ဘရူနိုင်းဘုရင် ပိုင်ဆိုင်သည့် စံအိမ်တော်ကြီးများနှင့် အခြားပိုင်ဆိုင်မှုများ

ဘရူနိုင်းဘုရင် ပိုင်ဆိုင်သည့် စံအိမ်တော်ကြီးများနှင့် အခြားပိုင်ဆိုင်မှုများ - Property News in Myanmar from iMyanmarHouse.com
6 Jun 2018 1:04 pm တွင် တင်ခဲ့သည်
7909 ကြိမ် ကြည့်ရှု့ပြီး
ဘရူနိုင်းဘုရင်မင်းမြတ်၏ ကြွယ်ဝမှုမှာ ခန့်မှန်း ချက်များအရ ကန်ဒေါ်လာ ၃၇ ဘီလီယံခန့် ရှိ သည်ဟု ခန့်မှန်းထားကြသည်။ ဘရူနိုင်းဘုရင် ဟာဆန် နယ် ဘိုလ်ကီယာကို ၁၉၄၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်တွင် မွေးဖွား သည်။ ဘရူနိုင်း၏ ၂၉ ဆက်မြောက်နှင့် လက်ရှိဘုရင် ဖြစ်သည်။

ဘရူနိုင်းဘုရင် အိုမာ အလီ ဆိုင်ဖူဒီယန်နှင့် ဘုရင်မ ကြီး ရာဂျာ အစ်္စတီရီ ပန်ဂီရန် အေနက် ဒါမစ်တို့၏ သားတော် ဖြစ်သည်။ ဖခင်ဖြစ်သူမှာ ၁၉၆၇ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်တွင် ထီးနန်းစွန့်လွှတ်ခဲ့ပြီးနောက် ဟာဆန်နယ် ဘိုလ်ကီ ယာမှာ ဘရူနိုင်းဘုရင် ဖြစ်လာခဲ့သည်။ အာဆီယံထိပ်သီး ကို ဘရူနိုင်းတွင် ကျင်းပစဉ် ၂၀၀၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ အာဆီယံဥက်္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ခြင်းဖြင့်လည်း နာမည်ကျော် သည်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ်္ဂိုလ်များတွင် တစ်ဦးအပါ အ၀င်အဖြစ် သတ်မှတ်ခြင်းခံထားရပြီး ဖော့ဘ်မဂ်္ဂဇင်းကြီးက ၂၀၀၈ ခုနှစ်အတွင်းခန့်မှန်းခဲ့ရာတွင် ကန်ဒေါ်လာ ၂၀ ဘီလီယံ ခန့် ကြွယ်ဝသည်ဟု ခန့်မှန်းခဲ့သည်။

၂၀၁၆ ခုနှစ်အတွင်း ထိုင်းဘုရင် ဘူမိဘော အဗ်္ဗ ဒူယာဒက်ဂ်ျ နတ်ရွာစံပြီးနောက်ပိုင်း ဘရူနိုင်းဘုရင်မှာ ကမ္ဘာ ပေါ်တွင် အချမ်းသာဆုံးဘုရင်တစ်ပါး ဖြစ်လာခဲ့သည်။

ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက် ပြီးလျှင် ဘရူနိုင်း ဘုရင်မှာ ကမ္ဘာပေါ်တွင် ဒုတိယမြောက် သက်တမ်းအကြာမြင့် ဆုံး ဘုရင်တစ်ပါးဖြစ်သည်။

ဟာဆန်နယ် ဘိုလ်ကီယာကို ဘရူနိုင်းနိုင်ငံ၊ အစ္စ တာနာ ဒါရူဆလမ်မြို့တွင် မွေးဖွားပြီး အိမ်ရှေ့မင်းသားတစ်ပါး အဖြစ် ကြီးပြင်းခဲ့ခြင်းဖြစ်သည်။

အထက်တန်းပညာရေးကို မလေးရှားနိုင်ငံ၊ ကွာလာ လမ်ပူမြို့ရှိ Victoria Institution တွင် ဆည်းပူးခဲ့ပြီး ဗြိတိန် ရှိ နာမည်ကျော် ဆင်းဟတ်စစ်တက်္ကသိုလ်တွင် ဆက်လက်တက် ရောက်ခဲ့ကာ ၁၉၆၇ ခုနှစ်တွင် ကျောင်းဆင်းခဲ့သည်။

