ဟိုပုံး-တောင်ကြီး ကားလမ်းဘေးရှိ နှစ်မိုင်ထင်းရှူး တောအတွင်း မောရှမ်းဖွံ့ဖြိုးတိုး တက်ရေး အများနှင့် သက်ဆိုင် သည့် ကုမ္ပဏီက ပန်းချယ်ရီအိမ်ရာစီမံကိန်းတည်ဆောက်ရန် ထင်းရှူးတောကို ခြံစည်းရိုးကာရံ နေခြင်းအား တောင်ကြီးဒေသခံ များက မလိုလားကြောင်း ဒေသခံ တရားလွှတ်တော်ရှေ့နေဦးသိန်း ရွှေက ပြောသည်။
အဆိုပါ ကုမ္ပဏီက အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် နှစ်မိုင်ထင်းရှူးတော သစ်တောမြေဧက ၇၀ ကျော်ကို ယခင်ရှမ်းပြည်နယ် ၀န် ကြီးချုပ်ဦးစ၀်အောင်မြတ်လက် ထက်က အိမ်ရာစီမံကိန်းတည် ဆောက်ရန် လုပ်ငန်းသဘောတူ စာချုပ်ချုပ်ဆိုခဲ့ကြောင်း ဦးသိန်း ရွှေက ပြောသည်။
‘‘ပွင့်လင်းမြင်သာမှု မရှိဘဲ အထက်ကနေ ကိုယ့်သဘောနဲ့ ကိုယ် အခုလိုစာချုပ်တွေ ချုပ်လုပ်ဆောက်ခွင့်ပေးတာဟာ တရားမျှတမှု မရှိဘူး။ ဒေသခံတွေ
သဘောမတူတဲ့ အရင်အစိုးရလက်ထက် က ချုပ်ဆိုထားတဲ့ စာချုပ်တွေကို ပယ်ဖျက်သင့်ပါတယ်’’ ဟု ဦးသိန်းရွှေကပြောသည်။
ယင်းထင်းရှူးတောအတွင်း သက်တမ်းနှစ် ၃၀ ခန့်ရှိ ထင်းရှူးပင်တစ်သောင်းကျော်နှင့် အခြားအပင်မျိုးစိတ်များ ပါဝင်နေကြောင်း ရှင်သန်ရာကမ္ဘာမြေအစိမ်းရောင် ကွန်ရက်အဖွဲ့မှ ဒေါ်ချယ်ရီကျော် က ပြောသည်။
‘‘ အိမ်ရာစီမံကိန်းဆိုတာ ပြည်နယ်အတွက်၊ ပြည်နယ်သူ၊ ပြည်နယ်သားတွေအတွက် ဘာ အကျိုးခံစားခွင့်ရှိမလဲဆိုတာ ပွင့် ပွင့်လင်းလင်းချပြရမယ်။ ဒေသခံ တွေအတွက် အကျိုးရှိမယ့် ရင်းနှီးမြှုပ်နှံမှုမျိုး ဖြစ်ဖို့လိုတယ်’’ ဟု တောင်ကြီးအခြေစိုက် ရှမ်းပြည် နိုင်ငံရေးအဖွဲ့မှ ဦးတင်မောင်တိုး က ပြောသည်။
ယင်းအိမ်ရာရှိ နှစ်ရှည်ထင်း ရှူးပင်တစ်သောင်းကျော်သည် တောင်ကြီးမြို့အတွက် ရေဝေ၊ ရေလဲကောင်းမွန်ရေးနှင့် ကာဗွန်ဒိုင်အောက်ဆိုက် လျှော့ချရေး ရည်ရွယ်၍လွန်ခဲ့သည့် နှစ် ၃၀ ကျော်ကတည်းက စိုက်ပျိုးခဲ့ကြောင်း တောင်ကြီးဒေသခံအချို့က ပြော သည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ နှင့် အဆိုပါ ကုမ္ပဏီတို့သည် ပန်းချယ်ရီအိမ်ရာစီမံကိန်းတည် ဆောက်ရန် ရှမ်းပြည်နယ်အစိုး ရအဖွဲ့က ၂၃ ရာခိုင်နှုန်း၊ ကုမ္ပဏီက ၇၇ ရာခိုင်နှုန်း ရမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်က ပြောသည်။
‘‘ပြီးခဲ့တဲ့ အစိုးရလက်ထက် ၂၀၁၄ ကတည်းက ဒီမြေမှာ အိမ် ရာစီမံကိန်းလုပ်မယ်ဆိုပြီးတော့ အစိုးရနဲ့ ကန်ထရိုက်စာချုပ်ချုပ် ပြီး ဆောင်ရွက်ထားတာ ဖြစ်ပါ တယ်။ ဒီအစိုးရအဖွဲ့လက်ထက် မှာ လုပ်တာမဟုတ်ပါဘူး’’ဟု ဦးစိုးစိုးဇော်က 7Day သတင်းစာ၏မေးမြန်းမှုအား ပြောသည်။
ထင်းရှူးပင်တစ်သောင်း ကျော်ကို ကုမ္ပဏီမှ ခြံစည်းရိုးကာ ရံထားမှုနှင့် ပတ်သက်၍ ဒေသခံ များအား ပွင့်လင်းမြင်သာစွာအသိ ပေးရန်လိုလားနေကြောင်း တောင်ကြီးဒေသခံအများစုက ပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက် ပြီး မောရှမ်းဖွံ့ဖြိုးတိုးတက်ရေးအ များနှင့် သက်ဆိုင်သည့် ကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
Credit: 7Daydaily