စင်္ကာပူအစိုးရက ကန်ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိ လူနေအိမ်ရာစီမံကိန်း မြေကွက် ၃ ခု တစ်နေ့တည်း လေလံတင်ရောင်းချ

စင်္ကာပူအစိုးရက ကန်ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိ လူနေအိမ်ရာစီမံကိန်း မြေကွက် ၃ ခု တစ်နေ့တည်း လေလံတင်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
5 Jun 2018 11:18 am တွင် တင်ခဲ့သည်
3032 ကြိမ် ကြည့်ရှု့ပြီး
စင်္ကာပူအစိုးရသည် စင်္ကာပူဒေါ်လာ ၁ ဒသမ ၃၆ ဘီလီယံ (ကန်ဒေါ်လာ ၁ ဘီလီယံ) တန်ကြေးရှိ လူနေအိမ်ရာစီမံကိန်း မြေကွက် ၃ ခုကို တစ်နေ့တည်း လေလံတင်ခဲ့ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ရောင်းချမည့် မြေကွက် ၃ ခုမှာ Dairy Farm လမ်း၊ Sims Drive နှင့် Tampines Avenue 10 တို့တွင် တည်ရှိသော မြေကွက်များဖြစ်သည်။

စင်္ကာပူအစိုးရ၏ ၂၀၁၈ ခုနှစ်၊ ပထမနှစ်ဝက် အစိုးရမြေယာရောင်းချမှုအစီအစဉ် (GLS) programme အရ မြို့ပြပြန်လည်ဖွံ့ဖြိုးရေး အာဏာပိုင်အဖွဲ့ (URA) နှင့် အိမ်ရာဘုတ်အဖွဲ့ (HDB) တို့မှ ရောင်းချခဲ့ခြင်း ဖြစ်သည်။

Dairy Farm လမ်းရှိ မြေကွက်မှာ ပထမထပ်ကို ကူးသန်းရောင်းဝယ်ရေုးနှင့် အခြားအထပ်များကို လူနေအတွက် ရည်ရွယ်ထားသည့် အဆောက်အအုံကြီးတစ်လုံး ဆောက်လုပ်စေရန် ရည်ရွယ်ထားသည့် နေရာဖြစ်သည်။

အဆိုပါမြေကွက်အတွက် စင်္ကာပူဒေါ်လာ သန်း ၃၉၀ မှ ၄၂၀ အကြားရရှိရန် ခန့်မှန်းထားပြီး စိတ်ဝင်စားသူ များပြားလိမ့်မည်ဟု Colliers ကုမ္ပဏီက ခန့်မှန်းထားသည်။

မြေကွက်အကျယ်အဝန်းမှာ ၁၉၆၄၈ စတုရန်းမီတာ ( ၂၁၁ ၄၈၉ စတုရန်းပေ )ရှိပြီး Bukit Timah Nature Reserve ၏ မြောက်ဘက်တွင် တည်ရှိကာ ဆောက်လုပ်ရေးအတွက် ကြမ်းခင်းဧရိယာ ၄၁၂၆၀ စတုရန်းမီတာခန့်ရရှိနိုင်ဖွယ်ရှိသည်။

ကူးသန်းရောင်းဝယ်ရေးနေရာအတွက် စတုရန်းမီတာ ၄၀၀၀ ခန့်ရရှိနိုင်ပြီး စတုရန်းမီတာ ၁၀၀၀ အောက်မနည်းသော ဈေးဝယ်စင်တာတစ်ခု ပါဝင်မည် ဖြစ်သည်။

ထို့အပြင် fast-food ဆိုင်တန်းနေရာအတွက် စတုရန်းမီတာ ၅၀၀၊ ဈေးဆိုင်များနှင့် စားသောက်ဆိုင်များအတွက် စတုရန်းမီတာ ၂၅၀၀ ခန့် လျာထားထားသည်ဟု ဆိုသည်။

မြေယာပိုင်ဆိုင်မှု ပုံစံမှာ ၉၉ နှစ်ဂရန်မြေ ဖြစ်သည်။

Sims Drive တွင် တည်ရှိသော မြေကွက်မှာ စတုရန်းမီတာ ၁၆၂၂၅ ကျယ်ဝန်းပြီး စင်္ကာပူဒေါ်လာ ၅၇၅ သန်း ရရှိမည်ဟု ခန့်မှန်းထားသည်။

Aljunied MRT station နှင့် ၁၀ မိနစ်ခရီးသာ ဝေးကွာပြီး ကြမ်းခင်းဧရိယာ ၄၈၆၇၆ နှင့်အထက် ဆောက်လုပ်ရန် ခွင့်ပြုချက် ရရှိပြီးဖြစ်သည့် နေရာဖြစ်သည်။

ကျန်မြေကွက်မှာ Tampines Avenue တွင် တည်ရှိသော Executive Condominium (EC) နေရာဖြစ်ကာ မြေအကျယ်အဝန်း ၂ ဒသမ ၅၆ ဟက်တာရှိပြီး ချန်ဂီလေဆိပ်အနီးတွင် တည်ရှိသည်။

ထိုနေရာမှာ ပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင် ပေါင်းစပ်ကာ ကြမ်းခင်းဧရိယာ စတုရန်းမီတာ ၆၉၈၂၈ ခန့် ဆောက်လုပ်ရန် လျာထားထားသည့် နေရာဖြစ်ပြီး စင်္ကာပူဒေါ်လာ သန်း ၃၆၀ ခန့် တန်ကြေးရှိသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
စင်္ကာပူအစိုးရက ကန်ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိ လူနေအိမ်ရာစီမံကိန်း မြေကွက် ၃ ခု တစ်နေ့တည်း လေလံတင်ရောင်းချ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
imyanmarmarket
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service