ထိုနှစ် ၁၉၆၇ တွင်ပင် ခမည်းတော် ထီးနန်းစွန့်သွား သောကြောင့် ၁၉၆၈ ခုနှစ် ၊ သြဂုတ်လ ၁ ရက်တွင် နန်းတက် ပွဲကျင်းပကာ ဘရူနိုင်းနိုင်ငံ၏ အကြီးအကဲဖြစ်လာသည်။

ဖခမည်း တော်ကဲ့သို့ပင် ဗြိတိန်ဘုရင်မကြီး အဲလက်ဇ ဘက် ၏ သူကောင်း ပြုခြင်း ခံခဲ့ရသည်။ (ဘရူနိုင်းသည် ၁၉၈၄ ခုနှစ်အထိ ဗြိတိန်၏ ကာကွယ်စောင့်ရှောက်မှု ရယူထား သည့် နိုင်ငံဖြစ်၏)

+++ ကမ္ဘာ့အကြီးမားဆုံး နန်းတော် (သို့မဟုတ်) စံအိမ်တော်ကြီး +++

လန်ဒန်ရှိ ဘက်ကင်ဟမ်နန်းတော်ထက်ပင်ကြီးမား ပြီး မိသားစုတစ်စုနေထိုင်ရန် ဆောက်လုပ်ထားသည့် စံအိမ် များအနက် တစ်ကမ္ဘာလုံးတွင် အကြီးမားဆုံးစံအိမ် (သို့မဟုတ်) နန်းတော်ကြီးဖြစ်လေသည်။

၁၉၈၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ထိုခေတ် ငွေတန်ဖိုးအရပင် ကန်ဒေါ်လာ သန်း ၄၀၀ ခန့် ကုန်ကျခဲ့သည်။

နန်းတော်ဝန်းအတွင်းတည်ရှိသည့် မြင်းဇောင်းကြီးတွင်ပင် လေအေးပေးစက်ကြီးများ တပ်ဆင်ထားသည်။

ဘုရင့်စံအိမ်တွင်ရှိသည့် အခန်းအရေအတွက်ကို သင်သိလျှင် ရူးပင်သွားနိုင်သည်။

စံအိမ်တော်အတွင်း အခန်းပေါင်း ၁၇၈၈ ခန်း ပါဝင်ကာ ရေချိုးခန်းပေါင်း ၂၅၇ ခန်း ပါဝင်သည်။

စားသောက်ခန်းမကြီးမှာ အလွန်ကြီးမားလှပြီး ဧည့်သည်ပေါင်း ၅၀၀၀ ခန့်အထိ ဧည့်ခံကျွေးမွေးနိုင်သည်။ကားဂိုထောင်တွင် ကားအစင်းရေ ၁၁၀ အထိ ရပ်နားနိုင်ကာ ရေကူးကန်ကြီး ၅ ခုလည်း ပါဝင်သည်။

နန်းတော်ဝန်းမှာ စတုရန်းပေ ၂ သန်းခန့်အထိ ကျယ် ၀န်းသည်။ သီးသန့်ဗလီတစ်ခု တည်ဆောက်ထားရှိပြီး တစ်ကြိမ် လျှင် လူပေါင်း ၁၅၀၀ ခန့် တပြိုင်တည်း ၀တ်ပြုနိုင်သည်။နန်းတော်ကြီးမှာ အလွန်ကြီးမားကျယ်ပြန့်လှသောကြောင့် မီးပန်းဆိုင်းပေါင်း ၅၆၄ ခု၊ မီးသီးပေါင်း ၅၁၀၀၀ ၊ လှေကား ပေါင်း ၄၄ ခု နှင့် ဓာတ်လှေကား ၁၈ စင်း တပ်ဆင်ထားရသည်။

++++ မာစီးဒီး CLK GTR Roadster အမျိုးအစား မော်တော်ကား+++

ဘရူနိုင်းဘုရင်ထံတွင် အဆိုပါ အမျိုးအစား မော်တော်ကား ၂ စီးရှိသည်ဟု ဆိုသည်။

Le Mans 24 hour race ကားမောင်းပြိုင်ပွဲ အပါ အ၀င် ပြိုင်ပွဲပေါင်း ၂၂ ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး ၁၇ ပွဲ အနိုင်ရရှိခဲ့သည်။

