၂၀၁၈ ခုနှစ်၏ ကမ္ဘာ့ယေဘုယျအကောင်းဆုံးနိုင်ငံ ၈၀

၂၀၁၈ ခုနှစ်၏ ကမ္ဘာ့ယေဘုယျအကောင်းဆုံးနိုင်ငံ ၈၀ - Property News in Myanmar from iMyanmarHouse.com
7 Jun 2018 10:33 am တွင် တင်ခဲ့သည်
3948 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာ့အဆင့်သတ်မှတ်ချက်များ၊ ဆန်းစစ်လေ့လာမှုများ၊ စားသုံးသူများအတွက် အကြံဉာဏ်ပေးချက်၊ သဘောထားအမြင်များနှင့် သတင်းများကို ထုတ်ပြန်နေသည့် အမေရိကန်မီဒီယာကုမ္ပဏီ U.S. News & World Report က ၂၀၁၈ ခုနှစ်၏ ကမ္ဘာ့ယေဘုယျအကောင်းဆုံး သို့မဟုတ် အဘက်ဘက်မှ အကောင်းဆုံးနိုင်ငံ ၈၀ စာရင်းကို ထုတ်ပြန်လိုက်ပြီဖြစ်သည်။

ထို့ကြောင့် ယင်းနိုင်ငံ ၈၀ စာရင်းအား သတင်းအတွင်း စာရင်းပုံများနှင့်တကွ ဖော်ပြပြီး နိုင်ငံ ၈၀ အနက် နံပါတ် ၁ မှ ၁၀ အကြား ဖော်ပြခံခဲ့ရသော နိုင်ငံများကို အောက်ပါအတိုင်း စာဖြင့် အသေးစိတ်ရှင်းလင်းဖော်ပြအပ်ပါသည်။

၂၀၁၇ တွင် လူဦးရေ ၈ ဒသမ ၄ သန်းနှင့် ပြည်တွင်းအသားတင်ထုတ်ကုန် (
ဂျီဒီပီ) အမေရိကန်ဒေါ်လာ ၆၅၈ ဒသမ ၈ ဘီလျံ ရှိပြီး တစ်ဦးချင်း ဂျီဒီပီ အမေရိကန်ဒေါ်လာ ၆၀,၃၇၄ ဒေါ်လာ ရှိခဲ့သည့် ဆွစ်ဇာလန်က ၂၀၁၇ စာရင်းအတိုင်း မပြောင်းလဲဘဲ ကမ္ဘာ့ယေဘုယျအကောင်းဆုံးနိုင်ငံအဖြစ် ယခုနှစ်စာရင်း၏ နံပါတ် ၁ နေရာတွင် ရပ်တည်ခဲ့ပြန်သည်ကို တွေ့ရသည်။

၂၀၁၇ တွင် လူဦးရေ ၃၆ ဒသမ ၃ သန်းနှင့် ပြည်တွင်းအသားတင်ထုတ်ကုန် (
ဂျီဒီပီ) အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလျံ ရှိပြီး တစ်ဦးချင်း ဂျီဒီပီ အမေရိကန်ဒေါ်လာ ၄၆,၄၄၁ ဒေါ်လာ ရှိခဲ့သည့် ဆွစ်ဇာလန်ကလည်း ယမန်နှစ် စာရင်းအတိုင်း မပြောင်းလဲဘဲ ယခုနှစ်စာရင်း၏ နံပါတ် ၂ နေရာ၌ ဖော်ပြခံခဲ့ရသည်။

ယမန်နှစ်တွင် နံပါတ် ၄ နေရာ၌ ရှိခဲ့သည့် ဂျာမနီက နံပါတ် ၃ နေရာသို့ ယခုနှစ်တွင် မြင့်တက်လာခဲ့ပြီး ယူကေ ယမန်နှစ်က နံပါတ် ၃ နေရာ၌ ရှိခဲ့ရာမှ နံပါတ် ၄ နေရာသို့ ကျဆင်းခဲ့သည်။

