မော်လမြိုင်ရှိ စည်ပင်ပိုင်မြေနှင့် ဆိုင်ခန်းများငှားရမ်းခသည် ခေတ်ကာလဈေးနှင့် လျော်ညီမှုမရှိကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ထောက်ပြ

မော်လမြိုင်ရှိ စည်ပင်ပိုင်မြေနှင့် ဆိုင်ခန်းများငှားရမ်းခသည် ခေတ်ကာလဈေးနှင့် လျော်ညီမှုမရှိကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ထောက်ပြ - Property News in Myanmar from iMyanmarHouse.com
8 Jun 2018 10:10 am တွင် တင်ခဲ့သည်
2841 ကြိမ် ကြည့်ရှု့ပြီး
မွန်ပြည်နယ် မော်လမြိုင်မြို့တွင်းရှိ စည်ပင်ပိုင်မြေနှင့် ဆိုင်ခန်းများ ငှားရမ်းခသည် ခေတ်ကာလဈေးနှင့် လျော်ညီမှု မရှိ ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးအကြံပြုသည်။

ထိုအစီရင်ခံစာတွင် ပါရှိ သည့် မော်လမြိုင်မြို့ လှိုင်အဝေးပြေး ကားဝင်းရှိ ဆိုင်ခန်း ၁၀၆ ခန်းသည် တစ်ခန်းလျှင် တစ်လကျပ် နှစ်ထောင်နှုန်းသာရရှိခြင်း၊ တည်းခိုခန်း တစ်ခန်းလျှင်ကျပ်ငါးထောင်နှုန်းသာ ကောက်ခံနေခြင်း၊ ထိုသို့ကောက်ခံနေသော်လည်း ငှားရမ်းစာချုပ်ချုပ်ဆိုထားမှုမရှိခြင်းကို အမတ်များက ထောက်ပြသည်။

မော်လမြိုင်အမှတ် (၁) ပြည် သူ့ဈေးရှိ ဧရာဟင်္သာကုမ္ပဏီ၏ မှတ်ပုံတင်ခများပေးသွင်းပြီး ဆိုင် ခန်းငှားရမ်းခများ ပေးသွင်းခြင်း မရှိသည့် ဆိုင်ခန်း ၇၃ ခန်းကို စာချုပ်ပါအချက်များနှင့် ကိုက်ညီမှုမရှိခြင်း၊ သံလွင်ဥယျာဉ်ရှိ New Sky စားသောက်ဆိုင်မြေ ငှားရမ်းခသည် တစ်လကျပ် ငါးသိန်း သာရရှိခြင်းတို့သည် ခေတ်ကာလဈေးနှင့် လျော်ညီမှုမရှိကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြဆွေးနွေးအကြံပြုသည်။

‘‘အခုအချိန်မှာ ဆိုင်ခန်းခ တွေက သိန်းချီပေးနေတဲ့အခြေ အနေ ဖြစ်နေတယ်။ အခုမြေ ငှားရမ်းခနဲ့ ဆိုင်ခန်းခက ငွေနှစ်ထောင်ပဲရတယ်ဆိုတော့ ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စပါ။ ဒါကို သက်ဆိုင်ရာဝန်ကြီးဌာနက အမြန်ဆုံး ပြင်ဆင်သင့်တယ်’’ဟု ပေါင်မြို့ နယ် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးဇော်ဇော်ထူးက ပြော သည်။

၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ၀န်ကြီးဌာနများ၏ ထူးခြားအစီရင်ခံစာကို ပြည်နယ်စာရင်းစစ်ချုပ်က မေလ ၄ ရက်တွင် လွှတ်တော်သို့ တင်ပြခဲ့သည်။

အစီရင်ခံစာပါအချက်များ ကို ဇွန်လ ၆ ရက်တွင် လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေး အကြံပြုခဲ့သည်။

အစီရင်ခံစာတွင်ပါရှိသည့် မြေငှားရမ်းခနှင့် ဆိုင်ခန်းကိစ္စများ သည် ပွင့်လင်းမြင်သာမှု၊ တာဝန် ယူမှု၊ တာဝန်ခံမှုကို ဖော်ဆောင် နေ၍ ပြည်နယ်အစိုးရ၏ အဓိကရည်ရွယ်ချက်နှင့် သွေဖည်နေသည်ကို တွေ့ရှိနေရကြောင်း သထုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ဆွေးနွေးအကြံပြုသည်။

စာချုပ်ပါ အချက်များကို ပြည်နယ်အစိုးရအနေဖြင့် စာချုပ်ကို ပယ်ဖျက်သင့်ပြီး ကက်ဘိနက် (အစိုးရအဖွဲ့) အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ပြည်ထောင်စုအစိုးရသို့ ပေးပို့သင့်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါကိစ္စရပ်များကို ပြန်လည်စစ်ဆေးမည် ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရ အဖွဲ့ဝင်ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က ဆိုသည်။

‘‘ကန်ထရိုက်စနစ်ပေးထား တဲ့ စာချုပ်ကို ပြန်စစ်မယ်။ အခွန် အကောက်ဥပဒေအရ ဘယ်လို အခွန်အကောက်ဥပဒေနဲ့ အညီ ကောက်ခံသွားရလဲဆိုတာ စာချုပ်တွေကို ပြန်စစ်ပြီးမှ သိရမယ်။ စည်ပင်အနေနဲ့ မြေငှားရမ်းထား တဲ့ စာချုပ်တွေ အားလုံးပြန်စစ် ဆေးပါမယ်’’ဟု ဦးမင်းကျော်လွင် က ပြောသည်။

ပြည်နယ်စာရင်းစစ်ချုပ်တင် သွင်းခဲ့သည့် ပြည်နယ်အစီရင်ခံ စာထဲတွင် ကျိုက်ထိုမြို့နယ်ရှိ လမ်းမကြီးနယ်နိမိတ်အတွင်း အ ဆောက်အအုံဆောက်လုပ်ခြင်း၊ ကြော်ငြာဆိုင်းဘုတ်များစိုက်ထူ ခြင်းတို့သည် အခွန်ကောက်ခံပေး သွင်းခြင်းမရှိသဖြင့် ဌာနအနေဖြင့် ရသင့်ရထိုက်သည့် အခွန်ငွေများ မရသဖြင့် သတ်မှတ်နှုန်းထားဖြင့် ကောက်ခံပေးသွင်းရန် လိုအပ် ကြောင်း တွေ့ရှိရသည်ဟု လွှတ် တော်တွင် တင်ပြခဲ့သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

Shwe Moe Kaung
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service