6 liter V12 engine အမျိုးအစား တပ်ဆင်ထားပြီး အဆိုပါကားများအနက် ၂ စီးတွင်သာ RHD steering တပ် ဆင် ထားသည်။ ထို ၂ စီးကို ပိုင်ဆိုင်သူမှာ မည်သူဖြစ်နိုင်ပါ သနည်း။

+++ လာ့စ်ဗီးဂပ် စံအိမ် +++

ဘရူနိုင်းဘုရင်သည် အမေရိကန်ပြည်၊ လာ့စ်ဗီး ဂပ်စ်မြို့တွင် ညီဖြစ်သူအတွက် စံအိမ်ကြီးတစ်လုံး ဆောက်လုပ် ခဲ့သည်။

အဆိုပါ စံအိမ်သည် လက်ရှိအားဖြင့် လာ့စ်ဗီးဂပ်စ် တွင် အကြီးမားဆုံးစံအိမ်ကြီးများတွင် တစ်ခုအပါအ၀င် ဖြစ် သည်။

ရေချိုးခန်းပါဝင်ပြီးဖြစ်သည့် master bedroom ၁၇ ခန်း၊ သီးခြားရေချိုးခန်း ၃၆ ခန်း၊ ကားအစင်း ၅၀ ရပ်နားနိုင် သည့် ကားပါကင်နေရာ၊ ကား ၁၁ စင်းထည့်သွင်းနိုင်သည့် ကားဂိုဒေါင်များပါဝင်သည်။

စံအိမ်အတွင်း လူပေါင်း ၁၀၀၀ ဆန့် ခန်းမ၊ နိုင်ငံ တကာစံမီ အရွယ်အစားရှိ ရေကူးကန်၊ မြင်းစီးကွင်း၊ ဆူရှီဘား နှင့် ဒစ္စကို ကပွဲခန်းမတို့ ပါဝင်သည်။

အမျိုးသား၊ အမျိုးသမီး အားလုံးအတွက် Spa and Salon၊ သီးသန့်ရုပ်ရှင်ရုံနှင့် ညကလပ်တို့လည်း ပါဝင်သည်။

စံအိမ်ကြီးမှာ အလွန်ကြီးမား ကျယ်ပြန့်လှပြီး စတုရန်း ပေ ၇၃၀၀၀ ခန့်အထိ ကျယ်ဝန်းကာ ခြံဝန်းအတွင်း အခြား အဆောက်အအုံ ၆ ခုလည်း ပါဝင်သည်။

+++ Airbus A340-200 အမျိုးအစား လေယာဉ် +++

ဘရူနိုင်းဘုရင်သည် Airbus A340-200 အမျိုး အစား လေယာဉ်ကြီး ပိုင်ဆိုင်ထားပြီး လေယာဉ်အတွင်း master bedroom တစ်ခန်း၊ ရေချိုးခန်းနှင့် ကွန်ဖရင့်ခန်းမ တို့ ပါဝင်သည်။

လေယာဉ်တောင်ပံအလျားမှာ ကိုယ်ထည်အလျား ထက် ပိုမိုရှည်လျားပြီး ဘရူနိုင်းဘုရင်၏ ကိုယ်ပိုင်အမှတ်တံဆိပ် ခံနှိပ်ထားကာ ကိုယ်ထည်အောက်ပိုင်းကို ရွှေရောင်ဆေးသုတ် ထားသည်။

တတိယတန်းလေယာဉ်စီးခန်းတွင် လူဦးရေ ၂၆၁ ဦးခန့်အထိ လိုက်ပါနိုင်ပြီး ခရီးမိုင်ပေါင်း ၇၄၅၀ မိုင်အထိ တစ်ချိန်တည်းသွားရောက်နိုင်သည်။

တန်ဖိုးမှာ ကန်ဒေါ်လာ ၈၇ သန်းခန့် ဖြစ်သည်။

+++ Regents Park Home +++

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ တွင်လည်း ဘရူနိုင်းဘုရင် ပိုင်ဆိုင်သော စံအိမ်တစ်လုံးရှိပြီး ခန့်မှန်းတန်ဖိုးမှာ ကန် ဒေါ်လာ ၁၄၅ သန်းခန့် ဖြစ်သည်။