ဂျပန်ကမူ ယမန်နှစ်စာရင်းအတိုင်း မပြောင်းလဲဘဲ ယခုနှစ်စာရင်းတွင်လည်း နံပါတ် ၅ နေရာ၌ ရပ်တည်ခဲ့သည်။ အလားတူပင် ဆွီဒင်ကလည်း ယမန်နှစ်စာရင်းအတိုင်း မပြောင်းလဲဘဲ ယခုနှစ်စာရင်းတွင်လည်း နံပါတ် ၆ နေရာ၌ ရပ်တည်ခဲ့သည်ကို တွေ့ရသည်။

နံပါတ် ၇ နေရာတွင် ယမန်နှစ်က အမေရိကန် ရှိခဲ့ရာမှ ယခုနှစ်စာရင်းတွင် နံပါတ် ၈ နေရာသို့ လျှောကျခဲ့ကာ သြစတြေးလျက နံပါတ် ၈ နေရာမှ နံပါတ် ၇ နေရာသို့ မြင့်တက်လာခဲ့သည်။

ပြင်သစ်က ယမန်နှစ်စာရင်းအတိုင်း ယခုနှစ်စာရင်းတွင်လည်း နံပါတ် ၉ နေရာ၌ ဖော်ပြခံခဲ့ရပြီး နယ်သာလန်က နံပါတ် ၁၁ မှ နံပါတ် ၁၀ သို့ မြင့်တက်လာခဲ့သည်ကို တွေ့ရသည်။

ယင်းစာရင်းအား ၎င်းနိုင်ငံတို့၏ နှစ်လိုဖွယ်ကောင်းမှု၊ နိုင်ငံသားများအပေါ် တန်ဖိုးထားဂရုစိုက်မှု၊ ယဉ်ကျေးမှုဆိုင်ရာ လွှမ်းမိုးမှု၊ စွန့်ဦးတီထွင်စွမ်းဆောင်မှု၊ အမွေအနှစ်၊ စီးပွားရေးပွင့်လန်းမှုနှင့် သြဇာအာဏာလွှမ်းမိုးမှု၊ ဘဝအရည်အသွေး စသည့် အချက်များအပေါ် အခြေခံ၍ အကဲဖြတ်ဆန်းစစ်လေ့လာကာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
၂၀၁၈ ခုနှစ်၏ ကမ္ဘာ့ယေဘုယျအကောင်းဆုံးနိုင်ငံ ၈၀ - Property News in Myanmar from iMyanmarHouse.com
၂၀၁၈ ခုနှစ်၏ ကမ္ဘာ့ယေဘုယျအကောင်းဆုံးနိုင်ငံ ၈၀ - Property News in Myanmar from iMyanmarHouse.com
၂၀၁၈ ခုနှစ်၏ ကမ္ဘာ့ယေဘုယျအကောင်းဆုံးနိုင်ငံ ၈၀ - Property News in Myanmar from iMyanmarHouse.com
၂၀၁၈ ခုနှစ်၏ ကမ္ဘာ့ယေဘုယျအကောင်းဆုံးနိုင်ငံ ၈၀ - Property News in Myanmar from iMyanmarHouse.com
၂၀၁၈ ခုနှစ်၏ ကမ္ဘာ့ယေဘုယျအကောင်းဆုံးနိုင်ငံ ၈၀ - Property News in Myanmar from iMyanmarHouse.com
၂၀၁၈ ခုနှစ်၏ ကမ္ဘာ့ယေဘုယျအကောင်းဆုံးနိုင်ငံ ၈၀ - Property News in Myanmar from iMyanmarHouse.com
၂၀၁၈ ခုနှစ်၏ ကမ္ဘာ့ယေဘုယျအကောင်းဆုံးနိုင်ငံ ၈၀ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

Shwe Moe Kaung
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service