အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ ဟက်ကက်စ်တောင်းမြို့တွင် တည်ရှိပြီး နယူးယောက်မြို့နှင့် မိုင် ၅၀ ခန့်သာ ဝေးကွာသည့်အရပ်တွင် ဆန်စက်ဟောင်းကြီးကို နေအိမ်အဖြစ် အသွင်ပြောင်းထားသည့် အဆောက်အအုံကြီး အရောင်းဈေးကွက်ဝင်လာကြောင်း ရှေးဟောင်းအဆောက်အအုံများ အရောင်းအဝယ်ပြုလုပ်သည့် အမေရိကန်ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ယခုအဆောက်အအုံကြီးမှာ ၁၇၅၀ ပြည့်နှစ်ဝန်းကျင်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၉၈၀ ပြည့်လွန်ကာလများတွင် ယေးတက္ကသိုလ်ကျောင်းဆင်း ဗိသုကာပညာရှင် ချားလ်စ် ဘတ်က်လေက ၎င်းနေထိုင်ရန်အတွက် ကိုယ်တိုင် ပြန်လည်ဒီဇိုင်းရေးဆွဲ၊ ပြုပြင်မွမ်းမံဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ for sale for $1,175,000နယူးဂျာစီပြည်နယ်၊ ဝါရန်ခရိုင်၊ မတ်စ်ကိုနက်ကွန် မြစ်ကမ်းတွင် တည်ရှိပြီး မြစ်နှင့် ပေ ၁၅၀၀ ခန့် ထိစပ်နေသည်။
သမားရိုးကျမဟုတ်ဘဲ ဆန်စက်မှ အသွင်ပြောင်းထားသည့် ယခုနေအိမ်၏ အကျယ်အဝန်းမှာ စတုရန်းပေ ၆၀၀၀ ရှိသည်။
ပထမထပ်တွင် ကြီးမားသည့် မီးလင်းဖိုကြီးတွေ့ရပြီး ဧည့်သည်များအတွက် အိမ်သာ၊ ကျယ်ဝန်းသည့် မီဒီယာခန်းမနှင့် ရင်သပ်ရှုမောဖွယ် ကျောက်တုံးနံရံများ တွေ့ရသည်။
ညစာစားရန်နေရာထည့်သွင်းထားသည့် မီးဖိုဆောင် ပါဝင်ပြီး မီးဖိုဆောင်အတွင်း မြေအုတ်ကြွပ်၊ လိပ်သည်းကျောက်ပြားများ ခင်းပေးထားသည့် ကောင်တာမျက်နှာပြင်များ၊ စတီးအသုံးအဆောင်ပစ္စည်းများ ထည့်သွင်းထားသည်။
ထို့အပြင် စံမှီ ညစာစားခန်းတစ်ခုလည်း ပါဝင်သေးပြီး မီးလင်းဖိုပါသည့် နားနေခန်း၊ အဝတ်လျှော်ခန်းတို့လည်း မြေညီထပ်တွင် ပါဝင်သေးသည်။
အထူးခြားဆုံးကား ယခင်က ဆန်စက်ကို ရေအားဖြင့်လည်ပတ်မောင်းနှင်ခဲ့ခြင်းဖြစ်ရာ ယနေ့တိုင်အောင်ပင် ဧည့်ခန်းအောက်၌ ဖြတ်သန်းစီးဆင်းနေသည့် ရေစီးမြောင်းတစ်ခု တည်ရှိနေခြင်း ဖြစ်သည်။
ဒုတိယထပ်တွင် ကြမ်းပြင်မှ မျက်နှာကြက်အထိ မြင့်မားသည့် စာအုပ်စင်များ ပါဝင်သည့် စာကြည့်တိုက်တစ်ခု၊ အိပ်ခန်း ၃ ခန်းနှင့် ကြီးမားသည့် ရေချိုးခန်းကြီးတစ်ခု ပါဝင်သည်။
တတိယထပ်တွင် ကြီးမားသည့် စတူဒီယိုခန်းတစ်ခုပါပြီး လက်ရှိအားဖြင့် အနုပညာလက်ရာများ ပြသသည့် ပြခန်းအဖြစ် အသုံးပြုထားသည်။
ထို့အပြင် အဝတ်လဲခန်း၊ ရေစိမ်ကန်နှင့် ရေပန်းတို့ ပါဝင်သည့် ရေချိုးခန်းတစ်ခန်းလည်း ပါဝင်သေးသည်။
ခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၁၇၅၀၀၀ ဖြစ်သည်။
(အချက်အလက်များ)
အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ ဟက်ကက်စ်တောင်းမြို့၊ Route 57၊ အမှတ် ၁၈၂၆
ရေချိုးခန်း ၂ ခန်း၊ အိပ်ခန်း ၄ ခန်း၊ ၆၀၀၀ စတုရန်းပေ၊ ခြံအကျယ်အဝန်း ၅ ဧက
ဈေးကွက်တင်သည့် ရက်စွဲ- ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁ ရက်
ဝယ်ယူလိုပါက ဆက်သွယ်ရမည့်ပုဂ္ဂိုလ်- မေရီယန်း ဂျွန်စတန် Maryann Johnston (Coldwell Banker ကုမ္ပဏီ)
ဆက်သွယ်ရမည့် အီးမေးလ်- maryann.johnston@att.net
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)