၁၈၁၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး နှစ်ပေါင်း ၂၀၀ ကျော်သက်တမ်းရှိပြီဖြစ်ကာ John Nash ဆောက်လုပ်ခဲ့သည့် ၂ လုံးတည်းသော စံအိမ်အနက်တစ်ခုလည်း ဖြစ်သည်။

ခြံဝန်းအတွင်း ပင်မအဆောက်အအုံ ၃ လုံးပါဝင် ပြီး အဆောက်အအုံအားလုံးကို တစ်ခုနှင့်တစ်ခု ဆက်သွယ်ပေး ထားသည်။

ဒုတိယမြောက်စံအိမ်မှာ ပင်မအဆောက်အအုံဖြစ် မည်ဟု ခန့်မှန်းရသည်။ အဆောက်အအုံ ၃ ခုလုံး၏ စုစု ပေါင်းအကျယ်အ၀န်းမှာ စတုရန်းပေ ၃၅၀၀ ခန့် ဖြစ်သည်။
စံအိမ်ကြီးရှေ့ တွင် ကြီးမားသည့် ကျောက်တုံးဆင်ဝင်ကြီးတည် ရှိပြီး သာယာလှပသည့် ပန်းဥယျာဉ်များနှင့် ၀န်းပတ်လျှက် ရှိသည့်အပြင် ရေတံခွန်များလည်း များစွာပါဝင်သည်။

+++ Boeing 767-200 အမျိုးအစား လေယာဉ်ကြီး +++

ဘရူနိုင်းဘုရင်ပိုင်ဆိုင်သည့် ဒုတိယမြောက်လေယာဉ် တစ်စင်းဖြစ်ပြီး တန်ကြေးမှာ ကန်ဒေါ်လာ သန်း ၁၆၀ ခန့်ရှိ သည်။

အလယ်အလတ်စားလေယာဉ်ဖြစ်ပြီး Boeing Commercial Airplanes မှ ထုတ်လုပ်ခဲ့ခြင်းဖြစ်ကာ ဂျက် အင်ဂျင် ၂ လုံးပါဝင်သည်။

ဘရူနိုင်းဘုရင်အတွက် အခန်းများစွာပါဝင်ကာ သီး သန့်ရုံးခန်းတစ်ခုလည်း ပါဝင်သည့်အပြင် အိပ်ခန်း ၁ ခန်းနှင့် ရေချိုးခန်း ၁ ခန်းလည်း ပါဝင်သည်။

ရေမိုင် ၆၅၉၀ အထိ သွားလာနိုင်ပြီး ခရီးသည်ပေါင်း ၂၉၀ ခန့် လိုက်ပါနိုင်သည်။

+++ ကယ်လီဖိုးနီးယားရှိ စံအိမ် +++

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည် နယ်တွင်လည်း ဘရူနိုင်းဘုရင်ပိုင်ဆိုင်ထားသော စံအိမ် တစ်လုံးရှိပြီး ကန်ဒေါ်လာ ၃၈ သန်းခန့် တန်ကြေးရှိသည်ဟု ခန့်မှန်းရသည်။

စပိန်ကိုလိုနီ ဗိသုကာဟန်ဖြင့် ၁၉၂၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး အမေရိကန်ပြည်သို့ အလည်အပတ်သွား လျှင် နေထိုင်သည့် ယာယီစံအိမ်အဖြစ် အသုံးပြုသည်။

လော့စ်အိန်ဂျလိမြို့၊ Sunset Boulevard အရပ် တွင် တည်ရှိပြီး ခြံဝန်းမှာ ၂ ဧကနီးပါးကျယ်ဝန်းကာ ပင်မ နေအိမ်၏ အကျယ်အ၀န်းမှာ စတုရန်းပေ ၁၄၀၀၀ ခန့် ရှိသည်။

စံအိမ်အတွင်း အိပ်ခန်း ၈ ခန်း၊ ရေချိုးခန်း ၁၁ ခန်း၊ ညစာ စားခန်း၊ အ၀တ်လဲခန်း၊ ခေတ်ပေါ်မီးဖိုဆောင်၊ စာကြည့် တိုက်နှင့် ကဇာတ်ရုံတို့ ပါဝင်သည်။

