ရမည်ဟု ပြင်ဆင်နိုင်ရေးအတွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန က လယ်ယာစိုက်ပျိုးရေးနှင့်
ဆည် မြောင်းဝန်ကြီးဌာနသို့ လာရောက် ညှိနှိုင်းထားကြောင်း သိရသည်။
လယ်ယာမြေ လွှဲပြောင်းပေး သူနှင့် လွှဲပြောင်းလက်ခံသူတို့သည် လယ်ယာမြေတည်ရှိသည့် သက် ဆိုင်ရာ ရပ်ကွက် (သို့မဟုတ်) ကျေး ရွာအုပ်စုရှိ လယ်ယာမြေစီမံခန့် ခွဲရေးအဖွဲ့ရှေ့မှောက်တွင် တံဆိပ် ခေါင်းခွန် ထမ်းဆောင်ပြီး စာချုပ် ချုပ်ဆိုရမည်ဟု ၂၀၁၂ ခုနှစ် လယ် ယာမြေဥပဒေ၊ နည်းဥပဒေ ၂၄ မှ ၂၈ တွင် ဖော်ပြထားသည်။
Credit: Democracytoday