ခြံဝန်းအတွင်း စနစ်တကျအလှပြုပြင်ထားသည့် ပန်းဥယျာဉ်များစွာ ပါဝင်ပြီး လော့စ်အိန်ဂျလိမြို့ ကြီး၏ အလှ ကို ကောင်းစွာတွေ့မြင်ရသည့် မြင်ကွင်းရှိသည်။

စံအိမ်နောက်ဘက်တွင် အလွန်ကြီးမားလှသည့် ရေကူးကန်ကြီး တည်ရှိပြီး ကားအစင်း ၃၀ ခန့် ထားသိုနိုင် သည့် ကားဂိုဒေါင်တစ်ခုလည်း ပါဝင်သည်။

အဆိုပါ စံအိမ်အနီးတွင် ကမ်္ဘာကျော်များစွာ အခြေချနေထိုင်ကြရာ မက်ဒေါနား၊ ပန်မလာ အန်ဒါဆန်နှင့် ဂျဲနက် ဂျက်ဆင်တို့ အပါအ၀င် ဖြစ်သည်။

+++ Ferrari Mythos အမျိုးအစား မော်တော်ကား +++

ဘရူနိုင်းဘုရင်သည် ရှားပါးကာ တန်ဖိုးကြီးသည့် မော်တော်ကားဖြစ်သော Ferrari Mythos အမျိုးအစား မော် တော်ကားလည်း ပိုင်ဆိုင်ထားသည်။

အဆိုပါ မော်တော်ကားအမျိုးအစားများကို ၁၉၈၉ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး ဂျပန်နိုင်ငံ၊ တိုကျိုမြို့ တွင် စတင်ပြသခဲ့ခြင်း ဖြစ်သည်။

+++ Boeing 747-400 အမျိုးအစား လေယာဉ် +++

ဘရူနိုင်းဘုရင် ပိုင်ဆိုင်ထားသည့် တတိယမြောက် လေယာဉ်မှာ Boeing 747-400 အမျိုးအစား လေယာဉ်ဖြစ်ပြီး ကန်ဒေါ်လာ သန်း ၄၀၀ ခန့် တန်ကြေးရှိသည်။

ဘရူနိုင်းဘုရင်၏ လေယာဉ် ၃ စင်းအနက် အကောင်း ဆုံးဖြစ်ပြီး ဘီးတပ်ထားသည့် နန်းတော်ကြီးဟု တင်စားလေ့ ရှိကြသည်။

အိပ်ခန်း၊ ဧည့်ခန်း၊ ရွှေလက်ဆေးဘေစင် ထည့် သွင်းထားသည့် ရေချိုးခန်း၊ ရုံးခန်း၊ ရီမုကွန်ထရိုးဖြင့် ထိန်း ချုပ်နိုင်သည့် စားပွဲ အပါအ၀င် လေယာဉ်တစ်ခုလုံး၏ အတွင်း ပိုင်း မွမ်းမံမှု စရိတ်မှာပင် ကန်ဒေါ်လာ သန်း ၁၂၀ ခန့် ကုန်ကျသည်ဟု ဆိုသည်။

ရေမိုင်ပေါင်း ၇၆၇၀ မိုင်အထိ မရပ်မနား တိုက်ရိုက် မောင်းနှင်နိုင်ပြီး ခရီးသည်ပေါင်း ၆၆၀ လိုက်ပါနိုင်သည်။

စိတ်ဝင်စားဖွယ်အချက်မှာ ဘရူနိုင်းဘုရင်သည် ထူးချွန်သည့် လေယာဉ်မှူးတစ်ဦးလည်းဖြစ်ပြီး ၂၀၀၈ နှင့် ၂၀၁၂ ခုနှစ်တို့တွင် နိုင်ငံတော်အခမ်းအနားများ၌ အဆို ပါလေယာဉ်ကို မောင်းနှင်ပျံသန်းခဲ့ဖူးသည်ဟူသည့်အချက် ပင်။

+++ မော်တော်ကားများစွာ ၀ယ်ယူစုဆောင်းထားခြင်း +++

ဘရူနိုင်းဘုရင်၏ အဓိက၀ါသနာမှာ မော်တော်ကား များ ၀ယ်ယူစုဆောင်းခြင်းဖြစ်ပြီး သူ့တွင် ၀ယ်ယူစုဆောင်းထား ပြီးဖြစ်သည့် မော်တော်ကားများစွာရှိနေသည်။

ဘရူနိုင်းဘုရင် ၀ယ်ယူစုဆောင်းထားသော မော်တော် ကား အစင်းရေမှာ ၇၀၀၀ ကျော်ရှိပြီး ကမ္ဘာ့အကောင်းဆုံးဟု ဆိုအပ်သည့် မော်တော်ကား အားလုံးပါဝင်သည်။

ယင်းမော်တော်ကားအားလုံး၏ စုစုပေါင်း တန်ဖိုးမှာ ကန်ဒေါ်လာ ၅ ဘီလီယံခန့် တန်ကြေးရှိသည်။

အချို့ကားများဆိုလျှင် ကမ္ဘောပေါ်တွင် တစ်စင်းတည်း သာရှိသည့်မော်တော်ကားမျိုးဖြစ်သည်။

ဘရူနိုင်းဘုရင် ပိုင်ဆိုင်ထားသည့် မော်တော်ကား စင်းရေ ၇၀၀၀ ကျော်အနက် ထင်ရှားသည့် အမျိုးအစားများမှာ Aston martins ၉၄ စင်း၊ အော်ဒီ ၁၇ စင်း၊ ဘန့်တ်လေ ၄၀၅ စင်း၊ ဘီအမ်ဒဗလျူ ၂၂ စင်း၊ Bugatti ၆ စင်း၊ ဖာရာရီ ၁၉၂ စင်းနှင့် Ducatis ၃ စင်းတို့ ဖြစ်သည်။

ဘုရင့် ကားဂိုဒေါင်မှာလည်း အလွန်ကြီးမားလှပြီး ကားတစ်စင်းထုတ်ယူရန် အချိန် တစ်နာရီခွဲခန့် ကြာမြင့်သည်ဟု ဆိုသည်။ ။


အိအိအေးအောင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
ဘရူနိုင်းဘုရင် ပိုင်ဆိုင်သည့် စံအိမ်တော်ကြီးများနှင့် အခြားပိုင်ဆိုင်မှုများ - Property News in Myanmar from iMyanmarHouse.com
ဘရူနိုင်းဘုရင် ပိုင်ဆိုင်သည့် စံအိမ်တော်ကြီးများနှင့် အခြားပိုင်ဆိုင်မှုများ - Property News in Myanmar from iMyanmarHouse.com
ဘရူနိုင်းဘုရင် ပိုင်ဆိုင်သည့် စံအိမ်တော်ကြီးများနှင့် အခြားပိုင်ဆိုင်မှုများ - Property News in Myanmar from iMyanmarHouse.com
ဘရူနိုင်းဘုရင် ပိုင်ဆိုင်သည့် စံအိမ်တော်ကြီးများနှင့် အခြားပိုင်ဆိုင်မှုများ - Property News in Myanmar from iMyanmarHouse.com
ဘရူနိုင်းဘုရင် ပိုင်ဆိုင်သည့် စံအိမ်တော်ကြီးများနှင့် အခြားပိုင်ဆိုင်မှုများ - Property News in Myanmar from iMyanmarHouse.com
ဘရူနိုင်းဘုရင် ပိုင်ဆိုင်သည့် စံအိမ်တော်ကြီးများနှင့် အခြားပိုင်ဆိုင်မှုများ - Property News in Myanmar from iMyanmarHouse.com
ဘရူနိုင်းဘုရင် ပိုင်ဆိုင်သည့် စံအိမ်တော်ကြီးများနှင့် အခြားပိုင်ဆိုင်မှုများ - Property News in Myanmar from iMyanmarHouse.com
ဘရူနိုင်းဘုရင် ပိုင်ဆိုင်သည့် စံအိမ်တော်ကြီးများနှင့် အခြားပိုင်ဆိုင်မှုများ - Property News in Myanmar from iMyanmarHouse.com
ဘရူနိုင်းဘုရင် ပိုင်ဆိုင်သည့် စံအိမ်တော်ကြီးများနှင့် အခြားပိုင်ဆိုင်မှုများ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
Shwe Moe Kaung
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service